xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပထမအကြိမ်လွှတ်တော်အစည်းဝေးများကျင်းပမည်

Tuesday, January 11, 2011

ပထမအကြိမ်လွှတ်တော်အစည်းဝေးများကျင်းပမည်

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း၊ ကြေညာချက်အမှတ် (၂/၂၀၁၁)ဖြင့် ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း၊ ကြေညာချက် အမှတ် (၃/၂၀၁၀) ဖြင့် ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်းနှင့် ဥပဒေ နည်းဥပဒေ စာအုပ်(၁၇)မျိုးအား ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်း ကြေညာချက်များကို ၁၀-၁-၂၀၁၁ ရက်နေတွင် တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် (၁/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်)
ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်အရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်) တနင်္လာနေ့ နံနက် ၈ နာရီ၊ ၅၅ မိနစ် အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာ လိုက်ပါသည်။
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ


ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် (၁/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်)
ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်) တနင်္လာနေ့ နံနက် ၈ နာရီ၊ ၅၅ မိနစ် အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ


ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် (၃/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်)
ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အသီးသီး၌ ၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်) တနင်္လာနေ့ နံနက် ၈ နာရီ၊ ၅၅ မိနစ် အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှ ကူယူဖော်ပြခြင်း ဖြစ်ပါသည်။)