xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley မြန်မာ အမျိုးသမီး တစ်ဦးအား စော်ကားမှုဖြင့် အဖမ်းခံရ

Monday, February 14, 2011

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley မြန်မာ အမျိုးသမီး တစ်ဦးအား စော်ကားမှုဖြင့် အဖမ်းခံရ

မြန်မာအမျိုးသမီး မခိုင်ဇာအား စော်ကားနှိပ်စက်မှုဖြင့် အဖမ်းခံရနေသူ မစ္စတာ ဒန်ကလီ

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပ သတင်း ဌာနတွေ ကနေ အမျိုးမျိုး ထင်မြင်ချက် ပေးပြီး မြန်မာနိုင်ငံ အပေါ် အပုပ်ချတဲ့ လန်ကြုတ်(လုပ်ကြံ) သတင်းတွေနဲ့ ထိုးနှက်လာတာ အဆက်မပြတ် ကြားသိနေရပါတယ်။ ဒါ့အပြင် အင်တာနက် စာမျက်နှာပေါ်တွေမှာလည်း သူတို့လိုရာ စွပ်စွဲမှုမျိုးစုံနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု၊ သတင်း လွတ်လပ်မှုတွေကို ထိပါးစော်ကား လာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ၁၂-၂-၂၀၁၁ ရက်နေ့မှာ BBC အသံလွှင့် ဌာနကနေ MR. Ross Striling Dunkley အဖမ်းခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ယင်းတို့ ထင်မြင်ချက်တွေ ပေးပြီး မြန်မာနိုင်ငံ အပေါ် ဖိနှိပ်တဲ့ သတင်းတွေကို ရေရေရာရာ သေသေချာချာ သိခြင်းမရှိပဲ တရားလက်လွတ် ထုတ်လွှင့် သွားတာ ကြားလိုက် ရပါတယ်။
VOA ကလည်း ၁၃-၂-၂၀၁၁ ရက်နေ့မှာ မြန်မာတိုင်းမ် အယ်ဒီတာ MR. Ross Striling Dunkley ကို ဖမ်းဆီးလိုက် တာဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် ဖြစ်တယ်လို့ အတိအကျ ထုတ်လွှင့် သွားပါတယ်။
BBC နဲ့ VOA ရဲ့ ထုတ်လွှင့်ချက်တွေ ဘယ်လောက် မှန်ကန်ပါသလဲ။ ဘယ်လောက် တိကျပါသလဲ။ မြန်မာနိုင်ငံနဲ့ မြန်မာ လူမျိုးတွေ အပေါ် ဘယ်လောက် အကျိုး ဖြစ်စေပါသလဲ။ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက သက်သေပြ နေပါပြီ။ အကြောင်းအရာ တစ်ခုကို ဂဃနဏ သေသေချာချာ မသိဘဲ မြန်မာအစိုးရကို အပြစ်တင်ရရင် ပြီးရော မြန်မာ ပြည်သူလူထုနဲ့ နိုင်ငံတကာက မြန်မာအစိုးရ အပေါ် အထင်သေး အမြင်သေးရင် ပြီးရော မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်ရင် ပြီးရော ဆိုတဲ့ အကြံအစည်နဲ့ လုပ်ကြံ ဖန်တီး သတင်းတွေ ထုတ်လွှင့်နေတယ် ဆိုတာ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက အထင်အရှား ဖြစ်လို့ နေပါတယ်။
တကယ်တော့ MR. Ross Striling Dunkley အဖမ်း ခံရတာဟာ စီးပွားရေး ကိစ္စလည်း မဟုတ် သူတို့ပြောတဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စလည်း မဟုတ်ပါဘူး။ အဲဒီ တဏှာရူး နှာဘူးကောင်က မခိုင်ဇာဆိုတဲ့ မြန်မာ မိန်းကလေးကို ပျော်ပါးဘို့ ခေါ်ယူပြီး မူးယစ်ဆေးတွေ သုံးစွဲစေခြင်းနဲ့ အဲဒီ မိန်းကလေးကို နောက်တစ်ကြိမ် ရှာဖွေပြီး ကာမ ရယူကာ ထိုးကြိတ် ရိုက်နှက်၊ ဆံပင်ကို ဆွဲကာ အုတ်နံရံ ကုတင်များနဲ့ ဆောင့်တိုက် လည်ပင်းကို ညစ်တာတွေကြောင့် မခိုင်ဇာဟာ အခုဆိုရင် ဂျပန်ဆေးရုံကြီးမှာ အတွင်း လူနာအဖြစ်နဲ့ ဆေးဝါးကုသ ခံနေရတာ ဖြစ်ပါ တယ်။
ဒီလို ညှဉ်းပမ်း နှိပ်စက်ခံရတဲ့ မခိုင်ဇာဟာ ရဲစခန်းကို သွားရောက် တိုင်တန်းလို့ အခုလို MR. Ross Striling Dunkley အဖမ်းခံရတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ဒီလို လူသားမဆန်စွာ နိုင်ထက်စီးနင်း အပြုအမူ မျိုးတွေကို လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။ တရား ဥပဒေအရ ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်။


