xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အဲဒါတွေကြောင့်စိတ်ညစ်တာ

Thursday, January 13, 2011

အဲဒါတွေကြောင့်စိတ်ညစ်တာ

  • ရွေးကောက်ပွဲမလုပ်တော့မလုပ်လို့ လုပ်မယ်ဆိုတော့မ၀င်ဘူး..ကိုယ်တိုင်မ၀င်ယုံတင်မဟုတ်ဘူး ၀င်တဲ့သူတွေကိုပါကန့်ကွက်လိုက်သေး ပြီးတော့ ပြည်သူကိုမဲမပေးပဲနေကြဘို့ အရှက်မရှိတိုက်တွန်း လိုက်ကြသေးတယ်
  • ပါတီတွေမှတ်ပုံတင်ဆိုတော့မတင်ဘူး အချိန်ကျော်တော့မှရပ်တည်ရေးပြန်ကြိုးစားတယ်
  • နေအိမ်အကျယ်ချုပ်ချထားတော့ချထားလို့ လွတ်လာတော့ဈေးရောင်းနေတယ် အရူးကျော်သူအိမ် သွား လည်နေတယ် ၊ ဒီကြားထဲပန်းချီဆွဲလိုဆွဲ (ကလေးပန်းချီ) ၊ကရင်အင်္ကျီဝတ်ပြီးတာ လာပေါ့စားလိုစားနဲ့ လုပ်လိုက် သေးတယ်
  • DKBAဗိုလ်နှုတ်ခမ်းမွှေးကငြိမ်းချမ်းရေးချိုးဖေါက်ပြီးမြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့တွေကိုတိုက်တော့ဒီမိုက ရေစီလိုလားတာ  တပ်က ပြန်တိုက်တော့တိုင်းရင်းသားလက်နက်ကိုင်တွေကိုအနိုင်ကျင့်တာ
  • တပ်ကသူ့အလုပ်သူလုပ်နေတော့အခွင့်ထူးခံနေတာ ဒါဆိုအားလုံးဝင်ကြဆိုတော့လူ့အခွင့်ရေးချိုး ဖေါက်တာ
  • လွှတ်တော်မခေါ်သေးတော့မခေါ်လို့ ခေါ်ပြန်တော့လည်းရပ်ကပ်နေလို့အဆင်သင့်မဖြစ်ဘူးတဲ့
  • တခြားပါတီတွေကပြည်ခိုင်ဖြိုးကိုတရားစွဲတော့အမှန်တရားအတွက်လုပ်တာ ပြည်ခိုင်ဖြိုးကတရား ပြန်စွဲတော့ ဒါမတရားလုပ်တာ အနိုင်ကျင့်တာ
  • အစိုးရသတင်းစာမှာဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်စုကြည်လို့ခေါ်ရင်ဒါအသရေဖျက်တာသေးသိမ်အောင် လုပ်တာသူတို့ကလက်ရှိအစိုးရကို အာဏာရှင်အစိုးရ ၊ စစ်အစိုးရ ၊ နအဖလို့ခေါ်တော့   လွတ်လပ်စွာ ပြောဆိုကြတာ
  • ဒေါ်စုကြည်ဘုန်းကြီးအပါးတစ်ရာကျော်ဆွမ်းလောင်းတော့ ဒါဟာ....ဘာသာရေးကိုင်းရှိုင်းတာ ဦးခင်ရွှေသာသနာ့နုဂ္ဂဟ အသင်းနိုင်ငံတစ်ဝှမ်းမှာထောင်တော့ဘာသာရေးနဲ့နိုင်ငံရေးရောတာ
  • အမေရိကားနဲ့အနောက်ဥရောပနိုင်ငံတွေမှာစစ်မှုမထမ်းမနေရဆိုတော့ ဒီမိုကရေစီဆန်တာ မြန်မာပြည်မှာတော့ အသံကြားရုံပဲရှိသေးတယ် ဥပဒေချိုးဖေါက်တာ လူ့အခွင့်ရေးချိုးဖေါက်တာ
  • စီးပွားရေးကိုအစိုးရကချုပ်ကိုင်ထားတော့ထားလို့ပုဂ္ဂလိကပိုင်ပေးတော့လဲတသက်လုံးအစိုးရကိုဆန့်ကျင်နေ       တဲ့သူတို့တစ်တွေမရလို့မတရားပြန်ဘူး 
  • ဂီရိမုန်တိုင်းကို အစိုးရက သန်းထောင်ချီအကုန်အကျခံလုပ်နေတော့ဟိုဟာလိုတယ် ဒီဟာလိုတယ် NLD က သိန်း ၃၀ သွားလှုလိုက်မှအရာရာပြည့်စုံသွားတယ် 
  • အစိုးရစီးပွားရေးကိုတော့ကြေငြာချက်တွေဘာတွေထုတ်ပြီးဟိုလိုလုပ်လိုက်ပါလားဒီလိုလုပ်လိုက်ပါလားနဲ့  သူတို့ကြတော့တစ်နိုင်ငံလုံးမပြောနဲ့ NLD ရုံးချုပ်ကိုတောင်တိုးတက်အောင်မလုပ်နိုင်သေးဘူး အခမ်းအနားတွေမှာ ပလပ်စတစ်ခုံအစုတ်နဲ့နောက်ခံအနီရောင်ပိတ်အစုတ်ကခုထိမတက်သေးဘူး
  • နိုင်ငံတော်အကြီးအကဲ တရုတ်နိုင်ငံကိုချစ်ကြည်ရေးခရီးသွားတော့ တရုတ်အားကိုးတာ ဒေါ်စုကြည် တရုတ် သံအမတ်ကြီးနဲ့တွေ့တော့ အိမ်နီးချင်းအင်အားကြီးနိုင်ငံနဲ့ ဆက်ဆံရေးတည်ထောင်တာ