xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စကာၤပူ ရောက် မြန်မာများ

Friday, January 28, 2011

စကာင်္ပူ ရောက် မြန်မာများ


မန္တလေးမြို့မှ စင်ကာပူနိုင်ငံ သို့သွားရောက် အလုပ်လုပ်နေကြ သော မြန်မာလူငယ်များသည် အမေရိကန်
ဒေါ်လာနည်းတူ ကျဆင်း လာသော စင်ကာပူဒေါ်လာ၏ ငွေ ကြေးလဲလှယ်မှု ကျဆင်းမှုများ ကြောင့်နှင့် စင်ကာပူ လူနေမှုစရိတ် များကြီးမြင့်လာမှုတို့ကြောင့် မိမိ တို့နိုင်ငံသို့ ပြန်လည်အလုပ်လုပ် ရန်စိတ်ဝင်စားမှုများ ရှိလာကြောင်း စင်ကာပူနိုင်ငံ စီးပွားရေးကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နေသူတစ် ဦးက 7 Day News သို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် အများ အားဖြင့် စင်ကာပူဒေါ်လာ ၁၀၀၀ အောက်ရရှိသော ဝန်ထမ်း များသည် စင်ကာပူလူနေမှုစရိတ် နှင့် ငွေပိုလျှံခြင်း မရှိတော့ဘဲ စင်ကာပူဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ အထိရရှိသော ကုမ္ပဏီ ဝန်ထမ်း များသာလျှင် အသုံးစရိတ်နှင့် လူနေမှုစရိတ် မျှတနိုင်သည့် အခြေ အနေရှိကြောင်း အထူးသဖြင့် စင်ကာပူနိုင်ငံတွင် နေအိမ်ငှား ရမ်းစရိတ် ကြီးမားလာမှုသည် အခြေစိုက် နေထိုင်သူများအတွက် အခက်အခဲ ဖြစ်လာကြောင်း ၎င်း က ထပ်မံပြောသည်။


စင်ကာပူနိုင်ငံ အိုင်တီကုမ္ပဏီ တစ်ခုတွင် လုပ်ကိုင်နေသော မြန် မာအမျိုးသမီး တစ်ဦးက “ကျွန်မ တစ်လ စင်ကာပူဒေါ်လာ ၃၅၀၀ ခန့်ရပါတယ်။ အိမ်ခန်းငှားခက တစ်လ ၁၂၀၀ ခန့်ရှိပါတယ်။ အ ခြားစားစရိတ်၊ လူမှုရေးစရိတ်တွေ နဲ့ အိမ်တောင် သိပ်ပြီး ပြန်မပို့နိုင် ပါဘူး။ မစားသောက်ဘဲစု၊ လူမှု ရေးမရှိဘဲနေရင်တော့ ရပါတယ်။ ဒါပေမဲ့ ကျွန်မက မြန်မာဖြစ်နေ သော မိတ်ဆွေတွေကို ကျွေးချင် တယ်။ ဘာသာရေး၊ လူမှုရေးတွေ မှာ ကူညီချင်တယ်။ ဒါပေမဲ့ရတဲ့ လခနဲ့လုပ်ရတဲ့ လုပ်ငန်းနဲ့ စိတ်ဖိစီး မှုတွေ တအားဖြစ်ရတယ်။ ကျွန်မ လို တစ်လစင်ကာပူဒေါ်လာ ၃၅၀၀ ပေးထားတော့ ပေးတဲ့ငွေနဲ့ တန်အောင်ခိုင်းတယ်။ ကျွန်မ အောက် မှာ ဝန်ထမ်း၂၀ ရှိတယ်။ ကျွန်မတို့ ကုမ္ပဏီမှာ နိုင်ငံခြားသားဝန်ထမ်း တွေကို စင်ကာပူဒေါ်လာ အနည်း ဆုံး ၈၀၀ မှ ၂၅၀၀ ထိ ပေးထား တယ်။ အင်မတန် စိတ်ဖိစီးမှုတွေ များပါတယ်။ ကိုယ် တိုင်းပြည်မှာ ပဲ ကိုယ်လုပ်ကိုင် စားသောက်ချင်ပါ တယ်”ဟု ပြောသည်။

စင်ကာပူ ကုန်တိုက်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မန္တလေးသားတစ်ဦးက “စင်ကာပူက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတာ မှန်တယ်။ ဒါပေမဲ့ အ ရမ်းကြိုးစားရတယ်။ ကျွန်တော် စင်ကာပူမှာ အလုပ်လုပ် တုန်းက ကျွန်တော်ရတဲ့ငွေက တစ်လ မြန်မာ ငွေကျပ် ခုနစ်သိန်းလောက်ရပါ တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ တစ် လကျပ် နှစ်သိန်းလောက်ရတဲ့ အလုပ်က ပိုပြီး စိတ်ချမ်းသာမှုရှိ ပါတယ်”ဟု သူ၏အမြင်ကိုပြော သည်။

Credit : 7Days News