xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရသစ်ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည်

Wednesday, February 23, 2011

အစိုးရသစ်ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည်

မြန်မာနိုင်ငံတွင် မကြာမီ ကျင့်သုံးတော့မည့် ပါတီစုံ ဒီမိုကရေစီစနစ်သစ် အတွက် အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပါသည်။
အစိုးရသစ်ကို ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့် ပြည်ထောင်စုလွှတ်တော် တို့ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင် ကျင်းပခဲ့ပါသည်။
လက်ရှိအချိန်တွင် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အရေအတွက်၊  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ အဖွဲ့ဝင်အရေအတွက်နှင့် အမည်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ စသည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်ကြေညာပြီး ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
တရားလွှတ်တော် တရား သူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များကိုလည်း ရွေးချယ်ပြီး ဖြစ်ပါသည်။

အစိုးရသစ်အတွက် ရွေးချယ်ပြီး အရေအတွက်မှာ ပြည်ထောင်စု ၀န်ကြီး ၃၀ ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အရေအတွက် ခြောက်ဦး တို့ကို ကြေညာပြီး ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ၁၅၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ် ၁၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၁၄ ဦး၊
တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီး ၃၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ် ၁၄ ဦးကိုလည်း ရွေးချယ်ပြီး ဖြစ်ပါသည်။
အစိုးရအဖွဲ့သစ်အတွက် ကြေညာရန် ကျန်ရှိသူများမှာ ဒုတိယ ၀န်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့၊ ပြောရေးဆိုခွင့်နှင့်
သတင်းထုတ်ပြန်ရေးအဖွဲ့၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့ ဖြစ်သည်။
ပြည်ထောင်စုအစိုးရ အဖွဲ့သစ် အတွက် ဖွဲ့စည်းရန် ကျန်ရှိသည့် အဖွဲ့အစည်းများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုရာထူး ၀န်အဖွဲ့နှင့် နေပြည်တော်ကောင်စီတို့ ဖြစ်ပါသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး တို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါသည်။
ဘဏ္ဍာရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးတို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရေး အတွက် အကြံပေးအဖွဲ့ကို သင့်လျော်သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်ပြီး အကြံပေးအဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတသည် ယင်း၏ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ကို သင့်လျော်သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းသော ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည် ဖြစ်ပါသည်။
လက်ရှိအချိန်ထိ အစိုးရအဖွဲ့သစ်အတွက် လိုအပ်သည့် အာဏာပိုင် အဆင့်များနှင့် အဖွဲ့အစည်းများကို သုံးပုံနှစ်ပုံ ၀န်းကျင် ရွေးချယ် ဖွဲ့စည်းပြီး ဖြစ်ရာ မကြာမီတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
မကြာမီတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည် ဖြစ်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်မှုအားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် အရေးပါလာကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။
နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က)တွင် ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို တစ်ခုနှင့်တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်း မဖြစ်ပေါ်စေရန်ကို အလေးထား ပြဌာန်းထားသည်ကို တွေ့ရှိရပါသည်။
