xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံအား အိန္ဒိယမှ ဆိုက်ရောက်ဗီဇာပေးမည်

Friday, January 28, 2011

မြန်မာနိုင်ငံအား အိန္ဒိယမှ ဆိုက်ရောက်ဗီဇာပေးမည်


နယူးဒေလီမြို့ရှိ ရှေးဟောင်းလက်ရာ အဆောက်ဦးတစ်ခုပုံ


အိန္ဒိယနိုင်ငံသည် ဂျပန်၊ စင်္ကာပူ ၊ ကမ္မောဒီယား ၊ လာအို ၊ ဗီယန်နမ် နှင့် ဖိလစ်ပိုင် နိုင်ငံသား ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စနစ်ဖြင့် လည်ပါတ်ခွင့်ပြုပြီးနောက် ခရီးသွားကဏ္ဍတွင် အကြီးအကျယ်အောင်မြင်မှု ရသောကြောင့် ဆက်လက်၍ မြန်မာ နှင့် အင်ဒိုနီးရှား နိုင်ငံသား ခရီးသည်များအား ဇန်နဝါရီလ ၂၅ ရက်နေ့က ဆိုက်ရောက်ဗီဇာဖြင့် လည်ပါတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဤစနစ်သည် နိုင်ငံခြား တိုင်းပြည်များမှ ခရီးသွားများအတွက် အလွန်အဆင်ပြေသော အစီအစဉ်ဖြစ်ကြောင်း ၊ ဒီဇင်ဘာလအတွင်း ဆိုက်ရောက်ဗီဇာဖြင့် လာရောက် လည်ပါတ်သူပေါင်း ၆၅၆၉ ဦးရှိကြောင်း၊ ထို့ကြောင့် ၎င်းအစီအစဉ်ကို မြန်မာ နှင့် အင်ဒိုနီးရှား နိုင်ငံသား ခရီးသည်များအတွက် တိုးချဲ့ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။


အဆိုပါ ဆိုက်ရောက်ဗီဇာဖြင့် ရက် ၃၀ အထိ နေထိုင်နိုင်မည် ဖြစ်ပြီး ခရီးသည်များအနေဖြင့် နယူးဒေလီ ၊ မွန်ဘိုင်း ၊ ချန်နိုင်း  နှင့် ကတ်လကတ္တား စသော မြို့တော်ကြီးများ၏ လေဆိပ်များတွင် ဗီဇာကြေး ဒေါ်လာ ၆၀ သို့မဟုတ် ရင်းဂစ် ၂၇၃၀ခန့် ပေးသွင်း၍ ဆိုက်ရောက်ဗီဇာ ရယူနိုင်ကြောင်း သိရသည်။
မြန်မာ နှင့် အင်ဒိုနီးရှား နိုင်ငံသားများသည် တစ်နှစ်အတွင်း ဆိုက်ရောက်ဗီဇာကို အသုံးပြုကာ တစ်ကြီမ် နှင့် တစ်ကြိမ် အနည်းဆုံး ၂ လခြား၍  တစ်နှစ်လျင် ၂ ကြိမ် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပါတ်နိုင်ကြောင်း သိရသည်။
                                                                                            နယူးဒေလီ-January 25, 2011