xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀င်ငွေ မညီမျှမှု ကမ္ဘာတွင် အမေရိကန်က ထိပ်ဆုံးက ပြေးနေ

Tuesday, January 25, 2011

ဝင်ငွေ မညီမျှမှု ကမ္ဘာတွင် အမေရိကန်က ထိပ်ဆုံးက ပြေးနေ

အမေရိကန်သမ္မတ အိုဘားမား

ဝင်ငွေ မညီမျှမှု ကမ္ဘာတွင် အမေရိကန်က ထိပ်ဆုံးက ပြေးနေ ဆင်းရဲ နွမ်းပါး သူများအား စား နပ် ရိက္ခာ ထောက်ပံ့ ပေးရသော ဌာန၏ အဆိုအရ လွန်ခဲ့သော သုံးနှစ် အတွင်း ထောက်ပံ့ရေး ရိက္ခာ ၆၀ရာခိုင်နှုန်းထိ တိုးတက် ပေးဝေ နေရကြောင်း သိရ သည်။ ကော်ပို ရေးရှင်းကြီးများနှင့် အလှူရှင်တို့၏ အရေအတွက် မှာလည်း ကျဆင်းလာပြီး ၄င်းတို့ အနေဖြင့်လည်း ဆက်လက် ထောက်ပံ့ခြင်းငှာ မစွမ်း နိုင်တော့ဟု ဆိုသည်။
အမေရိကန် ပြည်သူ လူဦးရေ၏ ၁၅ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုစံချိန်မျဉ်းကြောင်း အောက်တွင် အသက်ရှင် နေထိုင်ကြရ သည်ဟု အမှုဆောင် အရာရှိတစ်ဦးက Press TV သို့ ပြောကြားခဲ့သည်။ Hunger Action Network in New York ၏ အဆိုအရ နိုင်ငံရေး ဆုံးဖြတ်မှု မှားယွင်းခဲ့ခြင်းကြောင့် အငတ်ဘေးပြဿနာမှာ လွန်ခဲ့သော နှစ် ၃၀ ကပင် စတင် ခဲ့ခြင်းကြောင့် ယမန်နှစ်မှ စတင်၍ ရိက္ခာ ထောက်ပံ့ရေးဌာန၏ အသုံးစရိတ်များ ကို အစိုးရက လျှော့ချ ဖြတ်တောက် ခဲ့ပြီးလည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း အိုးမဲ့အိမ်မဲ့ဖြစ်လာရသူ ၉ရာခိုင်နှုန်း တိုးပွားလာရသည်ဟု ယမန်နှစ်ကိန်း ဂဏန်းများက ဆိုသည်။ ထိုသူ လေး ပုံတစ်ပုံလောက်မှာ အစိုးရ၏ထောက် ပံ့မှု အလျန်းမရကြဟုလည်းဆိုသည်။ အငတ်ဘေး ပြဿနာသည် တစ်စတစ်စ ကြီးထွားပျံ့နှံ့လာနေပြီး ဒေသ အလိုက် ရိက္ခာထောက်ပံ့မှုမျိုးကို ယခင်အခါများက ထိုဒေသနေ လူထု မှာ လိုအပ်ခြင်းမရှိခဲ့ပေ။ အချို့ဆင် ခြေဖုံးနေ ချမ်းသာသူအချို့ပင်လျှင် အလုပ်လက်မဲ့ ဖြစ်ခဲ့ခြင်းကြောင့် ထောက်ပံ့ရေး ရိက္ခာများကို ငံ့လင့်လာ ရသည်ဟု ရိက္ခာထောက်ပံ့ရေးဌာနမှ ဒင်နာလန်ဒန်က ပြောကြားသည်။
                                                                                                                  ထူးနွယ်နောင်  
credit : powerနိုင်ငံတကာသတင်း