xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရက်ပိုင်း အတွင်း လှုပ်ခတ် နေသည့် စက်သုံးဆီ ဈေး၊ ရွှေဈေး၊ ငွေဈေး၊ အခြေခံ စားကုန် ဈေးနှုံးများ အခြေအနေ

Thursday, February 24, 2011

ရက်ပိုင်း အတွင်း လှုပ်ခတ် နေသည့် စက်သုံးဆီ ဈေး၊ ရွှေဈေး၊ ငွေဈေး၊ အခြေခံ စားကုန် ဈေးနှုံးများ အခြေအနေ

ကမ္ဘာ့ ဈေးနှုန်း ပြောင်းလဲမှု များကြောင့် ပြည်တွင်း စက်သုံးဆီနှင့် ရွှေဈေး များ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ် လာပြီး ယင်းနှင့် ဆက်စပ် ပြီးစား သောက်ကုန် ဈေးနှုန်း အချို့လည်း ပြောင်းလဲ မြင့်တက် လာ ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။
တစ်ပြေးညီ တက်ခဲ့သည့် စက်သုံးဆီ
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း တစ်စည် ဒေါ်လာ ၁၀၀ ကျော် ဖြစ်လာပြီး နောက်ပိုင်း ပြည်တွင်း စားသုံးဆီ၊ ဒီဇယ်ဆီ နှင့် အောက်တိန်း ဈေးနှုန်း များမှာလည်း တစ်ဂါလန် လျှင် ကျပ် ၃၅၀ ၀န်းကျင်စီ ပြောင်းလဲ မြင့်တက် လာကြောင်း သိရသည်။ ပုဂ္ဂလိ က စက်သုံးဆီ အရောင်းဆိုင် များမှ တင် သွင်း သည့် ဒီဇယ်နှင့် အောက်တိန်း ဈေးနှုန်း ပြောင်းလဲမှု ရှိခဲ့သော် လည်း အစိုးရမှ ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်ဆီ ဈေးနှုန်း မှာမူ အပြောင်းအလဲ မရှိခဲ့ပေ။
ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်း အပြောင်းအလဲ ဖြစ် လာခဲ့ခြင်းမှာ ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်း မြင့်တက် လာသကဲ့ သို့ ပြည်တွင်း၌ ကုန်ပစ္စည်း လျော့နည်း သွားသဖြင့်လည်း ဖြစ်သည် ဟု စက်သုံးဆီ အရောင်းဆိုင် တို့က အကြောင်း ပြ ပြောဆို ကြသည်။ “ရေနံစိမ်း တစ်စည် ဒေါ်လာ ၁၀၀ ကျော် သွားတယ်။ နောက် ပြည်တွင်း မှာလည်း ပစ္စည်းနည်း နေတာ ပါတယ်” ဟု ပြည်တွင် စက်သုံးဆီ အရောင်း ဆိုင် ကုမ္ပဏီ ဖြစ်သော နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင်မှ   တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်း မှ စက်သုံးဆီ အရောင်းဆိုင် ကုမ္ပဏီများ စက်သုံးဆီ အဓိက တင်သွင်း သည့်နိုင်ငံမှာ စင်ကာပူ ဖြစ်ပြီး လတ်တလော တွင် ကုန်ပစ္စည်း နည်းပါး နေခြင်းမှာ သယ်ယူပို့ ဆောင်ရေး တွင် ကြန့်ကြာ နေသဖြင့်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း အတက် အကျ နှုန်းထားမှာ ကမ္ဘာ့ ဈေးနှုန်း အပြောင်းအလဲ နှင့် တိုက်ရိုက် နီးပါး ချိတ်ဆက် လျက်ရှိပြီး ကမ္ဘာ့ ဈေးနှုန်း မှာလည်း အီဂျစ်၊ ဘာ ရိန်း နိုင်ငံရေး အခြေအနေ များကြောင့် လတ်တလော ပြန်  လည် ကျဆင်းရန် မျှော်လင့်နိုင်ခြင်း မရှိဟု စက်သုံးဆီ တင်သွင်း သူတို့က သုံးသပ်သည်။

