xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: GSM ဖုန်းများ ပြည်တွင်း ပြည်ပ အပြန်အလှန် သယ်ယူအသုံးပြုနိုင်တော့မည်

Monday, January 24, 2011

GSM ဖုန်းများ ပြည်တွင်း ပြည်ပ အပြန်အလှန် သယ်ယူအသုံးပြုနိုင်တော့မည်


မြန်မာနိုင်ငံ အတွင်းတွင်သာ အသုံးပြုသော GSM ဘိုင်းလ် တယ်လီဖုန်း Sim Card များကိုနိုင်ငံတကာ တွင်ရော နိုင်ငံတကာမှ GSM ဖုန်းများကိုလည်း မြန်မာနိုင်ငံ သို့ပါ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သည့် International Roaming Call ၀န်ဆောင်မှုကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ China Unicom Cooperation နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု အရ စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း China Unicom က တရားဝင် သတင်းထုတ်ပြန်သည် ၂၀၁၀ပြည့်နှစ် ဩဒီဇင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် China Unicom Cooperation နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ အကြား သဘောတူညီမှု စာချုပ်တစ်ရပ် ရေးထိုး ကြရာတွင် GSM ဖုန်းများ International Roaming ၀န်ဆောင်မှုခေါ် နိုင်ငံတကာ သို့ GSM ဖုန်းလိုင်းမှ တစ်ဆင့် အသံ Voice နှင့် အချက်အလက် သတင်းတို SMS ပေးပို့ခြင်းနှင့် လက်ခံခြင်းကို စတင် စမ်းသပ် အသုံးပြုရန် China Unicom က တာဝန် ယူပေးမည် ဖြစ်ကြောင်း တရုတ် အစိုးရ အာဘော် China Daily က သတင်း ဖော်ပြထားပါသည်။
အဆိုပါ သဘောတူညီမှုသည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေနှင့် International Roaming ၀န်ဆောင်မှု ကို ပြည်ပနိုင်ငံ၏ ကုမ္ပဏီတစ်ခုထံ ပထမ ဦးဆုံးအကြိမ် စာချုပ်ဆိုအပ်နှံ ခြင်းဖြစ် ပြီး China Unicom အနေနှင့်လည်း မြန်မာနိုင်ငံတွင် အဆိုပါ ၀န်ဆောင်မှုမျိုး ပထမဦးဆုံး အကြိမ် စီစဉ်ဆောင်ရွက် ပေးမည့် ကုမ္ပဏီဖြစ်လာကြောင်းသိရှိရပါသည်။
ယခင်က မြန်မာနိုင်ငံတွင် အသုံးပြု နေသော GSM မိုဘိုင်းလ်ဖုန်း များကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားရာ တွင် သို့မဟုတ် မြန်မာနိုင်ငံသို့ အခြား နိုင်ငံများမှ GSM ဖုန်းများ ယူဆောင် လာရာတွင် သက်ဆိုင်ရာနိုင်ငံ၌ အသုံးပြု နေသည့် SIM Card နှင့် လဲလှယ် အသုံးပြု ခဲ့ရသော်လည်း ယခုကဲ့သို့ International Roaming ၀န်ဆောင်မှု စတင်လိုက်သည့် အတွက် သက်ဆိုင်ရာနိုင်ငံတွင် အသုံးပြု နိုင်သည့် သင်္ကေတကုတ်နံပါတ်ကို ညွှန်ကြားချက်အတိုင်း ရိုက်ထည့်လိုက်ရုံ ဖြင့် SIM Card လဲလှယ်စရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင် တောမည်ဖြစ်ကြောင်းလဲသိရှိရပါသည်။