အစိုးရအဖွဲ့သစ်နှင့် လွှတ်တော်တို့တွင် ပါဝင်မည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊
တရားစီရင်ရေးအာဏာတို့ ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန် သတိပြုရမည် ဖြစ်ကြောင်း ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့တွင် တစ်ခုနှင့်တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်းတို့ ပြုလုပ်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်မည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံတစ်ဦးက ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးအာဏာနှင့် အဓိက သက်ဆိုင်သူများမှာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအာဏာနှင့် အဓိက သက်ဆိုင်သူများမှာ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှ အစိုးရ အရာရှိများ ဖြစ်ကြောင်း၊ တရားစီရင်ရေး အာဏာနှင့် အဓိက သက်ဆိုင်သူများမှာ တရားသူကြီးချုပ်၊ ဒုတိယ တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ အပါအ၀င် အခြားသော တရားရေး အရာရှိများ အားလုံး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(ခ)တွင်
ပြဋ္ဌာန်းထားချက်အရ သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေးနှင့် ပတ်သက်၍ အခန်း ၄ ဖြင့် လည်းကောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အခန်း ၅ ဖြင့် လည်းကောင်း၊ တရားစီရင်ရေးနှင့် ပတ်သက်၍ အခန်း ၆ ဖြင့် လည်းကောင်း သီးခြားစီ ပိုင်းခြား ပြဋ္ဌာန်းထားကြောင်း လည်း သိရသည်။
အာဏာသုံးရပ် ပိုင်းခြားသုံးစွဲခြင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက ''အာဏာသုံးရပ်ကို အမှန်တကယ် ပိုင်းခြားသုံးစွဲနိုင်မှ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီမှာ ဖြစ်ပြီး ဖိအားပေး အာဏာသုံး ခြိမ်းခြောက်လို့၊ အုပ်ချုပ်ရေး၊
တရားစီရင်ရေးမှာ ဘယ်လို ဘက်လိုက်ပြီး အမှု အနိုင်ပေးလိုက်ရတာ စသည်ဖြင့် မလျော်သြဇာသုံးပြီး ၀င်ရောက်စွက်ဖက်တာတွေ ရှိလာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာသုံးရပ်အား ပိုင်းခြားသုံးစွဲစေလို၍ ပြဋ္ဌာန်းထားသည့် အခြားသော ပြဋ္ဌာန်းထားချက်များလည်း ရှိကြောင်း သိရသည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ဖြစ်ရမည် ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၁ (ဆ)တွင် ပြဋ္ဌာန်းထားချက်၊ ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၀၀(ခ) တွင် ပြဋ္ဌာန်းထားချက် စသည့် အချက်တို့ကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို မရောထွေးစေလို၍ ပြဋ္ဌာန်းခြင်း ဖြစ်သည်ကို သိရသည်။
မကြာမီ ပေါ်ပေါက်လာတော့မည့် အစိုးရအသစ်အတွက် ခန့်ထားပြီးသော တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်
တရားသူကြီးချုပ် အားလုံး သည် ယခင် တရားရေးဝန်ထမ်းများ အားလုံးပင် ဖြစ်နေရာ လူမပြောင်းသော်လည်း ပြောင်းလဲထားသည့် တရားစီရင်ရေး မူအသစ်နှင့် ကိုက်ညီရန်နှင့် အဂတိတရား ကင်းရှင်းပြီး မှန်ကန်မျှတသော
တရားစီရင်ရေး ဖြစ်လာရန် တရား ရင်ဆိုင်နေရသူ ပြည်သူများ မျှော်လင့်လျက် ရှိသည်ဟု တရားရင်ဆိုင်နေရသော ပြည်သူများက ဆိုသည်။
ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်တို့ အားလုံးသည် လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခန့်အပ်ခြင်း ခံရလျှင် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အုပ်ချုပ်ရေး အခန်း(၅)တွင်  ပြဋ္ဌာန်းထားသည် ဖြစ်ရာ ဥပဒေပြုရေး အာဏာနှင့် အုပ်ချုပ်ရေးအာဏာ တို့ကို မရောထွေး စေလို၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ကို သိရသည်။
မြန်မာနိုင်ငံတွင် မကြာမီ ကျင့်သုံးတော့မည့် ပါတီစုံ ဒီမိုကရေစီစနစ်သစ် အတွက် အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပါသည်။

