xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သြော်...အမေရိကန်...အမေရိကန် ( ၄ )

Monday, January 24, 2011

သြော်...အမေရိကန်...အမေရိကန် ( ၄ )

မစ္စက် ဂီးဖို့ဒ်

 (၈-၁-၂၀၁၁) နေ့က အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ တက်ကဆန်မြို့မှာ သေနတ်နဲ့ အပစ်ခံရလို့ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ် မစ္စက် ဂီးဖ်ဖို့ဒ် (အသက် ၄၀ နှစ်) ရဲ့ အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ အင်တာနက် သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မစ္စက်ဂီးဖ်ဖို့ဒ်ဟာ ၂၀၁၀၊ နိုဝင်ဘာ၊ အမတ် ရွေးကောက်ပွဲမှာ အမတ် တတိယ သက်တမ်းအဖြစ် အရွေးခံရပြီး အခု သူ့ရဲ့ မဲဆန္ဒရှင် တွေကို စတိုးဆိုင်တစ်ခုအတွင်းမှာ နှုတ်ဆက်နေတုန်း သူ့ကို ပစ်မှတ်ထားကာ သေနတ်သမား တစ်ဦးက ရမ်းကား ပစ်ခတ်သွားတာပါ။ ဒီပစ်ခတ်မှုမှာ မစ္စက်ဂီးဖ်ဖို့ဒ် အသက် မသေခဲ့ပေမဲ့ အသက်(၉)နှစ်သား အရွယ် ကလေးငယ် တစ်ဦး အပါအ၀င် လူ (၆) ဦး သေဆုံးကာ လူပေါင်း (၂၀) လောက်လည်း သေနတ်ဒဏ်ရာတွေ ရသွားကြပါတယ်။
ဒေါ်စုကြည်ရဲ့ လုံခြုံရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ ကပြောကြားပြီး မကြာခင်မှာပဲ ခုလို သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာက ကိုယ့်နိုင်ငံက လွှတ်တော်အမတ်တစ်ဦး ရဲ့လုံခြုံရေးကိုတောင် လုံခြုံအောင် မစောင့် ရှောက်နိုင်တဲ့ အမေရိကန်အစိုးရက ဘာမဆိုင်ညာမဆိုင် မြန်မာပြည်က ဒေါ်စုကြည်ရဲ့ လုံခြုံရေး ကိုလာပြီးစိတ်ပူနေတဲ့ ကိစ္စပါ ကိုယ့်နိုင်ငံကသမ္မတ ကိုတောင်လုံခြုံအောင်မစောင့်ရှောက်နိုင်လို့ အမေရိကန် သမိုင်းမှာ သမ္မတတွေ အလုပ်ကြံခံ ခဲ့ ရတာအထင်အရှားပါပဲ။
ဒီလိုအခြေအနေတွေ မြင်နေရပါလျှက်နဲ့ အမေရိကန်ကလာပြီးစောင့်ရှောက်လိုက်ရင်ပဲ ဒေါ်စုကြည် မသေ တော့ဘူးလိုလို ပြီးပြည့်စုံ သွားတော့မလိုလို ထင်ပြီးမျှော်လင့် အားကိုးနေသူတွေကိုလဲ တွေ့နေရတုန်းပါပဲ ဒီလူတွေထဲမှာ ကိုယ့်ကို ကို ပညာတတ်ဆိုပြီးပြောနေဆိုနေသူတွေလဲ ပါနေပါသေးတယ် အံ့သြစရာ ကောင်းပါဘိ။

လုံခြုံရေး ဆိုင်ရာစီမံခန့်ခွဲမှု နဲ့ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေး သင်တန်းတွေမှာသင်ကြားနေတဲ့ သင်ခန်းစာ တွေထဲက တစ်ခု မှာ " ၁၀၀% ပြီးပြည့်စုံသော လုံခြုံရေးမျိုး မရနိုင်ဆိုသည့်အချက်ကို လုံခြုံရေး စီမံခန့်ခွဲ သူများအနေဖြင့် သဘောပေါက် နားလည်ထားရမည် " ဆိုတာ ပါနေတယ်ဆိုတာပါပဲ...
ဆိုလိုတာက VIP လုံခြုံရေးဆိုတာ ဘယ်သူပဲလာစောင့်ရှောက်စောင့်ရှောက် ၁၀၀% မလုံခြုံဘူး ဆိုတဲ့သဘောပါ အသက်ကို ဥာဏ်စောင့်ပါတယ်။