xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒီလူ ဒီမူတွေနဲ့တော့ခက်ချေပြီ

Saturday, January 15, 2011

ဒီလူ ဒီမူတွေနဲ့တော့ခက်ချေပြီ

နော်ဝေနိုင်ငံအခြေစိုက် ဘက်မလိုက် ကရင်အဖွဲ့မှ ဒီကေဘီအေ တပ်မဟာ ၅တပ်မှူး စောလားပွယ် (ခေါ်)နှုတ် ခမ်းမွေးအား ဒီဇင် ဘာလ ၄ရက်နေ့က ကရင့် ဒီမိုကရေစီ သူရဲကောင်း ဆု ပေးအပ် ချီးမြှင့် လိုက်ပါတယ်။
ကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီး ၏ မူလေးချက် အပေါ် အခြေခံကာ အမျိုးသားရေး အတွက် မားမား မတ်မတ် ရပ်တည်ဆောင်ရွက် ပေးခြင်းကြောင့် အဆိုပါ ဆုကို လက်ခံ ရရှိသွားခြင်း ဖြစ်သည်ဟု ဆုပေးပွဲ စီစဉ်သူများကပြောကြားလိုက်ပါသေးတယ်။
ဒီတော့..ဒီနေရာမှာစောဘဦးကြီးရဲ့မူ (၄) ချက်ဆိုတာကြီးကိုသိဘို့လိုလာပါပြီ..ကဲကြည့်ကြရအောင်..
( ၁ ) လက်နက်ချစကား အလျဉ်းမပြောရ
( ၂ ) ကရင့်လက်နက် ကရင့်လက်မှာရှိရမည်
( ၃ ) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်
( ၄ ) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်..................တဲ့..ကဲ..ကောင်းလိုက်တဲ့မူတွေ ..ဒီလူ ဒီမူတွေ နဲ့ကတော့ ရပါလိမ့်မယ်ငြိမ်းချမ်းရေး..ဖြစ်ပါလိမ့်မယ်ညီညွတ်ရေး..အောင်မြင်ပါလိမ့်မယ် ဒီမိုကရေစီ အရေး။