xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၃)

Saturday, January 22, 2011

သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၃)

 သူတို့က မြန်မာ့အရေး စိတ်ပူနေတယ်ဆိုပါလား

အမေရိကန်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေး အတွင်းသို့ ခြေလှမ်းများ တစ်လှမ်းပြီး တစ်လှမ်းတိုး၍ ၀င်လာနေ သည်ကိုတွေ့နေရပါသည်။ဘယ်လိုခြေလှမ်းတွေလဲ သုံးသပ်ကြည့်ကြရ အောင်ပါ
(၁) ဒေါ်စုကြည်မလွတ်ခင်က ဒေါ်စုကြည်လွတ်မြောက်ရေး အထူးကြိုးစား ဆောင်ရွက်ခဲ့သည်။
(၂) ဒေါ်စုကြည်လွတ်လာသည့် နေ့တွင် အမေရိကန်သံတမန်တို့က အစောဆုံးဆက်သွယ်ခဲ့သည်။
(၃) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၀မ်းမြောက်ကြောင်းဟု အမည်တပ်ထားသည့် ကိုယ်ရေးစာ တစ်စောင် ကို အမေရိကန်သံတမန်များမှတဆင့် ပေးပို့ခဲ့သည် ။
(၄)သမ္မတ အိုဘားမားကလည်း ဂျပန်နိုင်ငံ တွင် ကမ္ဘာ့ စက်မှုထိပ်သီးအစည်းဝေး ကျင်းပနေရာမှပင် ထ၍    ၀မ်းမြောက်ခဲ့သည်။ ထိုသို့ဝမ်းမြောက်ကြောင်းကိုလည်း ကမ္ဘာ့မီဒီယာများမှ တဆင့်ပြောကြားခဲ့သည်။
(၅)ဒေါ်စုကြည် ၏လုံခြုံရေး အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဆွေးနွေး သွားမည် ဖြစ်
ကြောင်း အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီကပြောဆိုခဲ့သည်။
(၆)၁၉.၁.၂၀၁၁ နေ့တွင် ဟီလာရီကလင်တန် က ဒေါ်စုကြည် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး မှု ပြုခဲ့သည်။
(၇)၂၁.၁.၂၀၁၁ နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားမှုများအား လောလော ဆယ် အားဖြင့်ရုပ်သိမ်း ပေးမှာမဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ပီဂျေ ခရော်လီ ( P.J Crawley)  က ပြောဆိုခဲ့သည် ။
(၈)မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းအောင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ရေရာသေချာတဲ့ ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင်လို့ ဒီပိတ်ဆို့မှုတွေကို ထိန်းထားရမှာဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ 
ဒေသတွင်းမှာသြဇာ ကြီးမားတဲ့ အာဆီယံလိုအဖွဲ့တွေ ပြည်တွင်းက တိုင်းရင်းသားပါတီတွေ ရဲ့ တောင်းဆို မှု တွေ မြန်မာပြည်သူ အများစုရဲ့ ဆန္ဒတွေကို မျက်ကွယ်ပြုပြီး အခုလို ပြောလိုက်တာလဲဖြစ်ပါတယ်။


ကဲ...ဒီလိုတစ်လှမ်းပြီးတစ်လှမ်းတိုးဝင်လာနေတဲ့ အမေရိကန်ရဲ့ ခြေလှမ်းတွေကို အိုဘားမား တက္ကသိုလ် ကျောင်းသားအရွယ်လောက်ထဲက နိုင်ငံတော် အကြီးအကဲလုပ်လာတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကရော မသိပဲ နေမတဲ့လား..
 
ဒေါ်စုကြည်ကတော့ ဆုတ်လဲစူး စားလဲရူး အခြေအနေကို ရောက်နေပြီ အမေရိကန်အလိုကျ ရှေ့ကို ဆက်ပြီး တိုးကိုတိုးတော့မယ် အမေရိကန်ကလည်း သူ့နောက်ကနေ အထောက်အပံ့ ပြုပေးနေပြီ ....

လက်ရှိအစိုးရကလဲ သူ့ရဲ့လမ်းပြမြေပုံအတိုင်း သွားနေပြီ ခုဆို နောက်ဆုံးအဆင့်တောင် ရောက်နေပြီ သူကလည်း နှစ်ပေါင်းများစွာ ကိုယ့်ကို ဒုက္ခ အမျိုးမျိုး ပေးခဲ့သူတွေရဲ့ အလိုကိုလည်း လိုက်မှာ မဟုတ် လောက်တော့ဘူး....
ဒီအခြေအနေ နှစ်ခုကြားမှာ ရှဥ့်လဲ လျှောက်သာပျားလည်းစွဲသာ ဆိုတဲ့ အခြေအနေမျိုး ၊ win - win အခြေ အနေမျိုးလဲ ရှိလာမှာမဟုတ်တော့ဘူး..

ဒါဆို...အခုလိုအမေရိကန်ရဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ဒေါ်စုကြည်ရဲ့ လှုပ်ရှားမှုတွေကို အစိုးရက ဘာလို့ လက်ပိုက် ကြည့်နေတာလဲ လို့မေးစရာရှိတယ် ..လက်ရှိလုပ်ဆောင်မှုတွေဟာ နိုင်ငံ တော်ရဲ့ လုံခြုံ ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အနှောက်အယှက် ဖြစ်လောက်အောင် လုပ်မလာသေးလို့ လို့ပဲ ဖြေရမှာပါ  အဲဒီလို အခြေအနေ ရောက်လာရင် နေမှာမဟုတ်ပါဘူး မရရအောင် တားမှာပါ ကြားထဲက ငထွားခါးနာရမဲ့ ကိန်းပါပဲ ပြည်သူ တွေ ပဲ ကြားညပ်ကြရဦးမှာပါ...

ကဲ ..ဒီလိုအခြေအနေကို ရောက်နေပြီဗျာ..သင်လက်ရှိအစိုးရနေရာ မှာဆိုရင် ဘာလုပ်မလဲ?????

ကိုယ့်ကို တသက်လုံး အပုတ်ချ စီးပွားရေးပိတ်ဆို့ စစ်ရေး အရ၀င်ပြီး တိုက်ဘို့ လုံခြုံရေး ကောင်စီမှာ အကြိမ်ကြိမ်ကြိုးစား ဘာတစ်ခုမှ ကောင်းကျိုးမပေးခဲ့ တဲ့ သူတွေရဲ့ အလို ကိုလိုက် မလား....???  
အခုလက်ရှိအတိုင်း ရုရှား တရုပ် အိန္ဒိယ အာဆီယံ စတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ထူထောင်ပြီး တိုးတက်မှု ရအောင်လုပ်မလား???