xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၂ )

Thursday, January 6, 2011

သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၂ )

NLD ၏သဘောထား
NLDရဲ့( ၆၃ ) နှစ်မြောက် လွတ်လပ်ရေးနေ့စီးပွားရေးကြေငြာစာတမ်းပါတဲ့ဗျား ဖတ်ကြည့်ကြပါဦး သိက္ခာရှိတဲ့ သံတမန်ဆန်တဲ့စကားလုံးအသုံးအနှုံးတွေမပါပဲ   လက်ရှိအစိုးရကိုအပြစ်တင်ဝေဖန်ထားတဲ့စာ သက်သက်သာ ဖြစ်တယ်ဆိုတာတွေ့ရပါတယ် ။  တဖက်က တွေ့ဆုံဆွေးနွေးရေးတစာစာအော်နေပြီး အခြားတစ်ဘက်က ဒီလိုစာမျိုးတွေထုတ်ပြန်နေတာဟာ NLD   အနေနဲ့တွေ့ဆုံဆွေးနွေးရေးကို အမှန်တကယ် မလိုလားဘူးဆိုတာ ပြသနေတာပါပဲ။ဒီထဲမှာပါတဲ့ ကိန်းဂဏန်းတွေဟာ  လဲအပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံ ငွေအဖွဲကထုတ်ပြန်တဲ့ အစီရင်ခံစာတွေကို ကိုးကားထားတာတွေ့ရပါတယ် တစ်ခါ ဒီအပြည်ပြည်ဆိုင်ရာငွေ ကြေးရံပုံငွေအဖွဲကရော ဒီကိန်းဂဏန်းတွေ ဘယ်ကရသလဲဆိုရင် ပြည်ပမှာရောက်နေတဲ့ လက်ရှိအစိုးရကို ဆန့် ကျင်နေတဲ့အမည်နာမ အမျိုးစုံတပ်ထားတဲ့ အဖွဲ့တွေဆီကနေရယူထားတာပါတဲ့ ကဲကောင်း ကြရောဗျာဘာတဲ့ ...ပညာရေးကဏ္ဍမှာ စုစုပေါင်းတိုင်းပြည်ထုတ်ကုန်တန်ဘိုးရဲ့ ၁% ၊ ကျန်းမာရေးကဏ္ဍမှာက ၀.၅%သာ သုံးစွဲနေတဲ့အတွက် တဲ့ဟုတ်လား...တော်တော်ကိုရီစရာ ကောင်းတဲ့ကိန်းဂဏန်းတွေပါပဲဒီငွေလောက်နဲ့ကတော့ ပညာသင်ဘို့ ဆေးဝါးကုသဘို့  ဆိုတာထက် အဲဒီဝန်ကြီးဌာန(၂)ခုရဲ့ ၀န်ကြီးဌာနရပ်တည်ဘို့ သာမန်အသုံးစရိတ် တောင်မလောက်ဘူးဆိုတာ နလပိန်းတုန်းတွေတောင်သိပါတယ်..ဒါကို NLD က ခုလိုကိန်းဂဏန်းတွေကို ဒီလိုစစ်တမ်းမှာ ထည့်သွင်းအသုံးပြုထားတာဟာ NLDရဲ့ စီးပွားရေးဆိုင်ရာ တွေးခေါ်မြော်မြင်နိုင်မှု အဆင့်အတန်းကိုပြနေတာပါပဲ၊နိုင်ငံတစ်ခုမပြောနဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်တစ်ခုရဲ့ ၀င်ငွေ ထွက်ငွေကိုတောင်  အဲဒီကာယကံရှင်အိမ်က လူတစ်ယောက် မှမပါပဲနဲ့ ဘယ်လိုမှတွက်လို့မရပါဘူး တွက်ရင်လဲအမှန်မရပါဘူး၊ဒီအထဲမှာ အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှု အကြောင်း စာတစ်လုံး တောင် မပါတာကိုကြည့်ခြင်းအားဖြင့် ဒီစာတမ်းရဲ့ သမာသမတ်ကျမှု မရှိတာကိုမြင်ရမှာဖြစ်သလို ဒီစီးပွားရေးပိတ်ဆို့မှုရဲ့အဓိကတရားခံတွေဟာလဲ ဒီအဖွဲ့ရဲ့လက်ချက်ပဲဆိုတာ ဖေါ်ပြနေသလိုပါပဲ..
ကဲ...သင်အစိုးရဆိုရင်ဒီလို ကိုယ့်ကိုတောက်လျှောက် မဟုတ်တာတွေပြောဆို ပုတ်ခတ်ဝေဖန်နေသူတွေ ကို
၊အဲဒီအဖွဲ့တွေကို ဘယ်လိုသဘောထားမလဲ....ပြုံးပြုံး ကြီးလုပ်ပြီးတွေ့ဆုံစကားပြောမလား ဒါမှမဟုတ်ဘယ်
လိုလုပ်မလဲ..ကျွန်တော်သာဆိုလို့ကတော့ ရိုင်းရိုင်းပြောရရင် ဆောင့်ကန်ပြစ်တယ်ဗျာ....




46271631-၆၃နှစ်မြောက်-လွတ်လပ်ရေးနေ့-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏-စီးပွားရေးသုံးသပ်ချက်စာတမ်း-၊-သဘာပတိမိန့်ခွန်းနှင့်-ကြေငြာချက်များ