xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဦးကွီးထန် အား ချင်းပြည်နယ်အစိုးရ ၀န်ကြီးအမည်စာရင်းမှ ပယ်ဖျက်

Tuesday, February 15, 2011

ဦးကွီးထန် အား ချင်းပြည်နယ်အစိုးရ ၀န်ကြီးအမည်စာရင်းမှ ပယ်ဖျက်

ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်ငိုင်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သူ့ရဲ့ ၀န်ကြီး အမည်စာရင်းကို တင်သွင်းခဲ့ ပါတယ်။ အဲဒီ အမည်စာရင်း ထဲက ကန်ပက်လက် မဲဆန္ဒနယ် အမှတ် ၁ က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးကွီးထန်ဟာ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတဲ့ အသက် ၃၅ နှစ်မပြည့်တဲ့ အကြောင်း ချင်းအမျိုးသား ပါတီက ဦးဇိုဇမ်း ခေါင်းဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ကန့်ကွက်လွှာ တင်သွင်းခဲ့ ပါတယ်။ အဲဒီ ကန့်ကွက်လွှာကို ဒီကနေ့ ပြည်နယ်လွှတ်တော် ဥက္ကဌက လက်ခံပြီး စိစစ်တဲ့ အခါ ဦးကွီးထန်းဟာ အသက် ၃၅ နှစ်ပြည့်ဖို့ ၁၉ ရက် လိုနေတာကို တွေ့ရတဲ့ အတွက် ကန့်ကွက် ချက်ကိုလက်ခံပြီး ဦးကွီးထန်းရဲ့ အမည်စာရင်းကို လွှတ်တော်ကနေ ၀န်ကြီးစာရင်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိပါတယ်။
ချင်းပြည်နယ် လွှတ်တော်မှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး နှစ်ခုပေါင်းက အများစု ရရှိထားပေမယ့် အခု ကန့်ကွက်ချက်ကို အခြေခံ ဥပဒေပါ သတ်မှတ်ချက်များ၊ လွှတ်တော် စည်းကမ်းများနဲ့ အညီ စိစစ်ဆုံးဖြတ် ခဲ့တာကတော့ လွှတ်တော်တွင်း နိုင်ငံရေး လုပ်ဆောင်မှုများ အတွက် အားတက်စရာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိကြောင်းနှင့်  ဦးကွီးထန် နေရာမှာ ဘယ်သူကို အစားထိုး ခန့်အပ်မယ်ဆိုတာ ကိုတော့ မသိရသေး ကြောင်း သိရှိရပါတယ်။ ယခင်ခန့်အပ်ထားသော ၀န်ကြီးစာရင်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။
ချင်းပြည်နယ် ၀န်ကြီးများ

ပြည်ခိုင်ဖြိုး ပါတီ
 ၄ဦး
ချင်းအမျိုးသား ပါတီ
၁ ဦး
ချင်းတိုးတက်ရေး ပါတီ
၁ ဦး
ပြင်ပအရပ်သားပုဂ္ဂိုလ်
၂ ဦး
တပ်မတော်
၁ ဦး