xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆေးရုံစီမံကိန်း ၅ ခု နေပြည်တော်တွင် တစ်ပြိုင်တည်းစတင်

Sunday, February 20, 2011

ဆေးရုံစီမံကိန်း ၅ ခု နေပြည်တော်တွင် တစ်ပြိုင်တည်းစတင်

နေပြည်တော်မြို့၏ ညရှုခင်း
ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင် ဆေးရုံကြီးများ အပါအ၀င် ဆေးရုံကြီး ၅ ခု တည်ဆောက်ရေး စီမံကိန်း များကို ယခုလ ၄ ရက်က တစ်ပြိုင်နက်တည်း စတင်ဆေင်ရွက်ခဲ့ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ  အသိုင်းအဝိုင်းမှ သိရှိရသည်။
အဆိုပါ စီမံကိန်းများ၏ ပန္နက်တင်အခမ်းအနားကို ယခု လ ၄ ရက် နံနက်ပိုင်းက ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေး ကုမ္ပဏီများမှ ယူနီဗာဆယ်၊ မိုးကြယ်စင်၊ တီဇက်တီအမ်၊ တက်လမ်းစသည့် ကုမ္ပဏီများ ဖြစ်ကြောင်း ၊ ယူနီဗာဆယ် ကုမ္ပဏီမှာ လက်ရှိ လည်ပတ်နေသော ဥတ္တရသီရိ အထူးကုဆေးရုံကြီးကို တည်ဆောက်ခဲ့ပြီး လုပ်ကိုင် လျက်ရှိပြီး ယင်းနေ့က အခမ်းအနား တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်၊
“နောက်ထပ်ထပ်တည်ဆောက်မဲ့ ဆေးရုံကြီး ငါးခုက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ၊ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆေးရုံ၊ ကလေးဆေးရုံ၊ အရိုးအ ကြောအထူးကုဆေးရုံ၊ သားဖွား မီးယပ်နဲ့ ဗဟို အမျိုးသမီး ဆေးရုံ တွေဖြစ်ပြီး အဲဒီဆေးရုံတွေ အားလုံး ဥတ္တရသီရိ မြို့မှာ တည်ဆောက်မှာပါ။”ဟူ၍လည်း ၎င်းက ပြောကြား ခဲ့သည်။

၎င်းဆေးရုံကြီးများအနက် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကို ယူနီဗာဆယ် ကုမ္ပဏီက တည်ဆောက် လုပ် ကိုင် သွားပြီး ဥတ္တရသီရိ အထူးကု ဆေးရုံပြီးသည့်နောက် နေပြည်တော်တွင် ဒုတိယမြောက်ပုဂ္ဂလိ က အထူးကု ဆေးရုံ အဖြစ် ပေါ်ပေါက် လာရန်ရှိကြောင်းလည်း သိရှိရသည်။ အဆိုပါ ဆေးရုံများအ ပြင် နေပြည်တော်တွင် ပုဂ္ဂလိက ပိုင်အထူးကုဆေးခန်းများသည် ဖွင့်လှစ်လာခဲ့ရာတွင် လောလောဆယ်တွင် ဘို အထူးကု ဆေးခန်း၊ သီရိ သုခအထူးကုဆေးခန်း၊ အကယ်ဒမီသွားနှင့် ခံတွင်း အထူးကုဆေးခန်းစသည်ဖြင့် ဖွင့်လှစ်ထားမည် ဖြစ် ကြောင်း သိရသည်။