xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်အသီးသီးမှာ ဒီလိုဆွေးနွေးကြရမယ်

Monday, January 17, 2011

လွှတ်တော်အသီးသီးမှာ ဒီလိုဆွေးနွေးကြရမယ်


အခုတလော NLD အပါအ၀င် အတိုက်အခံများ ပြည်ပအသံလွှင့်ဌာနများ မှ လာမည့်လွှတ်တော်အတွင်းတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိမှာ မဟုတ်တဲ့အကြောင်း လက်ရှိအစိုးရအနေဖြင့် အတိုက်အခံများအနေဖြင့် ဘာမှ ပြောဆိုဆွေးနွေးလို့မရအောင် ဥပဒေများဖြင့်ကြိုတင် ပြဌာန်းပိတ်ပင်ထားပြီးဖြစ်ကြောင်း ပြောဆိုနေကြပါတယ် ဒီဥပဒေကတော့ နည်းဥပဒေ ပုဒ်မ ၂၈ မှာ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် လွှတ်တော်အတွင်း ဆွေးနွေး ရာမှာ လိုက်နာရမည့်အချက် ( ၁၃ ) ချက်ကို အောက်ပါအတိုင်းဖေါ်ပြထားပါတယ်....

၁။ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတော် လျှို့ဝှက်ချက် ကိစ္စများကို တံခါးပိတ် အစည်းအဝေး မှအပ အခြား အစည်းအဝေး၌ တင်ပြခြင်း မပြုရ။
၂။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချင်းချင်း ရိုင်းပင်းကူညီရေး၊ ချစ်ကြည် လေးစားရေး တို့ကို ထိခိုက်ပျက်ပြား စေမည့် စကားမဆိုရ။
၃။ မည်သည့်ဘာသာ၊ သာသနာကိုမျှ ပုတ်ခတ် ပြောဆိုခြင်း မပြုရ။
၎။ တရားရုံး တစ်ရုံးက ဆုံးဖြတ်ချက် မချမှတ် ရသေးသော မည့်သည့် ကိစ္စကိုမျှ ရည်ညွှန်းထည့်သွင်း ပြောဆိုခြင်း မပြုရ။
၅။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးအား ပုဂ္ဂလ အဓိဋ္ဌာန် အားဖြင့် စွတ်စွဲပုတ်ခတ် ပြောဆိုခြင်း မပြုရ။
၆။ လွှတ်တော် ပရ၀ဏ် အတွင်းတွင် ဖြစ်စေ၊ လွှတ်တော်တွင် ဖြစ်စေ၊ လွှတ်တော် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် ဖြစ်စေ၊ ပြောဆို ဆွေးနွေးချက် များကို ထိပါးပုတ်ခတ် ပြောဆိုခြင်း သော်လည်းကောင်း၊ ယင်း အစည်းအဝေး များတွင် ဆောင်ရွက်သည့် ကိစ္စများကို မဖွယ်မရာသော အသုံးအနှုန်းဖြင့် ပြောကြားခြင်း သော်လည်းကောင်း မပြုရ။
၇။ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို ဖောက်ဖျက်သော၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိခိုက်သော စကား မပြောဆိုရ။
၈။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများ၊ ထုံးတမ်းများကို ဖောက်ဖျက် ကျူးလွန်ခြင်း မပြုရ။
၉။ ရုန့်ရင်း ကြမ်းတမ်းသော ကိုယ် အမူအရာ၊ နှုတ်အမူအရာများ မပြုရ။
၁၀။ ဆွေးနွေးပြီး ပြတ်ပြီးဖြစ်သော ကိစ္စတစ်ရပ်ကို ထပ်မံ တင်ပြခြင်း မပြုရ။
၁၁။ ဆွေးနွေးဆဲ ကိစ္စတစ်ခုနှင့် တိုက်ရိုက် မသက်ဆိုင်သော စကား မပြောဆိုရ။
၁၂။ မိမိကိုယ်မိမိ အမွှန်းတင်ခြင်း အားဖြင့် သော်လည်းကောင်း၊ အခြား ပုဂ္ဂိုလ်များအား သိက္ခာချခြင်းဖြင့် လည်းကောင်း၊ မသမာသော နည်းများဖြင့် လည်းကောင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပိုင်ခွင့်ကို အလွဲသုံးစား မပြုရ။
၁၃။ ဥပဒေကြမ်း တင်သွင်းသည့် ကိစ္စနှင့် ဥက္ကဌက ခွင့်ပြုသည့် ကိစ္စများမှအပ အခြားကိစ္စများတွင် နှုတ်ဖြင့်သာ ဆွေးနွေး ပြောကြားရမည်။ ကြိုတင်ပြုစု လာသော စာတမ်းကို ဖတ်ကြား တင်သွင်းခြင်း မပြုရ။ 
ကဲ...ဘယ်မလဲလွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ထားတယ်ဆိုတဲ့ အချက်တွေ ..တစ်ခုတော့ရှိတယ် တစ်သက်လုံး တပ်မတော်အစိုးရကို မကောင်းပြော ပုတ်ခတ်ဝေဖန်နေသူတွေအတွက်ကတော့ အခက်ခဲ တွေရှိနေဦးမှာပင်ဖြစ်ပါကြောင်း...။