xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကြောင့်ကျောက်ဖြူ၊ ထားဝယ်၊ စစ်တွေ၊ မုံရွာတို့၌ အိမ်ခြံမြေဈေးကောင်းလာ

Thursday, January 13, 2011

ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကြောင့်ကျောက်ဖြူ၊ ထားဝယ်၊ စစ်တွေ၊ မုံရွာတို့၌ အိမ်ခြံမြေဈေးကောင်းလာ


ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကြောင့် ကျောက်ဖြူ၊ စစ်တွေ၊ ထားဝယ်နှင့် မုံရွာမြို့ တို့တွင်အိမ်ခြံမြေ ဈေးကောင်း ကြောင်း၊ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှ ဦးသန်းဦးက ပြောသည်။ ထားဝယ်တွင် ထိုင်းနိုင်ငံမှ ရေနက် ဆိပ်ကမ်းစီမံကိန်း ကိုလည်းကောင်း၊ စစ်တွေတွင် အိန္ဒိယနိုင်ငံမှ ကုလားတန်ဘက်စုံ စီမံကိန်းကိုလည်းကောင်း၊ ကျောက်ဖြူ  တွင် တရုတ်နိုင်ငံမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည် ““ထားဝယ်မှာဆိုရင် မကြာမီ ပေါ်ပေါက်လာမယ့် စီးပွားရေးဇုန်တွေအတွက် နေရာကြိုယူတဲ့အနေနဲ့ ဈေးစကောင်းနေပါပြီ။ ကျောက်ဖြူမှာ ဈေးကွက်စနေပြီးစစ်တွေဆိပ်ကမ်းနဲ့နီးပြီး စီးပွားရေးအခြေခံကျတဲ့နေရာတွေမှာ အိမ်ခြံမြေအရောင်းအ၀ယ် ပိုကောင်းလာတယ်။ မုံရွာက အိန္ဒိယနဲ့ ကုန်သွယ်မှုပြုတဲ့ လမ်းကြောင်းမှာ အဓိကကျနေတဲ့အတွက် အဲဒီက အိမ်ခြံမြေတွေလည်း ဈေးကောင်းနေတယ်။ အထူးသဖြင့် မုံရွာ ကျောက္ကာလမ်းမကြီး၊ ကမ်းနားလမ်းမကြီး၊ ဗိုလ်ချုပ်လမ်းမကြီးတွေမှာ အရောင်းအ၀ယ်တော်တော်ဖြစ်တယ်။ ထားဝယ်၊ စစ်တွေ၊ကျောက်ဖြူမှာဆိုရင် အရင်ကျပ်သုံးသိန်း လောက်ရှိတဲ့နေရာက အခု ကျပ်ငါးသိန်းထိတက်လာပြီ”” ဟု ယင်းက ပြောသည်။
ထို့ပြင် မန္တလေးမြို့တွင် အာရှအားကစားပွဲတော် ကျင်းပရန်အတွက် အားကစားရုံများ တည်ဆောက်နေသောကြောင့် ယင်း အနီးတစ်ဝိုက်တွင် ဈေးကွက်ကောင်းလာကြောင်း သိရသည်။ ““ဒီနှစ် အိမ်ခြံမြေဈေးကွက်က အရင်နှစ်တွေလို တစ်နေရာတည်းမှာ စုမနေဘဲ ဈေးကွက်ပြန့်နေတယ်။ ရန်ကုန်နဲ့ မန္တလေးနှစ်မြို့တည်း မဟုတ်ဘဲနဲ့၊ နေပြည်တော်မှာ လည်း ဈေးကွက်ကောင်းနေတယ်။ တစ်နိုင်ငံလုံးကို ဈေးကွက်ပြန့်သွားတဲ့သဘောပါ”” ဟု ဦးသန်းဦးကပြောသည်။