“ဈေးကွာဟ သွားတော့ အောက်တိန်း နဲ့ ဓာတ်ဆီ  ရောသုံးနေတဲ့ကားတွေက အောက်တိန်းနဲ့ သိပ် မသုံးချင် ကြ တော့ဘူးပေါ့။ ဓာတ်ဆီ တန်းစီတဲ့ ဘက် ပိုလှည့်လာ နိုင် တယ်။ ဒီဇယ်သုံး တဲ့တက္ကစီ တွေနဲ့ ကုန်တင်ယာဉ် တွေမှာ တော့ သယ်ယူ စရိတ် ပိုမြင့်လာ နိုင်တာပေါ့” ဟု စက်သုံးဆီ ဈေးနှုန်း ပြောင်းလဲမှု အပေါ် လေ့လာသူ တစ်ဦးက ပြော သည်။
စံချိန်တင်ခဲ့တဲ့ ရွှေဈေး ပြန်လည် တည်ငြိမ်လာ
ပြည်တွင်း အခေါက်ရွှေ ဈေးနှုန်းသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် တစ်ကျပ်သား ကျပ် ၆,၈၃,၀၀၀ ဖြင့် ပြည် တွင်း ဈေးကွက်တွင် အမြင့်ဆုံး စံချိန် တင်နှုန်းထားသို့ ရောက်ရှိ သွားသော် လည်း နောက်ပိုင်း ရက်များ တွင် ဈေးနှုန်း ပြန်လည် ကျဆင်း လာပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျပ် ၆,၆၂,၀၀၀ သို့ ပြန်လည် ကျဆင်း လာကြောင်း သိရသည်။
“ကမ္ဘာ့ ဈေးတက်လို့ တက်တာလည်း ပါတယ်။ ဒါပေ မဲ့ ကမ္ဘာ့ ဈေးတက်တဲ့နှုန်း ထားနဲ့ဆို ပြည်တွင်း ဈေးက တက်သင့် တာထက် ပိုတက် သွားတယ်လို တော့ ပြောလို့ ရ တယ်။ ကောလာဟလ သတင်း အချို့ကြောင့်လည်း သက် ရောက်မှု ရှိတာ ပါတာပေါ့” ဟု ရွှေဘုံသာ လမ်းထိပ် မဟာ ဗန္ဓုလ လမ်းပေါ်ရှိ ရွှေဆိုင် ပိုင်ရှင်က သုံးသပ် ပြောသည်။
ရွှေဆိုင် အချို့ အဆို အရ ၀ယ်လိုအား မြင့်တက် လာ မှုကြောင့် ပြည်တွင်း ရွှေဈေး ယခု အထိ တက်သွား ရသည်ဟု ဆိုကြသော်လည်း တိတ်စိန် ရွှေဆိုင် ကမူ ယခု ရက်ပိုင်း အတွင်း အရောင်းအ၀ယ် မှာ တည်ငြိမ် လျက် ရှိသည်ဟု ပြော သည်။ အစိုးရမှ ရောင်းချ ပေးလျက် ရှိသည် ဆိုသည့် ဗဟိုဘဏ် ထုတ် ရွှေဒင်္ဂါးနှင့် ရွှေပြား ဈေးနှုန်း တို့မှာလည်း နေ့စဉ် အတက်အကျ ရှိနေသဖြင့် ပြည်တွင်း ရွှေဈေးနှုန်း ထိန်းကွပ် ပေးနိုင် သည့် အင်အား မရှိသေးဟု ရွှေဝိုင်း အရောင်း အ၀ယ် လုပ်သူ တို့က ဆိုသည်။ “အချို့ ရက် တွေမှာ ဆိုသူ (ဗဟိုဘဏ် ထုတ်) ကတောင် ပြင်ပ ပေါက်ဈေးထက် မြင့်တဲ့ ရက် ရှိပါသေးတယ်” ဟု ရွှေအရောင်းအ၀ယ် သမားတစ်ဦးက ပြောသည်။
ရွှေနှင့် အပြိုင်လှုပ်မည့် ငွေဈေး
ပြည်တွင်း ရွှေဈေး စံချိန်တင် မြင့်တက် ခဲ့သည့်ရက် ပိုင်း အတွင်း၌ ပို့ကုန် ရငွေ နှင့် ဒေါ်လာ နှုန်းထား များမှာလည်း လှုပ်ခတ်မှု ပြင်းထန် ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၄ ရက်က ကျပ် ၈၈၀ ပေါက်ခဲ့ သည့်ဒေါ်လာဈေး သည် ၁၆ ရက် တွင် ၉၂၈ ကျပ်အထိ ရောက်လာပြီး ၁၇ ရက်တွင် ကျပ်၉၅၀ အထိ ပြောင်းလဲ မြင့်တက် လာကြောင်း သိရသည်။