အစိုးရသစ်ကို ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့် ပြည်ထောင်စုလွှတ်တော် တို့ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင် ကျင်းပခဲ့ပါသည်။
လက်ရှိအချိန်တွင် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အရေအတွက်၊  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ အဖွဲ့ဝင်အရေအတွက်နှင့် အမည်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ စသည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်ကြေညာပြီး ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
တရားလွှတ်တော် တရား သူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များကိုလည်း ရွေးချယ်ပြီး ဖြစ်ပါသည်။
အစိုးရသစ်အတွက် ရွေးချယ်ပြီး အရေအတွက်မှာ ပြည်ထောင်စု ၀န်ကြီး ၃၀ ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အရေအတွက် ခြောက်ဦး တို့ကို ကြေညာပြီး ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ၁၅၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ် ၁၄ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၁၄ ဦး၊
တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီး ၃၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ် ၁၄ ဦးကိုလည်း ရွေးချယ်ပြီး ဖြစ်ပါသည်။
အစိုးရအဖွဲ့သစ်အတွက် ကြေညာရန် ကျန်ရှိသူများမှာ ဒုတိယ ၀န်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့၊ ပြောရေးဆိုခွင့်နှင့်
သတင်းထုတ်ပြန်ရေးအဖွဲ့၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့ ဖြစ်သည်။
ပြည်ထောင်စုအစိုးရ အဖွဲ့သစ် အတွက် ဖွဲ့စည်းရန် ကျန်ရှိသည့် အဖွဲ့အစည်းများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုရာထူး ၀န်အဖွဲ့နှင့် နေပြည်တော်ကောင်စီတို့ ဖြစ်ပါသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး တို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါသည်။
ဘဏ္ဍာရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဘဏ္ဍာရေး ၀န်ကြီးတို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရေး အတွက် အကြံပေးအဖွဲ့ကို သင့်လျော်သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်ပြီး အကြံပေးအဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတသည် ယင်း၏ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ကို သင့်လျော်သည့် ဦးရေဖြင့် ဖွဲ့စည်းနိုင်ပြီး ဖွဲ့စည်းသော ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည် ဖြစ်ပါသည်။
လက်ရှိအချိန်ထိ အစိုးရအဖွဲ့သစ်အတွက် လိုအပ်သည့် အာဏာပိုင် အဆင့်များနှင့် အဖွဲ့အစည်းများကို သုံးပုံနှစ်ပုံ ၀န်းကျင် ရွေးချယ် ဖွဲ့စည်းပြီး ဖြစ်ရာ မကြာမီတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
မကြာမီတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည် ဖြစ်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်မှုအားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရန် အရေးပါလာကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။
နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က)တွင် ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို တစ်ခုနှင့်တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်း မဖြစ်ပေါ်စေရန်ကို အလေးထား ပြဌာန်းထားသည်ကို တွေ့ရှိရပါသည်။
အစိုးရအဖွဲ့သစ်နှင့် လွှတ်တော်တို့တွင် ပါဝင်မည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊
