xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဆီယံ၏ မြန်မာ့အရေးတောင်းဆိုမှု ထောင်ထွက် ဦးဝင်းတင်ဝေဖန်

Monday, January 17, 2011

အာဆီယံ၏ မြန်မာ့အရေးတောင်းဆိုမှု ထောင်ထွက် ဦးဝင်းတင်ဝေဖန်

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ ကျင်းပနေသော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီးတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa နှင့်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်ကြောင်းသိရှိရ ပါသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့၏ တောင်းဆိုမှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု ထောင်ထွက်တစ်ဦးဖြစ်သူ NLD မှ ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ လိုက်ပြီးတော့ တောင်းဆိုတာသာဖြစ်တယ်” ဟု ၎င်းထောင်ထွက်ကဆက်၍ ဆိုပါသည်။

ထောင်ထွက် ဦးဝင်းတင် ( ပုံပါအင်္ကျီ အပြာတစ်ထည်သာရှိ၍ "ဒါဝတ်" ၀င်းတင်ဟုလည်းခေါ်ကြသည် )

လည်းကောင်းထောင်ထွက်ဦးဝင်းတင်ဆိုသူသည် မြန်မာ့စီးပွားရေး အခြေအနေအား အစဉ်တစိုက် ဝေဖန် နေသော်လည်း ၄င်းသည် သူ၏မိသားစုစီးပွားရေးကိုပင်ဦးဆောင်နိုင်သူတစ်ဦးမဟုတ်သဖြင့် မိသားစု၏ ဝေဖန်ခံနေရပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်နေရသူတစ်ဦး ဖြစ်ကြောင်းသိရပါသည်။
၎င်း ဦးဆောင်ပါဝင်နေသော NLD ဆိုသည်မှာလည်း ရုံးချုပ် အဆောက်အဦး ကိုပင်ကောင်းမွန်တိုးတက် လာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပြည်သူလူထုကြီးကို စီးပွားရေးအဆင်ပြေအောင်လုပ်ပေးပါမည် ဟု ပြောဆိုချက်များအပေါ် လူထုမှ ယုံကြည်မှုနည်းပါးလာနေကြောင်း သတင်းရရှိပါသည်။

တစ်နိုင်ငံလုံးကို ကြီးပွားချမ်းသာအောင်လုပ်ပေးမည်ဟုဆိုသော NLD ရုံးချုပ် နှင့် ထိုင်စရာမရှိဖြစ်နေသောအဖွဲ့ဝင်များ