“ပို့ကုန် ရငွေဈေးလည်း အဲဒီ လိုပါပဲ။ ၁၄ ရက်မှာ ၉၀၂ ကျပ် ပေါက်ဈေး ရှိခဲ့တာ ကနေ ၁၆ ရက်မှာ တော့ ကျပ် ၉၄၀ အထိ ရောက်သွား တယ်။ ဒါပေမဲ့ ၁၈ ရက် အရောက် မှာတော့ ၉၀၅ ကျပ်ကို ပြန်ကျ သွားတယ်” ဟု ပို့ကုန် လုပ် ငန်းရှင် တစ်ဦးကပြောသည်။ “ငွေအတက် အကျ မငြိမ်တော့ ဒေါ်လာနဲ့ ဆက်စပ်တဲ့ကုန်ဈေးနှုန်း တွေလည်း မတည် ငြိမ်တဲ့ သဘော ဖြစ်သွား တာပေါ့” ဟု ဆက်လက် ပြောသည်။ ၁၈ ရက်တွင် ပို့ကုန် ရငွေဈေး ၉၀၅ ကျပ် သို့ ပြန်လည် ကျဆင်း သွားသော် လည်း ထူးခြားချက် မှာ ယင်းနေ့ ပို့ကုန်ရငွေ အရောင်းအ၀ယ် မရှိသလောက် ဖြစ်သွား ခဲ့ခြင်း  ဖြစ်ကြောင်း ငွေကြေး ဈေးကွက် ကျင်လည်သူ တစ်ဦးက ပြောသည်။
အခြေခံစားကုန်တွေပါ လှုပ်ခတ်
ကုန်ဈေးနှုန်း၏ အဓိက အထိန်းအကွပ် များဖြစ်သည့် ရွှေ၊ ငွေနှင့် စက်သုံးဆီများ အပြောင်း အလဲ ဖြစ်ပေါ် ခဲ့ ခြင်းကြောင့် အခြေခံ စားသောက် ကုန်များတွင်လည်း ပြောင်း လဲမှု အချို့ ဖြစ်ပေါ် ခဲ့ကြောင်း စုံစမ်း သိရသည်။
“ဆန်က ပို့ကုန် ဆန်ဖြစ်တဲ့ ၂၅ မှတ်ဆန်က    ၁,၀၀၀ ကျော် တက်သွားတယ်။ ပြည်တွင်း စားသုံးတဲ့ ဆန် ထဲမှာ တော့ ဆန်ကြမ်းက သိပ်မတက် ပါဘူး။ ဆန်ချော က တော့ ၁,၀၀၀ ကျပ ၀န်းကျင် တက်သွားတယ်” ဟု ဘုရင့် နောင်ပွဲရုံ နယ်မြေမှ ဆန်ပွဲရုံ တစ်ခုမှ  ပြောသည်။
စားအုန်းဆီ ဈေးမှာမူ ယခုလ အစောပိုင်းကပင် ဈေး အတက်ဖြင့် ပြောင်းလဲမှု ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် ပေါက်ဈေး မှာ တစ်ပိဿာ ကျပ် ၂,၇၄၀ သို့ရောက် ရှိလာ ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကျပ်၂,၃၅၀ ပဲ ရှိရာကနေ ဇန်န၀ါရီမှာ ကျပ် ၂,၆၅၀၊ အခု ဖေဖော်ဝါရီမှာ ကျပ်၂,၇၄၀ ထိရောက် လာတာပါ” ဟု စားအုန်းဆီ အရောင်း ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ဘုရင့်နောင် ပွဲရုံ နယ်မြေမှ စုံစမ်း သိရသည့်ဈေးနှုန်း များ အရ အခြား အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မှာလည်း အနည်း နှင့်အများ ပြောင်းလဲမှု ရှိလာကြောင်း သိရသည်။ ဈေးကွက် စီးပွားရေး စနစ်၏ သဘော သဘာဝ အရ ကုန်ဈေးနှုန်း အတက်အကျ မှာ ပြောင်းလဲမှု ရှိသည်     ကို လက်သင့် ခံရမည် ဖြစ်သော်လည်း အမှန် တကယ် တက် သင့်သည့် နှုန်းထား အရ တက်ခြင်း မဟုတ်ဘဲ သဘာဝ မမှန် သည့် တက်ခြင်း မျိုးဖြင့် ဈေးကစားခြင်း မျိုးကိုမူ လက် သင့်ခံ နိုင်ဖွယ် မရှိကြောင်း၊ ယင်းသို့ အခြေအနေ ပေါ်လာ ပါကလည်း လိုအပ်သည့် ထိန်းချုပ်မှု များ ၀င်ရောက်လာ နိုင်ဖွယ် ရှိခြင်း ကြောင့် လက်တွေ့ ဈေးကွက်ကို အကြပ်   ရိုက်မှု အကျိုးဆက် ရှိလာ နိုင်ကြောင်း၊ ထို့အတွက် ကုန်သည် ပွဲစား တို့အနေဖြင့် ၀ိသမလောဘကို ရှေ့တန်း မတင်ဘဲ ကိုယ်ပိုင် အသိ ဖြင့်ဈေးကွက်ကို ထိန်းကျောင်း သွားရန် လိုအပ်ကြောင်း ဈေးကွက် စီးပွားရေး လေ့လာသူတို့ က သုံးသပ် ပြောကြား သည်။
နေမင်းခန့်၊ ထွန်းလင်း
Credit : Myanmar Post