xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပါတီငယ်များ ပါဝင်

Tuesday, February 15, 2011

ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပါတီငယ်များ ပါဝင်

ဒီကနေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ ပြည်နယ်/ တိုင်းဒေသကြီး ၀န်ကြီးချုပ်များက အစိုးရအဖွဲ့မှာ ပါဝင်မယ့် ၀န်ကြီး အမည်စာရင်းကို တင်ပြ ခဲ့ပါတယ်။ အဲဒီလို ဖွဲ့စည်းတဲ့ နေရာမှာ သက်ဆိုင်ရာ လွှတ်တော်မှာ အရွေးခံရတဲ့ အခြားပါတီများမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ အနည်းအများ ကတော့ အဲဒီ ပါတီငယ်များ လွှတ်တော်ထဲ ရောက်တဲ့ အင်အား အပေါ် မူတည်တဲ့ သဘော တွေ့ရ ပါတယ်။ ရရှိထားတဲ့ စာရင်းများ ကတော့
ကရင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၃ ဦး
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေး ပါတီ
၁ ဦး
ဖလုံ - စဝေါ် ပါတီ
၂ ဦး
မွန်ဒေသလုံးဆိုင်ရာ ပါတီ
၁ ဦး
ကရင်ပြည်သူ့ ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ရှမ်းပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၆ ဦး
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ
၂ ဦး
တပ်မတော်
၁ ဦး
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ရခိုင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
၃ ဦး
တပ်မတော်
၁ ဦး
မွန်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
တစညပါတီ
၁ ဦး
မွန်ဒေသလုံးဆိုင်ရာ ပါတီ
၂ ဦး
တပ်မတော်
၁ ဦး
မကွေးတိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ချင်းပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၎ ဦး
ချင်းအမျိုးသား ပါတီ
၁ ဦး
ချင်းတိုးတက်ရေး ပါတီ
၁ ဦး
ပြင်ပအရပ်သားပုဂ္ဂိုလ်
၂ ဦး
တပ်မတော်
၁ ဦး
ကချင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ
၁ ဦး
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ
၁ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ကယားပြည်နယ် ကတော့ တိုင်းရင်းသား ပါတီများ အရွေး မခံရတဲ့ အတွက် ပြည်ခိုင်ဖြိုး ပါတီနဲ့ပဲ ၀န်ကြီးအဖွဲ့ကို ဖွဲ့ထား ပါတယ်။
ဝန်ကြီး အမည်တွေလည်း ရပေမယ့် စာမျက်နှာကို ငှဲ့ပြီး မဖော်ပြ တော့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် ပါတီများက ၀န်ကြီးများဟာ ပြည်နယ်တွေမှာ ဆိုရင် တိုင်းရင်းသား လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်နယ် အစိုးရတွေမှာ ညွန့်ပေါင်း အစိုးရပုံစံ တိုင်းရင်းသား ပါတီငယ် တွေကိုပါ အစိုးရအဖွဲ့ အစည်းထဲမှာ ထည့်သွင်း ဖွဲ့စည်းတဲ့ အချက်ရယ်၊ ၀န်ကြီးများဟာ တိုင်းရင်းသားများ ဖြစ်တယ်ဆိုတဲ့ အချက်ရယ်ဟာ ပြည်နယ်များမှာ တိုင်းရင်းသား ရေးရာများ၊ မိမိဒေသ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်မှုများအတွက် အားတက် စရာ အချက်ပဲလို့ ဆိုချင်ပါတယ်။
Credit : ပိတောက်မြေ