အမေရိကန်နှင့်အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကို
ဒုက္ခသည် များ အဖြစ်ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM
နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ
အချိန်ကာလ အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦးက ပြောကြားသည်။
အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည်
မိသားစုများနေရာတွင် လူအစားထိုး ဆောင်ရွက်ကြခြင်းဖြစ်သည်။
လူတဦးအစားထိုးခမှာဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။
အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး
အကျဉ်းသားများ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ
အစားထိုးဖော်ပြသည် ။အချို့ နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောဒဏ်
အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည်
များ နှင့် အစားထိုး လူစားများ မှာ အမေရိကန် နှင့် ဥရောပ နိုင် ငံများ တို
့ရောက် နှင့်နေပြီး ဖြစ်သည်။
မိသားစုဝင် ၆ဦး ၇ဦးထိလူစားထိုးမှုများရှိသည်။
ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင်ဘတ်ငွေ ၁သောင်း
၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့်ဒုက္ခသည်စခန်း
တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာမြန်မာ
နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ် သည်။
မြန်ပြည်ရှိသူဌေးများသည် အမေရိကန်ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့်
ဒုက္ခသည်ယောင်ဆောင်ပြီး အမေရိကန်သို့ထွက်ခွာသွား ကြသည်မှာ
ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာ
ဒုက္ခသည်စခန်းတွင်တစ်ညမျှပင်မအိပ်ဘူးသူများဖြစ်ကြသည်။
လုပ်ငန်းစဉ် အဆင့်ဆင့် စစ်ဆေးမှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ
ဘန်ကောက်မှနေ မဲဆောက်သို့ ညကားစီး ထိုမှတဆင့် ဒုက္ခသည်စခန်းတွင်
သွားရောက်အစစ်ဆေးခံပြီး ညနေတွင် ဘန်ကောက်သို့ပြန်ပြီး မြန်မာပြည်သို့
လေယာဉ်ဖြင့် ပြန်ကြကြောင်း သိရသည်။
အချို့မှာနောက်ဆုံးထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့်
ဘန်ကောက်လေဆိပ်မှ စောင့်ဆိုင်းပြီးအမေရိကား သို့ထွက်ခွာကြသည်။
နောက်တစ်မျိုးလူစားထိုးခြင်းမှာ ကာယကံရှင်မှာ ငွေကြေးတပြားတချပ်မှမရဘဲ
စခန်းအာဏာပိုင်နှင့် UNHCR, IOM ၀န်ထမ်းများ
ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်းနေထိုင်သော
ဒုက္ခသည်မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာ မလောက်ငှသောကြောင့်
အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်ကြသည်။
ထိုအချက်ကိုအခွင့်ကောင်းယူပြီး လူးစားထိုးကြခြင်းဖြစ်သည်။
တနှစ်စောင့်အမေရိကန်ကမခေါ်၊ ၂နှစ်စောင့်မခေါ်လို့
အမေရိကန်သံရုံးကခိုင်းစေထားသော OPE (Oversea Processing Entity) (IRC)
ရုံးကိုသွားမေးတော့အခါမှာ မိမိမိသားစုအားလုံး နာမည်ဖြင့် အမေရိကန်
ရောက်နေကြာင်းသိကြရသည်။
တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။
လွန်ခဲ့သည့် တစ်လကျော်က မဲလ ဒုက္ခသည်စခန်း မှ နိုင်ငံခြား သို့ ထွက်ခွာအသင့်
ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်မယား နှစ်ဦး မှာ နာမည် နှင့် လူအစား
ထိုး ပြီး ၀င်ရောက်လာခြင်း ကို ၎င်း တို့ ထွက် ခွာမည့်  သက်ဆိုင်ရာနိုင်ငံမှ
စစ်ဆေး တွေ့ ရှိသဖြင့် အရေးယူစီစစ်ရာ ထိုလင်မယားနှစ်ဦးမှာ မဲဆောက် ထောင်ထဲ
တွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့ အား ပွဲ စားလုပ်ပေး
ခဲ့သည့် စခန်းမှ တာဝန် ရှိသူ များ ၊ ထိုင်းလူမျိုး အချို့နှင့် ဒုက္ခသည်
များ ပြည်ပထွက်ခွာရေး အေဂျင်စီ အချို့ မှ ၀န်ထမ်းများ မှာ မူ အရေးယူခြင်း
မခံရ ဟု အဆိုပါဝန်ထမ်းကဆက်လက်ပြောကြားသည်။