တရားစီရင်ရေးအာဏာတို့ ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန် သတိပြုရမည် ဖြစ်ကြောင်း ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့တွင် တစ်ခုနှင့်တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်းတို့ ပြုလုပ်မည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်မည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံတစ်ဦးက ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေးအာဏာနှင့် အဓိက သက်ဆိုင်သူများမှာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအာဏာနှင့် အဓိက သက်ဆိုင်သူများမှာ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးမှ အစိုးရ အရာရှိများ ဖြစ်ကြောင်း၊ တရားစီရင်ရေး အာဏာနှင့် အဓိက သက်ဆိုင်သူများမှာ တရားသူကြီးချုပ်၊ ဒုတိယ တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ အပါအ၀င် အခြားသော တရားရေး အရာရှိများ အားလုံး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(ခ)တွင်
ပြဋ္ဌာန်းထားချက်အရ သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေးနှင့် ပတ်သက်၍ အခန်း ၄ ဖြင့် လည်းကောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အခန်း ၅ ဖြင့် လည်းကောင်း၊ တရားစီရင်ရေးနှင့် ပတ်သက်၍ အခန်း ၆ ဖြင့် လည်းကောင်း သီးခြားစီ ပိုင်းခြား ပြဋ္ဌာန်းထားကြောင်း လည်း သိရသည်။
အာဏာသုံးရပ် ပိုင်းခြားသုံးစွဲခြင်းနှင့် ပတ်သက်၍ ဥပဒေပညာရှင် တစ်ဦးက ''အာဏာသုံးရပ်ကို အမှန်တကယ် ပိုင်းခြားသုံးစွဲနိုင်မှ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီမှာ ဖြစ်ပြီး ဖိအားပေး အာဏာသုံး ခြိမ်းခြောက်လို့၊ အုပ်ချုပ်ရေး၊
တရားစီရင်ရေးမှာ ဘယ်လို ဘက်လိုက်ပြီး အမှု အနိုင်ပေးလိုက်ရတာ စသည်ဖြင့် မလျော်သြဇာသုံးပြီး ၀င်ရောက်စွက်ဖက်တာတွေ ရှိလာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာသုံးရပ်အား ပိုင်းခြားသုံးစွဲစေလို၍ ပြဋ္ဌာန်းထားသည့် အခြားသော ပြဋ္ဌာန်းထားချက်များလည်း ရှိကြောင်း သိရသည်။ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ဖြစ်ရမည် ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၁ (ဆ)တွင် ပြဋ္ဌာန်းထားချက်၊ ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၀၀(ခ) တွင် ပြဋ္ဌာန်းထားချက် စသည့် အချက်တို့ကို
ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို မရောထွေးစေလို၍ ပြဋ္ဌာန်းခြင်း ဖြစ်သည်ကို သိရသည်။
မကြာမီ ပေါ်ပေါက်လာတော့မည့် အစိုးရအသစ်အတွက် ခန့်ထားပြီးသော တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်
တရားသူကြီးချုပ် အားလုံး သည် ယခင် တရားရေးဝန်ထမ်းများ အားလုံးပင် ဖြစ်နေရာ လူမပြောင်းသော်လည်း ပြောင်းလဲထားသည့် တရားစီရင်ရေး မူအသစ်နှင့် ကိုက်ညီရန်နှင့် အဂတိတရား ကင်းရှင်းပြီး မှန်ကန်မျှတသော
တရားစီရင်ရေး ဖြစ်လာရန် တရား ရင်ဆိုင်နေရသူ ပြည်သူများ မျှော်လင့်လျက် ရှိသည်ဟု တရားရင်ဆိုင်နေရသော ပြည်သူများက ဆိုသည်။
ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်တို့ အားလုံးသည် လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခန့်အပ်ခြင်း ခံရလျှင် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အုပ်ချုပ်ရေး အခန်း(၅)တွင်  ပြဋ္ဌာန်းထားသည် ဖြစ်ရာ ဥပဒေပြုရေး အာဏာနှင့် အုပ်ချုပ်ရေးအာဏာ တို့ကို မရောထွေး စေလို၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ကို သိရသည်။
ကချင်ပြည်နယ်
ဝန်ကြီးချုပ် - ဦးလဂျွန်ငန်ဆိုင်း
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်သစ်တောရေးရာ ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန၊ စက်မှုလက်မှု ၀န်ကြီးဌာန၊ ပညာရေးနှင့် ကျန်းမာရေး ၀န်ကြီးဌာန၊ လူမှုရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးသန်းအောင်၊ ဦးညွန့်အောင်၊ ဦးဘီထောဇောင်း၊ ဦးအလေးပါး၊ ဦးကမန်းဒူနော်၊ ဦးအောင်နိုင်၊ ဦးစိုင်းမောင်ရွှေ၊ ဦးခင်မောင်ထွန်း၊ ဒေါ်ဘောက်ဂျာ
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးပါ(ခ)ဦးခင်မောင်ဆွေ(ဗမာ)၊ ဦးအားဆီ (လီဆူး)၊
ဒေါ်ခင်ပြုံးရည်(ရှမ်း)၊ ဦးဂွမ်ရိန်ဒီး(ရ၀မ်)

