xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်း

Friday, January 28, 2011

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၈/၂၀၁၁) ဖြင့် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၈ ရက်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁၂) ခန်းပါရှိ
အဆိုပါ ဥပဒေတွင် အခန်း (၁၂)ခန်း ပါရှိပြီး အခန်း (၁) အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်များ၊ အခန်း (၃) အထူးစီးပွားရေးဇုန်၊ အခန်း (၄) မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ၊ အခန်း (၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း (၆) ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း (၇) မြေအသုံးပြုခြင်း၊ အခန်း (၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း (၉) အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း (၁၀) ကူးစက်ရောဂါရှိမရှိ စစ်ဆေးခြင်းနှင့် ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း (၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း (၁၂) အထွေထွေတို့ ဖြစ်သည်။
ထည့်သွင်းဖော်ပြ
အဆိုပါ ဥပဒေ အပြည့်အစုံကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ထည့်သွင်းဖော်ပြမည် ဖြစ်ကြောင်း သိရှိရသည်။