ဆရာခင်မောင်ညို (ဘောဂဗေဒ)
(၁) အချို့က မြန်မာပြည်သူပြည်သားများကို ထိခိုက်နစ်နာစေသဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားသင့်သည်ဟု ဆိုကြသည်။
(၂)
အခြားသူများက အစိုးရ၊ အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သူများသည်
သဘာဝသယံဇာတများ ရောင်းချရာမှ အကျိုးရှိနေသဖြင့် ၄င်းတို့ကို ဒုက္ခပေးရန်
စီးပွားရေးပိတ်ဆို့မှု မြှင့်တင်သင့်သည်ဟု ဆိုကြပြန်သည်။
(၃)
စီးပွားရေးပိတ်ဆို့မှုများသည် စီးပွားရေးပိတ်ဆို့ရန် ရည်ရွယ်ချက်ကို
ရစေနိုင်ခြင်း မရှိဟု အများကကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပြန်သည်။
(၄) အခြားအမြင်တစ်ခုမှာ-
(က)
နည်းပညာ၊ အတတ်ပညာများ၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များ၊
ဈေးကွက်လည်ပတ်ပုံ သတင်းအချက်အလက်များ၊ စီးပွားရေးလုပ်ငန်းများ စုစည်းပုံ၊
စီမံခန့်ခွဲမှု၊ လည်ပတ်ပုံ၊ ဘဏ်နှင့် ဘဏ္ဍာရေးအတွေ့အကြုံများ၊
အရင်းအနှီးဈေးကွက်၊ အုပ်ချုပ်ရေးကောင်း၊ ကုမ္ပဏီများ၏ လူမှုရေး တာဝန်ယူမှု
သဘောထား၊ လူမှုဖူလုံရေး-
အတိုချုပ်အနေဖြင့်ဆိုလျှင်
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဖြစ်ရန်
လိုအပ်သည့် အမာထည် (Hardware) နှင့် အပျော့ထည် (Software) တို့သည်
အနောက်နိုင်ငံများတွင်သာ စုစည်းပြီး ရှိနေသည်။
(ခ)
ဒုတိယအချက်အနေဖြင့် မဝေးသော အတိတ်ကာလတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော
အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ်၊ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က အာရှကျားများ၊
အရှိန်အဟုန်ဖြင့် တိုးတက်လာရန် အနောက်နိုင်ငံများမှ နည်းပညာများ၊
စွမ်းအားစုများနှင့် ဈေးကွက် တို့ကို ရယူခဲ့ရပါသည်။
(ဂ)
စီးပွားရေးပိတ်ဆို့မှုများကြောင့်၊ မြန်မာပြည်သူပြည်သားတို့သည်၊
အိမ်နီးချင်းနိုင်ငံများကဲ့သို့ အနောက်နိုင်ငံများမှ ရရှိနိုင်သော
အခွင့်အလမ်းများကို မရရှိနိုင်တော့ပါ။
(ဃ) ထိုသို့
မရရှိသဖြင့်၊ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့်
ဈေးကွက်တို့ကို အားကိုးအားထားပြုကြရပါသည်။ သို့သော်
အိမ်နီးချင်းနိုင်ငံများမှ ရရှိသော စွမ်းအားစုများသည်၊
၎င်းတို့အနောက်နိုင်ငံများမှရရှိနေသည်များ၏ စံချိန်စံညွှန်းများ
အထူးသဖြင့်ပတ်ဝန်းကျင်ထိခိုက်မှု၊ မြင်သာထင်သာရှိမှု၊ တာဝန်ယူမှု၊ ကုမ္ပဏီများက
လူမှုရေးတာဝန်ယူမှု နယ်ပယ်များကို မမီပါ။
သို့ဖြစ်ရာ၊ စီးပွားရေးပိတ်ဆို့မှု၏ အကျိုးအပြစ်ကို ဖေါ်ထုတ်ခြင်း၊
မြန်မာပြည်သူပြည်သားအများစု မည်သို့ခံစားနေရသည်ကို ဖေါ်ထုတ်ရန်
ဆုံးဖြတ်ခြင်းတို့အပြင် အကယ်၍ က်ရှိအတိုင်း စီးပွားရေးပိတ်ဆို့မှုများ
ဆက်လက်ရှိနေလျှင် အိမ်နီးချင်းအာရှနိုင်ငံများကို မည်ကဲ့သို့
အမီလိုက်နိုင်မည်၊ အာဆီယံလူ့အဖွဲ့အစည်းတွင် အဓိပ္ပါယ်ရှိသော အခန်းကဏ္ဍမှ
မည်သို့ပါဝင်နိုင်မည်တို့ကို ပို၍ ပူပန်ကာ၊ အမေးထုတ်သင့်ကြောင်း
လေ့လာရပါသည်။
( ဆရာခင်မောင်ညို (ဘောဂဗေဒ)၏ လေ့လာဆန်းစစ်မှုဖြစ်ပါသည်)