xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD က မြန်မာ့ပညာရေးလောက ဦးမော့လာစေရန် တရားမ၀င် ကျူရှင်ဖွင့်

Tuesday, January 18, 2011

NLD က မြန်မာ့ပညာရေးလောက ဦးမော့လာစေရန် တရားမ၀င် ကျူရှင်ဖွင့်

အမေ့ကြက်ခြံဟု ဒေသခံများနောက်ပြောင်ခေါ်နေကြသော NLD ၏ အမေ့အိမ် ကျောင်းဖွင့်ပွဲ 

ဒေါ်စုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအ ဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း လှိုင်သာယာမြို့နယ်တွင်အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ဖြင့် လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ဖွင့်လှစ်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါကျောင်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အမှတ် ( ၃ ) အခြေခံပညာ ဦးစီးဌာန မှ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့်ညီညွတ်မှုမရှိသဖြင့် ဖွင့်လှစ်ခြင်းမပြုရန် တာဝန်ရှိသူ မြို့နယ် ပညာရေးမှုးမှ လာရောက်အကြောင်းကြားသော်လည်း လိုက်နာခြင်းမရှိပဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါသည်။ 
" NLD ကမူလတန်းကျောင်းဖွင့်တယ်ဆိုလို့သွားကြည့်တာ ခပ်သေးသေးလေးပါပဲ..အမေ့အိမ်ဆိုလား နာမည်ပေးထားတယ်ပြောတယ် အားမကိုးလောက်ပါဘူး ရပ်ကွက်ထဲက ခလေးတွေကတော့ အမေ့ကြက်ခြံ လို့နောက်ပြီး ခေါ်နေကြတယ် " ဟုလှိုင်သာယာ မှ ကျောင်းသားမိဘ တစ်ဦးကပြောကြားပါသည်။

" သူတို့ဖွင့်ချင်လို့သာဖွင့်နေတာပါ တကယ်တော့လာမယ့်ဖေဖော်ဝါရီ ဒုတိယအပါတ်ထဲမှာ ဒုတိယနှစ် ၀က်ဆုံးစာမေးပွဲတွေက ဖြေတော့မှာလေ..အဲဒါပြီးရင်ဒီစာသင်နှစ်ပြီးပြီ အဲဒါ ခုမှကျူရှင်ဖွင့် တယ်ဆိုတော့ မိုးလွန်မှ ထွန်ချဆိုတာမျိုး ဖြစ်နေတာပေါ့ " ဟု အထက်တန်းပြဆရာမတစ်ဦးလည်းဖြစ် ကျောင်းသားမိဘ တစ်ဦး လည်းဖြစ်သူ လှိုင်သာယာမြို့ခံတစ်ဦးကဆိုပါသည်။

၁၉၉၆ ခုနှစ်က မြန်မာကလေးငယ်များအတွက် ဂျပန်နိုင်ငံအစိုးရက မူလတန်းကျောင်း ၅၀၀ ဆောက်ပေး ဘို့ကမ်းလှမ်းချက်ကို ဒေါ်စုကြည်နဲ့ NLD က ပိတ်ဆို့တားဆီးခဲ့တဲ့ အတွက် မြန်မာကလေးငယ်များ နစ်နာ ခဲ့တာနဲ့စာရင် ဒီကျောင်းဟာ ဆင်သေကို ဆိတ်ရေနဲ့ဖုံးသလိုသာဖြစ်နေကြောင်းလည်း သုံးသပ်မိပါသည် ။


မြန်မာ့ဒီမိုကရေစီအရေးကို ဦးဆောင်ဦးရွက်ပြုမည်ဆိုသည့် အဖွဲ့အစည်းတစ်ခုက ယခုကဲ့သို့ ဥပဒေမဲ့လုပ်ဆောင် ခြင်းမှာ မသင့်တော်ကြောင်း မည်မျှပင် ရည်ရွယ်ချက်ကောင်းမွန်သည် ဖြစ်ပါစေ ဥပဒေနှင့် အညီ ဆောင်ရွက် လုပ်ကိုင်သင့်ကြောင်း NLD အနေဖြင့် ဘာလုပ်လုပ် အာဏာပိုင် တို့နှင့် အနည်းနှင့်အများ ပြသနာဖြစ်ပွားရန် ရည်ရွယ်ဆောင်ရွက်နေသည်မှာ ရေရှည်အနေဖြင့် ဆိုးကျိုး များသာ ရရှိစေမှာဖြစ်ကြောင်း ပြောဆိုမှုများရှိကြောင်း သိရှိရပါသည် ။