ဒါကြောင့် လူသား အချင်းချင်း အနိုင်အထက် လုပ်တဲ့ MR. Ross Striling Dunkley ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းတာကို BBC တို့ VOA တို့နဲ့ အင်တာနက်စာမျက်နှာ တွေပေါ်က ဟိုအကြောင်းပြ ဒီအကြောင်းပြ နာပေးနေကြတာ၊ လှီးလွဲ ပြောဆို ၀ါဒဖြန့် ပေးနေကြတာ သူတို့ရဲ့ ယောက်ဖ ဖြစ်နေလို့လား။ ဒါမှမဟုတ် မြန်မာပြည်မှာ ထင်တိုင်းကျဲ လုပ်ချင်ရာ လုပ်တဲ့သူကို အပြစ်မယူဘဲ ဖူးဖူးမှုတ်ထား စေချင်လို့လား။ အဲဒါဆိုရင် BBC ၊ VOA ထုတ်လွှင့်ရာ နိုင်ငံတွေမှာ အဲဒီလို တိုင်းတစ်ပါးသားက သူတို့ လူမျိုးကို အခုလို လူမဆန်စွာ ပြုမူ ဆက်ဆံကြည့်ပါလား။ ပုဒ်မ ပေါင်းစုံတပ်ပြီး အရေးယူ ပြလိမ့်မယ်။
ဒီတော့ အဖြေက အရှင်းကြီးပါ။ MR. Ross Striling Dunkley အဖမ်းခံရတဲ့ ကိစ္စ အရင်းအမြစ်က သူ့အကုသိုလ် သူ အကျိုးပေးတာပါ။ ဒါကို လက်ရှိ နိုင်ငံရေး အခြေအနေပေါ် လိုရာ စွဲပြီး မြန်မာနိုင်ငံအပေါ် အမြတ်ထုတ်လိုတဲ့ အဲဒီ သတင်းဌာနတွေကို အရှက်မရှိ သတင်း ဌာနတွေလို့ မြန်မာပြည်သူတွေ ကိုယ်စား ပြောလိုက်ချင်ပါတယ်။ အရှက်မဲ့ သတင်း ဌာနတွေနဲ့ ငပိပုပ်နဲ့ လောက်လို ဒွန်တွဲနေတဲ့ မြန်မာပြည်ဖျက် ကိုယ်ကျိုးရှာ လူတစ်စုကိုလည်း ပြောလိုက်ချင်တာ ကတော့ တိကျ မှန်ကန်တဲ့ သတင်းတွေကိုသာ မြန်မာ နိုင်ငံသား တွေက လက်ခံယုံကြည် တတ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
မျိုးချစ်မောင်
Credit : ကျေးစေတမန်