xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လော့စ်အိန်ဂျလိစ်မှာ အထက်တန်းကျောင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား

Tuesday, January 25, 2011

လော့စ်အိန်ဂျလိစ်မှာ အထက်တန်းကျောင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား

ကျောင်းရှေ့တွင် မိဘများ စိတ်ပူပင်စွာ စောင့်ဆိုင်းနေကြစဉ်

 လော့စ်အိန်ဂျလိစ်မှာရှိတဲ့ အဆငြ့်မင့် အထက်တန်း ကျောင်းတွင် အင်္ဂါနေ့(ဇန်န၀ါရီ ၁၈ ရက်) နံနက် ပိုင်းက သေနတ်ပစ်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ လော့စ်အိန်ဂျလိစ် မီးသတ်ဌာနရဲ့ အဆိုအရ သေနတ်ပစ်မှုဟာ အဆိုပါ ကျောင်းတွင်း၌ နံနက် ၁၀း၃၀ နာရီ လောက်မှာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
 အမေရိကန် နိုင်ငံတစ်ဝန်းတွင် သေနတ် ပစ်မှုများ များပြားစွာ ပေါ် ပေါက် ဖြစ်ပွားခြင်းများအပေါ် စိုးရိမ် မှုများ မြင့်မား လျက် ရှိနေကြစဉ်မှာ အဆိုပါ သေနတ်ပစ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ သတင်းများအရ အနည်းဆုံး ကျောင်းသား နှစ်ဦးဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အရီဇိုးနားပြည် နယ်၊တပ်(က်)ဆန်တွင် သေနတ် သမားတစ်ဦးရဲ့ ရမ်းကားပစ်ခတ်မှု ကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး အမေရိကန် ကွန်ဂရက် အမျိုးသမီး အမတ်မစ်္စဂီးဖ်ဖို့ဒ်နှင့် လူ ၂၀ ကျော် ခန့်ဒဏ်ရာရရှိခဲ့ကြပါတယ်  အဆိုပါ ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ပြီး နှစ်ပတ် အကြာမှ လော့စ်အိန်ဂျလိစ် အထက် တန်းကျောင်း သေနတ်ပစ်မှု ဖြစ်ပေါ် ခဲ့တာပါ။ အမေရိကန် နိုင်ငံဟာ ကမ္ဘာ ပေါ်တွင် ပုဂ္ဂလိက သေနတ်ပိုင်ဆိုင်မှု အရေအတွက် အများဆုံးနိုင်ငံ ဖြစ်ပါ တယ်။ အမေရိကန် လူဦးရေ ၃၀၉ သန်း ရှိတဲ့အနက် သန်း ၂၅၀ ကျော် မှာ ပုဂ္ဂလိက သေနတ်များ ပိုင်ဆိုင် ထားကြတယ်လို့ ဆိုပါတယ်။