xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့်များပေးမည်

Wednesday, February 23, 2011

အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့်များပေးမည်

အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအား လုပ်ငန်း အမျိုးအစား အပေါ်မူ တည်၍ ဝင်ငွေခွန်၊ အကောက်ခွန်နှင့် အခြားအခွန်အခ များအား နှစ်အလိုက် ကင်းလွတ် သက်သာခွင့်များပြုသွားမည်ဟု မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေပါ ပြဋ္ဌာန်းချက် များ အရသိရသည်။အဆိုပါ ဥပဒေအရ ရင်းနှီး မြှုပ် နှံသူသည် ထုတ်လုပ်မှု သို့မဟုတ် ဝန် ဆောင်မှုလုပ်ငန်းများအား စတင် သည့်နေ့မှစ၍ ပထမ ၅ နှစ်အတွက် ပြည်ပ ရောင်း ရ ငွေအပေါ် ဝင်ငွေ ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပြီး ဒုတိယ ၅ နှစ်အတွက် ပြည်ပ ရောင်းရငွေအပေါ် တည်ဆဲဥပဒေ အရ သတ်မှတ်သည့် ဝင်ငွေခွန် နှုန်းထား၏ ၅ဝ ရာ ခိုင်နှုန်း သက် သာခွင့်ရရှိနိုင်မည့်အပြင် တတိယ ၅ နှစ်အတွက် ပြည်ပတင်ပို့ရောင်း ချခြင်းမှ ရရှိသည့် မြတ်စွန်းငွေအား ပြန်လည်ရင်းနှီး မြှုပ်နှံပါက ထိုငွေ အပေါ် သတ်မှတ် ထားသော ဝင်ငွေ ခွန်၏ ၅ဝ ရာခိုင်နှုန်းအား သက်သာ ခွင့်လျှောက် ထားနိုင် ကြောင်း သိရသည်။ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ပါက အခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်ကာလ များ ကုန်ဆုံးသွားသော်လည်း ပို့ ကုန်ပစ္စည်းတန်ဖိုးသည် ထုတ်လုပ် သည့်ပစ္စည်း တန်ဖိုးစုစုပေါင်းထက် အကြီးစားရင်း နှီး မြှုပ် နှံမှုလုပ်ငန်းများ တွင် ၅ဝ ရာခိုင်နှုန်းထက် ကျော် လွန်လျှင်သော်လည်းကောင်း၊ အ လတ်စား ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ တွင် ၆ဝ ရာခိုင်နှုန်းထက် ကျော် လွန်လျှင်သော်လည်းကောင်း၊ အ သေးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် ၇ဝ ရာခိုင်နှုန်းထက် ကျော် လွန်နေပါက အဆိုပါနှစ်အတွက် ဝင် ငွေခွန်ကင်းလွတ်သက်သာခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အထူးစီးပွားရေးဇုန် မှ ထုတ်လုပ်သည့် ပို့ကုန်ပစ္စည်းများ အပေါ်
ရင်းနှီးမြှုပ်နှံသူက ကုန်သွယ် လုပ်ငန်းခွန်နှင့် တန်ဖိုးထပ်ဖြည့်ခွန် များ ကင်းလွတ်ခွင့်လျှောက်ထား နိုင်ကာ ပို့ကုန်ပစ္စည်းထုတ်လုပ်မှု လုပ် ငန်း များအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်း များကို အ ကောက်ခွန်နှင့် အခြား အခွန် အခများ ပေးသွင်းရန်မလိုဘဲ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းနိုင်ကြောင်း၊ ထို့အတူ ရင်း နှီးမြှုပ်နှံမှု လုပ်ငန်း အတွက် အသုံးပြု မည့် ယာဉ်ယန္တရား နှင့် မော်တော် ယာဉ်များကို လုပ်ငန်းစတင်သည့် နှစ်မှစ၍ ၅ နှစ်အတွင်း အကောက် ခွန်နှင့် အခြားအခွန် အခ များကင်း လွတ်ခွင့်ဖြင့် လည်းကောင်း၊ လုပ်ငန်း စတင်ပြီး ၅ နှစ်သက်တမ်းကုန်ဆုံး သွားပါက တစ်ဆက်တည်း နောက် ထပ် ၅ နှစ်အထိ အကောက်ခွန် နှင့် အခြားအခွန် အခများ၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်ဖြင့် လည်း ကောင်း သတ်မှတ်ချက်နှင့်အညီ ပြည်ပမှ တင်သွင်းခွင့်ပြုသွားမည်ဟု သိရသည်။သို့ရာတွင် ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် အထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းလာသည့် သွင်း ကုန်ပစ္စည်းများ အား ပြည်တွင်း ဈေး ကွက် အတွင်း ရောင်းချခြင်းမပြုရဘဲ သွင်းကုန်ပစ္စည်းများကို ကိုယ်တိုင် ထုတ်လုပ်မှုအတွက်သာ အသုံးပြု ၍ ထုတ်လုပ်ရရှိသော ကုန်ပစ္စည်း များကိုလည်း အပြည်ပြည်ဆိုင်ရာ ဈေးကွက်သို့သာ တင်ပို့ရောင်းချရ မည်ဖြစ်ကြောင်း၊ အကယ်၍ ကုန် ပစ္စည်းများအား ပြည်တွင်း၌ ရောင်း ချမည် ဆိုပါက အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ရ ယူရန် လိုအပ်သည့်အပြင် တည်ဆဲ ဥပဒေအရ လုပ်ထုံးလုပ်နည်းများ နှင့်အညီ သတ် မှတ်ထား သော အ ခွန်အခများ ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။အဆိုပါ အထူးစီးပွားရေးဇုန် ဥပဒေပါအချက်များအရ အထူး စီးပွား ရေးဇုန် များအဖြစ် သတ်မှတ်ထား သော သီလဝါဆိပ်ကမ်းစက်မှုဇုန်၊ မူဆယ် ၁ဝ၅ မိုင်၊ နယ်စပ်ကုန် သွယ်ရေးဇုန်၊ မြဝတီနယ်စပ်ကုန် သွယ် ရေးဇုန်၊ ကျောက် ဖြူရေနက် ဆိပ်ကမ်းနှင့် ထားဝယ်ရေနက်ဆိပ် ကမ်းဇုန်တို့ပါဝင်ပြီး ထိုဇုန်များ၌ ရင်းနှီးမြှုပ်နှံထားသူများအားလုံး အ ကျိုးခံစား ခွင့် ရရှိနိုင်မည်ဖြစ် သည့်အ  ပြင် အခွန်ကင်းလွတ်ခွင့်ရရှိသည့် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာနိုင်ကာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကိုများစွာ အ ထောက် အကူ ဖြစ်စေနိုင်သည်ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် သည်။
Credit: Popularnews