xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့စီးပွားရေးဦးမော့လာစေရေး NLD နေ့ပြန်တိုးပေး

Monday, January 31, 2011

မြန်မာ့စီးပွားရေးဦးမော့လာစေရေး NLD နေ့ပြန်တိုးပေး

ဒီကနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည့် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်၏ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်ကို အကောင်အထည် ဖော်သည့်နေ့ ၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ကြသည့် လွှတ်တော် အစည်း အဝေးကြီး စတင်ကျင်းပသည့် နေ့ဖြစ်ပါသည်။

ယင်းအစည်းအဝေးကြီးမှ နိုင်ငံတော် အတွက် အကျိုးစီးပွား ဖော်ဆောင် နိုင်မည့် အရေးကိစ္စများ၊ ပိုမိုဖွံ့ဖြိုး တိုးတက်စေမည့် အခွင့်အလမ်းများ အကောင်အထည် ဖော်ရေး၊ တိုင်းရင်းသားများ ပါမကျန် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး အကောင်အထည် ဖော်ကြတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ဒီကနေ့အချိန်အခါသည် မြန်မာနိုင်ငံကို ချစ်မြတ်နိုး သူတိုင်း၊ နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်ကြမည့် သူတိုင်းအတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ပင် ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်ပါသည်။

တစ်ဖက် တွင်လည်း ဒေါ်စုကြည်နှင့် NLD ပါတီဝင်များမှာလည်း အလွန်ကြီးကျယ်သော နိုင်ငံရေး အလုပ်များကို လုပ်ကိုင် နေသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။ ဒေါ်စုကြည်နှင့် NLDမှ ခေါင်းဖြူစွယ်ကျိုးမှ အစ လူငယ် အဖွဲ့ဝင်ဆိုသူများ ပါးစပ်မှ အမြဲတမ်း ပြောဆိုနေသည့် နိုင်ငံရေး လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိစေရန် တင်ပြချင်ပါသည်။ ဒေါ်စုကြည် ထိန်းသိမ်း ခံရစဉ်က လုပ်ဆောင်ချက်များကို အသာထားပြီး ဒေါ်စုကြည် လွတ်မြောက်လာသည့် အချိန်မှစ၍ ဒေါ်စုကြည် ပြောကြားခဲ့သည်မှာ Twitter ဆိုသည့် အင်တာနက်သုံးစွဲလို ကြောင်း ပြောကြားခဲ့ပြီး ယခုဆိုလျှင် စတင်သုံးစွဲနေပြီ ဖြစ်ကြောင်း ပြည်ပရှိ ဒေါ်စုကြည် အလိုတော်ကျ မီဒီယာများ တွင် ဝေေ၀ဆာဆာ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ထို့နောက်တွင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့် NLD ရုံးချုပ်တွင် မုန့်ပဲ သရေစာများ၊ တောင်ခြစ် မြောက်ခြစ် ပို့စကတ်များကို ဈေးရောင်း ပွဲတော်ပြုလုပ်ခဲ့ပြီး တခမ်း တနား ဖွင့်ပွဲများဖြင့် ပြုလုပ်ခဲ့သည် ကိုလည်း အင်တာနက် စာမျက်နှာများ မီဒီယာများတွင် ကမ္ဘာ့အရေးကြီး သတင်း တစ်ခုသဖွယ် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယင်းေ ဈးရောင်းပွဲတော်မှ သိန်း(၁၀၀)ကျော်ဖိုးပင် ရောင်းချခဲ့ ရသဖြင့် တစ်နိုင်ငံလုံးရှိ ပါတီခေါင်းဆောင်များ အကြီးအကျယ် ဆွေးနွေး တိုင်ပင်ကြပြီး နိုင်ငံတစ်ဝန်းလုံး ဈေးရောင်း ပွဲတော်များ ပြုလုပ်ရန်လည်း စီစဉ်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းလျှက် ရှိပါသည်။

