xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အပယ်ငရဲမှာ နေရာကြိုယူထားသူများ

Wednesday, February 16, 2011

အပယ်ငရဲမှာ နေရာကြိုယူထားသူများ

သာသနာရေး ၀န်ကြီးဌာနက အင်္ဂလန် နိုင်ငံမှာ ပညာသင်ကြား စေဖို့ အတွက် ရဟန်းတော် ၅ ပါး စေလွှတ်မှု ပြုခဲ့ပါတယ်။ အဲဒီလို ရဟန်းတော် ၅ ပါး အင်္ဂလန် နိုင်ငံမှာ ပညာတော်သင် သွားကြရာမှာ MA ဘွဲ့တွေကို ရဟန်းတော် ငါးပါးစလုံး ရရှိခဲ့ ကြပြီး ရဟန်းတော် နှစ်ပါးကတော့ဖြင့် လန်ဒန်တက္ကသိုလ်မှာ Ph,D ဆက်လက် တက်ရောက်ရေး အတွက် စီစဉ် ဆောင်ရွက်လျှက် ရှိပါတယ်။ ဒါကြောင့် အဆိုပါ ရဟန်းတော်များအတွက် ပြည်တွင်း/ပြည်ပက စေတနာ ထက်သန်ကြတဲ့ အလှူရှင် သူတော်စင်အပေါင်းက ပညာပါရမီ ကုသိုလ်တော် ယူနိုင်စေဖို့ မြန်မာ့အလင်း စာမျက်နှာ ၁၆ မှာ သာသနာရေး ၀န်ကြီးဌာနက အကျိုးအကြောင်းနဲ့ ထည့်သွင်း နှိုးဆော်ခဲ့ ပါတယ်။
အဲဒီ ကုသိုလ်တော် ယူနိုင်ရေး နှိုးဆော်မှုမှာ ပညာသင် ရဟန်းတော် နှစ်ပါးရဲ့ Ph,D တန်း လေးနှစ်အတွက် ပညာသင် စရိတ် စတာလင်ပေါင် ၉၆၀၀၀၊ ပထမနှစ်အတွက် အထွေထွေ စရိတ် စတာလင်ပေါင် ၆၀၀၀၊ စုစုပေါင်း စတာလင်ပေါင် ၁၀၂၀၀၀ ကို တစ်ကြိမ်တည်း ပေးသွင်းရမှာ ဖြစ်ပြီး ကျန် သုံးနှစ်အတွက် တစ်နှစ်လျှင် စတာလင်ပေါင် ၆၀၀၀ လှူဒါန်းရ မှာ ဖြစ်တဲ့အတွက် အလှူရှင်၊ စေတနာရှင်များ ပညာပါရမီ ကုသိုလ် ရရှိစေရေး အလို့ငှာ သာသနာရေး ၀န်ကြီးဌာနက ပြည်သူများကို အသိပေးခဲ့ခြင်း ဖြစ်ပါတယ်။
အခုလို အကျိုးအကြောင်းနဲ့ နိုင်ငံကို တိတိပပ ကျကျနန သာသနာတော် တိုးတက် ထွန်းကား ပျံ့ပွားရေးအတွက် စေတနာထား လုပ်ဆောင်နေခြင်းကို တစ်နည်းအားဖြင့် သာသနာပြုနေခြင်းကို ဒီမိုကရေစီ လိုလားသော ကျောင်းသားများ အဖွဲ့က ယင်းနှိုးဆော်ဟာ မြန်မာပြည်သူ လူထုကို လိမ်လည် အလှူခံနေတာ ဖြစ်ကြောင်း ဒါကြောင့် အဲဒီအလှူခံမှုကို မထည့်လှူကြရန် မဟုတ်မဟတ် လုပ်ဇာတ်များဖြင့် ရေးသားထားကြောင်း တွေ့ရှိရပါတယ်။

ဒီလို လုပ်ရပ်ဟာ သာသနာကို စော်ကားတာ ဖြစ်သလို ရဟန်းသံဃာတော်တို့ရဲ့ သာသနာ ထွန်းကား ပျံ့ပွားရေး စွမ်းဆောင်နေမှုကိုလည်း ဟန့်တား နှောက်ယှက်နေတာ ဖြစ်ပါတယ်။ ဘာသာအကျိုး သာသနာအကျိုး ဆောင်ရွက်နေတဲ့ လုပ်ငန်းမှန်သမျှကို ဘယ်ပုဂ္ဂိုလ် ဘယ်ဌာနကပင် ဆောင်ရွက်ပါစေ မုဒိတာ ပွားနိုင်မှသာ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဖြစ်မှာပါ။ သာသနာ အကျိုးတွက် လုပ်ကိုင် ဆောင်ရွက်နေသူတွေ လုပ်သမျှ အကောင်း မမြင်နိုင်တဲ့စိတ်၊ မစ္ဆရိယစိတ်၊ အလှူရှင်တွေရဲ့ ကုသိုလ်စိတ်တွေကို ပိတ်ပင်လိုတဲ့ ဒီမိုကရေစီ လိုလားသော ကျောင်းသားများ အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားများ မရှိနိုင်ပဲ လက်ရှိ ဘ၀မှာပင် မိမိကိုယ်ကို မိမိ ပူလောင် စေသူများအဖြစ် သေသည်အထိ နေသွားကြရမှာ ဖြစ်သလို သံသရာ တစ်လျှောက်လုံး ဒီပြုခဲ့တဲ့ အကုသိုလ် ကံကို မလွဲမသွေ ခံကြရမှာပဲ ဖြစ်ပါတယ်။
သာသနာရေး ၀န်ကြီးဌာနက ဒီလို နိုင်ငံပိုင် သတင်းစာတွေထဲမှာ ထည့်သွင်း နှိုးဆော်ပေးခဲ့လို့ စေတနာရှင် အလှူရှင်တွေက တယ်လီဖုန်းနဲ့ရော လူကိုယ်တိုင်ရော ဆက်သွယ် လှူဒါန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါကို ဒီမိုကရေစီ လိုလားသော ကျောင်းသားများ အဖွဲ့ အမည်ခံပြီး အင်တာနက် စာမျက်နှာပေါ်မှာ အလှူရှင်တွေ ယုံမှား သံသယ ဖြစ်အောင်၊ လှူဒါန်းလိုစိတ် စေတနာ ပျက်ပြားအောင် ရေးသား လှုံ့ဆော်မှုတွေ လုပ်နေတာဟာ သာသနာတော်ကို ထောက်ပံ့ လှူဒါန်းနေတဲ့ စေတနာရှင်တွေရဲ့ ကုသိုလ်စိတ်ကို ပိတ်ဆို့သူများ ဖြစ်တဲ့အတွက် ဒင်းတို့ဟာ မလွဲဧကန် မုချ အပယ်ငရဲသို့ ကျရောက်ကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ဒီလုံး