ကယားပြည်နယ်
ဝန်ကြီးချုပ် - ဦးခင်မောင်ဦး(ခေါ်)ဦးဘူးရယ်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံ/စီးပွားရေး ၀န်ကြီးဌာန၊ ဘဏ္ဍာအခွန် ၀န်ကြီးဌာန၊ စီးပွားရေး ၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးတင်စိုး၊ ဦးတော့ရယ်၊ ဦးချစ်လှ၊    ဦးရဲဝင်း၊ ဦးစောဟူးဟူး၊ ဦးကိုးရယ်၊ ဦးသန်းကျော်စိုး၊ ဦးပိုးရယ်(ခ) ပိုးရယ်ရန်အောင်၊ဦးအောင်နိုင်ဦး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစိန်ဦး (ဗမာ)

ကရင်ပြည်နယ်
ဝန်ကြီးချုပ် - ဗိုလ်မှူးချုပ်ဇော်မင်း
ဝန်ကြီးဌာန - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ ပို့ဆောင်/ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန၊ စက်မှု/ ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန၊ သစ်တောဝန်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးအောင်လွင်၊ ဦးချစ်လှိုင်၊ ဦးစောခင်မောင်မြင့်၊ ဦးသံဒိုင်၊ ဦးမင်းစိုးသိန်း(ခ) ဦးနိုင်မင်းစိုးသိန်း၊ ဦးစောခရစ္စတိုဖာ၊ ဦးစောဆာလောလ၊ ဦးစောဝင်းထိန်၊ ဦးစောကြည်လင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးခွန်သန်းမြင့် (ပအိုဝ်း)၊ ဦးခင်ကြူး (ဗမာ)၊ ဦးနိုင်ချစ်ဦး (မွန်)

ချင်းပြည်နယ်
ဝန်ကြီးချုပ် - ဦးဟုန်းငိုင်း
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် စီမံကိန်း ၀န်ကြီးဌာန၊ စီးပွားရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီးဌာန၊ စွမ်းအင်၊ လျပ်စစ်၊ သတ္တုနှင့် သစ်တော ၀န်ကြီးဌာန၊ စက်မှုလက်မှု ၀န်ကြီးဌာန၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ စီမံခန့်ခွဲရေး ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဦးနန်ဇမုန်၊ဦးရမ်မန်း၊ ဦးဗန်ထောင်း၊ ဦးကျော်ငြိမ်း၊ ဦးကျင်လျန်းပေါင်၊ ဒေါက်တာဘမောင်၊ ဦးနိန်နိုင်း
စစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးသာအေး
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန၊သစ်တောရေးရာ ၀န်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် သမ၀ါယမ ၀န်ကြီးဌာန၊ စွမ်းအင်/သတ္တု/ စက်မှု ၀န်ကြီးဌာန၊
ဆက်သွယ်ရေး/ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ လူမှုရေး ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးကြည်နိုင်၊ ဦးစိန်ဝင်း၊ဦးစောမြင့်ဦး၊ ဦးစိန်မောင်း၊ ဦးသန်းထိုက်၊ ဦးတင်ငွေ၊ ဒေါက်တာမြင့်သိန်း၊ ဦးတင်ဝင်း၊ ဦးကျော်ဝင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးနိုထန်ဘဲလ်(ခ)နိုထန်ကပ်(ချင်း)၊ ဦးစန်းရွှေ (ရှမ်း)

တနင်္သာရီတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးခင်ဇော်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊  လယ်ယာ/သစ်တော ၀န်ကြီးဌာန၊ သားငါး/စွမ်းအင် ၀န်ကြီးဌာန၊ စက်မှု/သတ္တု ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ပညာရေး နှင့်ကျန်းမာရေး ၀န်ကြီးဌာန၊ လူမှု/ပြန်ကြားရေး ၀န်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးဇော်လွင်၊ ဦးမြတ်ကို၊ဒေါက်တာဝင်းအောင်၊ ဒေါက်တာဝင်းအောင်၊ ဦးသန်းအောင်၊ ဒေါက်တာ ကျော်ဆန်း၊ ဦးဝင်းဆွေ၊ ဦးသိန်းလွင်၊ ဦးအောင်ကျော်ကျော်ဦး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစောဟာဗီ (ကရင်)

ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးဉာဏ်ဝင်း
ဝန်ကြီးဌာနများ -လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံခန့်ခွဲရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်စီမံကိန်း ၀န်ကြီးဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ စီးပွားရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး/ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး ၀န်ကြီးဌာန၊ စွမ်းအင်/လျပ်စစ်/ သတ္တု/သစ်တော ၀န်ကြီးဌာန၊ စက်မှု/လက်မှု ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးသက်ထွန်း၊ ဦးရဲမြင့်ထွန်း၊ ဦးမြင့်လွင်ဦး၊ ဒေါက်တာကျော်ဦး၊ ဦးကျော်မြင့်၊ ဦးထွန်းဝေ၊ ဦးတင်စိုး၊ ဦးကျော်ဌေး၊ ဦးဘေဘီအုန်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစောဂျူဘလီစံလှ (ကရင်)

မကွေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးဘုန်းမော်ရွှေ
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့်ကျန်းမာရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ လယ်ယာ/သစ်တော ၀န်ကြီးဌာန၊ စီမံ/ဘဏ္ဍာ ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ စီးပွား ရေး ၀န်ကြီးဌာန၊ စက်မှု/သတ္တု ၀န်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီး အန့်ဇော်၊ ဦးဝင်းမြင့်မောင်၊ ဦးဝင်းဖေ၊ ဦးနေရှင်း၊ ဦးအောင်ကျော်မင်း၊ဦးအောင်နိုင်၊ ဦးကြည်မင်း၊ ဦးသိန်းထွန်း၊ ဦးမြင့်နိုင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးဆလိုင်းလှထွန်း (ချင်း)

မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးရဲမြင့်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီးပွား/ကုန်သွယ်/စီမံ/ဘဏ္ဍာ/ သမ၀ါယမ ၀န်ကြီးဌာန၊ လယ်/ဆည်/သားငါး/ သစ်တော ၀န်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်အားကစား ၀န်ကြီးဌာန၊
မြို့တော်ဝန်နှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး/ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊လူမှုရေးနှင့် ပြန်ကြားရေး/ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာန၊ စက်မှု၊ စွမ်းအင်နှင့် သတ္တု ၀န်ကြီးဌာန၊
အလုပ်သမား၊ ဟိုတယ်/ခရီး နှင့် လူမှုဝန်ထမ်းရေးရာ ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ ဦးအောင်ဇံ၊ ဦးမြင့်သန်း၊ ဒေါက်တာဝင်းလှိုင်၊ ဦးဖုန်းဇော်ဟန်၊ ဦးကျော်ဆန်း၊ ဦးသန်းစိုးမြင့်၊ ဒေါက်တာမြင့်ကြူ၊ ဦးအောင်မောင်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစိုင်းမောင်လှ (ရှမ်း)

မွန်ပြည်နယ်
ဝန်ကြီးချုပ် - ဦးအုန်းမြင့်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီးပွားရေး ၀န်ကြီးဌာန၊ စက်မှု ၀န်ကြီးဌာန၊ ပညာရေးနှင့်ကျန်းမာရေး ၀န်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးဌာန၊ သစ်တော ၀န်ကြီးဌာန၊ သာသနာရေးနှင့်
အလုပ်သမား ၀န်ကြီးဌာန၊ စွမ်းအင်နှင့်လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လူမှုရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊  ဒေါက်တာခင်မောင်သွင်၊ ဒေါက်တာတိုးတိုးအောင်၊ ဒေါက်တာလှဦး၊ ဦးမျိုးညွန့် ဦးဝင်းမော်ဦး၊ ဦးထွန်းလှိုင်၊ ဦးနိုင်လ၀ီအောင်၊ ဒေါက်တာမင်းနွယ်စိုး
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးအောင်ကျော်သိန်း (ကရင်)၊ ဦးဖေမြ(ခ)ခွန်ဖေမြ (ပအိုဝ်း)၊ ဦးသက်ဝင်း (ဗမာ)

ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် - ဦးလှမောင်တင်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ လယ်ယာ/သစ်တော/ဆည်မြောင်း ၀န်ကြီးဌာန၊ ကျန်းမာရေး/ပညာရေး ၀န်ကြီးဌာန၊
စီးပွားရေး ၀န်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စက်မှု/အလုပ်သမား/အားကစား ၀န်ကြီးဌာန၊ သားငါး၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ယဉ်ကျေးမှု/လူမှု ကယ်ဆယ်ရေး ၀န်ကြီး ဌာန၊ သာသနာရေးနှင့်လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးထိန်လင်း၊ ဦးကျော်ခင်၊ ဦးကျော်သိန်း၊ ဦးစိုးအေး၊ ဦးမြအောင်၊ ဦးသာလူချေ၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးအောင်သန်းတင်၊ ဦးလှဟန်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးကိုကိုနိုင် (ချင်း)

ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးမြင့်ဆွေ
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီးဌာန၊ ပညာရေး/ကျန်းမာရေး/နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၊ လယ်ယာ/ စီးပွား/ကူးသန်းနှင့် အလုပ်သမား ၀န်ကြီးဌာန၊ လျပ်စစ်/ စွမ်းအင်/စက်မှု/ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာအခွန်/သစ်တော/သားငါး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန၊ ယဉ်ကျေးမှု/ သာသနာရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် ဟိုတယ်ခရီး ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးတင်ဝင်း၊ ဦးလှမြင့်၊ ဦးစိုးမင်း၊ ဦးကျော်စိုး၊ ဦးသန်းမြင့်၊ ဦးဉာဏ်ထွန်းဦး၊ ဦးအောင်ခင်၊ ဒေါ်စန်းစန်းနွယ်၊ ဒေါက်တာမြင့်သိန်း
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးစောထွန်းအောင်မြင့် (ကရင်)၊ ဦးဇော်အေးမောင် (ရခိုင်)

ရှမ်းပြည်နယ်
ဝန်ကြီးချုပ် - ဦးအောင်မြတ်(ခေါ်)စ၀်အောင်မြတ်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံ/ဘဏ္ဍာရေး ၀န်ကြီးဌာန၊ စီးပွားရေး ၀န်ကြီးဌာန၊ ပညာရေးနှင့်ကျန်းမာရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စက်မှုနှင့်သတ္တု ၀န်ကြီးဌာန လယ်ယာနှင့်သစ်တော ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးအောင်သူ၊  ဦးခွန်သိန်းမောင်၊ ဦးသောင်းရွှေ၊ ဒေါက်တာမျိုးထွန်း၊ ဦးတူးမောင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်း(ခ) ဦးတင်ထွန်းအောင်၊ ဦးစိုင်းထွန်းရင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးဒူဝါးဇုတ်ဒေါင် (ကချင်)၊ ဦးလောရင်း (ကယန်း-ပဒေါင်)၊  ဦးနိုင်ဝင်း (ဗမာ)၊ ဦးရှာမွေလရှဲန် (လားဟူ)၊ ဦးဝှန်ဆန်(ခ)ဦးယောဝိ (လီဆူး)၊ ဦးပီတာသောင်းစိန် (အာခါ)၊
ဦးဝင်းမြင့် (အင်းသား)

ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် - ဦးသိန်းအောင်
ဝန်ကြီးဌာနများ - လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စီမံ/စီးပွား ၀န်ကြီးဌာန၊ ဘဏ္ဍာရေး နှင့်အခွန် ၀န်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီး ဌာန၊ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာန၊ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန
ဝန်ကြီးများ - ဗိုလ်မှူးကြီးမောင်မောင်ဝင်း၊ ဦးတင်စိုး၊ ဦးဝင်းကိုကို၊ ဦးလှခိုင်၊ ဦးစိုးမြင့်၊ ဦးစန်းမောင်၊ ဦးသန်းထွန်း၊ ဦးစောမြသိန်း၊ ဦးကျော်ဝင်းနိုင်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး - ဦးမန်းသန်းရွှေ (ကရင်)၊ ဦးဘကြူး (ရခိုင်)