xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တရုတ် မော်တော်ယာဉ်များ မြန်မာ ဈေးကွက် သို့ ပိုမို ထိုးဖောက်ရန် ကြိုးပမ်း

Wednesday, January 12, 2011

တရုတ် မော်တော်ယာဉ်များ မြန်မာ ဈေးကွက် သို့ ပိုမို ထိုးဖောက်ရန် ကြိုးပမ်း


တရုတ်နိုင်ငံ အခြေစိုက် မော် တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ များ အနေဖြင့် မြန်မာ့ ဈေးကွက် သို့ ပိုမို ထိုးဖောက် ၀င်ရောက်ရန် ကြိုး ပမ်း လျက် ရှိကြောင်း သိရသည်။
အဆိုပါ အစီအဉ် အရ မြန်မာ နိုင်ငံရှိ စက်မှုဇုန် ၁၈ ခု တွင် မော် တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း များ ပူးပေါင်း ဆောင်ရွက်ရန် တရုတ် ကုမ္ပ ဏီ များက စီစဉ် လျက်ရှိကြောင်း၊ မြန် မာ အစိုးရ က အပြည်ပြည် ဆိုင်ရာ စီး ပွားရေး ပူးပေါင်း ဆောင်ရွက် မှုများကို ခွင့်ပြု လိုက်ပြီး နောက် တရုတ် နိုင်ငံ လုပ် စက် ပစ္စည်း ကိရိယာ များနှင့် မော်တော် ယာဉ်များ မြန်မာ့ ဈေး ကွက် တွင်း သို့ ပိုမို ထိုးဖောက် ၀င် ရောက် လာ ခဲ့ကြောင်း၊ တစ်ချိန် တည်း မှာပင် ပြည်တွင်း မော်တော် ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အချို့ က ဂျပန် နိုင်ငံ အခြေစိုက် ကုမ္ပဏီ များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လည်း စီစဉ် လျက် ရှိကြောင်း၊ လက်ရှိ အချိန် တွင် တရုတ် မော်တော်ယာဉ် ကုမ္ပဏီ ငါးခု က မြန်မာ နိုင်ငံ နှင့် ပူးပေါင်း ဆောင် ရွက်ရန် ညှိနှိုင်း လျက် ရှိကြောင်း၊
Ramma နှင့် SSS ကဲ့သို့ တရုတ် နိုင်ငံ အခြေစိုက် ပုဂ္ဂလိက ပိုင် ကုမ္ပဏီ များ ကလည်း ရန်ကုန်မြို့၌ ကျင်းပ ခဲ့ သည့် ကုန်စည် ပြပွဲ အချို့တွင် တရုတ် နိုင်ငံ လုပ် မော်တော်ယာဉ် များ ကိုလာ ရောက် ပြသ ခဲ့ကြောင်း၊ တရုတ် နိုင်ငံ လုပ် အသစ် စက်စက် အားကစား ပြိုင်ပွဲ သုံး မော်တော်ယာဉ် တစ်စီး၏ လက်ရှိ ပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ဖြစ်ကြောင်း၊ မြန်မာ့ မော်တော်ယာဉ် ဈေးကွက်ကို ဂျပန်နိုင်ငံ လုပ် တစ်ပတ်ရစ် ကား များက ကြီးစိုး ထားရာ တရုတ် နိုင်ငံ လုပ် မော်တော်ယာဉ် များ၏ ဈေး ကွက် အခြေအနေ ကို စီးပွားရေး လုပ် ငန်းရှင် များက စိတ်ဝင်တစား စောင့် ကြည့်လျက် ရှိကြောင်း သိရသည်။
                                                                                                               ဖြိုးမောင်မောင်