ယခု နောက်ဆုံး ကြားသိရသည့် သတင်းတစ်ခုကဖြင့် NLD ၏ ခေါင်းဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ဒေါ်စုကြည်၏ မဟာ့ မဟာနိုင်ငံရေး လုပ်ငန်းကြီးကို အကောင်အထည် ဖော်တော့မည့် သတင်းပင် ဖြစ်ပါသည်။ ဒေါ်စုကြည် သည် ကမ္ဘာပေါ်တွင် အင်မတန် နာမည်ကျော်ကြားသော Oxford တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ ဖြစ်ပါသည်။ ယခု ဒေါ်စုကြည် ၏ စီမံချက်အသစ်မှာ မတည်ငွေ ကျပ်သိန်း(၂၀)ဖြင့် တာမွေမြို့နယ် အတွင်းရှိ ပျံကျဈေးသည်များကို တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) ထုတ်ချေး မည်ဖြစ်ကြောင်း၊ တစ်နေ့လျင် ကျပ် (၆၀၀)နှုန်း ပြန်လည်ပေးသွင်း ရမည်ဖြစ်ကြောင်း၊ ၎င်းငွေကြေးများကို ဗဟန်းမြို့နယ် အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်သိန်းကြည်မှ တာဝန်ယူ၍ ဖေဖော်ဝါရီ ပထမပတ်(သို့) ဒုတိယပတ် အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဟူ၍ဖြစ်ပါသည်။ ယင်း ဖြစ်ရပ်ကို လူတိုင်း နားလည်စေရန် ဘာသာပြန်လိုက်လျှင် ဒေါ်စုကြည် ခေါင်းဆောင်သည့် NLD အဖွဲ့သည် ဖေဖော်ဝါရီလမှ စတင်၍ နေ့ပြန်တိုးပေးသည့် အလုပ်ကို စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်ပါသည်။

နေ့ပြန် တိုးဆိုသည်မှာ ရပ်ကွက်များ၊ ဈေးများ အတွင်းတွင် လုပ်ကိုင်သည့် အတိုးဖြင့် အသေးစား ငွေချေး လုပ်ငန်း ဖြစ်ပါသည်။ ယင်းအလုပ်မျိုးကို ဒေါ်စုကြည်မှ ဦးဆောင်ပြီး လက်လုပ်လက်စားများဆီမှ ငွေတိုး ပေးနေခြင်းမှာ ယင်း ဈေးသည်များကို ကူညီသလို ဟန်ပြပြီး ဒုက္ခပေး နေခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာ့ပေါ်တွင် ရှိရှိသမျှဆု အကုန် ရယူထားသည့် ဒေါ်စုကြည်၏ အတွေးများမှာ ဤမျှပင် သေးသိမ် နေသည်ကို အံ့သြဖွယ်ရာ တွေ့ရပါသည်။ ယင်း စိတ်ဓာတ်မျိုးဖြင့် တိုင်းပြည်ကို ခေါင်းဆောင်မည်ဟု အသံကောင်းဟစ် နေနိုင်သေးသည်။
သို့သော်လည်း ယင်း ငွေချေးသည့် လုပ်ငန်းသည်လည်း တော်တော်လေး နာမည်ကြီး ဦးမည်ဖြစ်ပြီး ၊ နောက်ထပ် ဆုများပင်ရချင် ရနေ ပါဦးမည်။ အဘယ်ကြောင့် ဆိုသော် Oxford တက္ကသိုလ်ဆင်း ၊ ဆုများ ပိုင်ရှင်ကြီးမှ စတင် တီထွင်လိုက်သည် ဆိုပြီး dvb, rfa, bbc သတင်းဌာနများမှ အပြိုင်အဆိုင် ထုတ်လွှင့်လာ ကြဦးမည်ကို မြင်ယောင် မိပါသေးသည်။ သက်တမ်း ၂၀ လောက် ဒေါ်စုကြည်နှင့် NLD အဖွဲ့သားများသည် မြန်မာနိုင်ငံ တိုးတက်ကောင်းစားရေး၊ ကြီးကျယ် မြင့်မြတ သည့်နိုင်ငံရေးဆိုသည့် စကားများကိုသာ ပြောဆို နေခဲ့သော်လည်း ယခုကဲ့သို့ NLD ၏ နြေ့ပန်တိုး ပေးစားသည့် လုပ်ဆောင်ချက်များကို မြင်တွေ့နေရခြင်းသည် DVB မှ နေဇော်နိုင် ပြောနေသည့် စကားများထက်ပင် ဟာသရသ ပိုမြောက်နေပြီး မပြုံးဘဲ ၀ါးလုံးကွဲအောင်သာ ရယ်စရာ ကောင်းနေ ပါတော့သည်ဟု ငွေတိုးချေးစားနေသည့် နိုဗယ် ဆုရှင် NLD ခေါင်းဆောင်ကြီးကို ပြောလိုက်ချင်ပါသည်။ ဆည်းဆာ
Credit : ရွှေပြည်သစ်