မဟာဗျူဟာ သဘောကို သင်ကြားပို့ချလေ့ရှိသော
ကျောင်းများတွင် ရလဒ်တစ်ခုသည် အသေအချာ
ဖြစ်ပေါ် တော့မည်ကို အသေအချာ ကြိုတင်ခန့်မှန်းနိုင်ခဲ့၍ ကြိုတင်သိရှိပြီး
လွှဲရှောင်ရန်လည်း မဖြစ်နိုင်ခဲ့လျှင် ထိုရလဒ်ထဲမှ အခြားသော
ကောင်းကျိုးအမျိုးမျိုးကို ဖန်တီးကြည့်ရန် စဉ်းစားပုံအမျိုးမျိုးကို
လေ့ကျင့် ပေးလေ့ရှိပါသည်။ Strategic Alternative ဟု သုံးနှုန်းလေ့ရှိပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးတွင် ထိုအခြေအနေမျိုး မကြာ ခဏကြုံ
တွေ့လေ့ရှိသောကြောင့် ဤသဘောတရားကို ဤနေရာတွင် အနည်းငယ်ဆွေးနွေးလိုပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် ဖြစ်ကိုဖြစ်တော့မည်ဟု
သေချာနေသော အဖြစ်အပျက် ကြီးနှစ်ခုရှိခဲ့ပါသည်။
(၁) ပထမအဖြစ်အပျက်မှာ ၁၉၉၀
ရွေးကောက်ပွဲရလဒ်ဖြစ်ပါ သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို Value Judgement
မပြုလုပ်ဘဲ Empirical Judgement ပြုလုပ်ကြည့်ခဲ့လျှင် ထိုရလဒ်ကို
မေ့ပစ်လိုက် ရတော့မည်ဆိုသောအချက်ကို တဖြည်းဖြည်းမြင်သာလာမည်ဖြစ်ပေ သည်။
အထူးသဖြင့် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရန် ၃၀၈- ၂၀၀၃ နေ့တွင်
ထုတ်ပြန်သည့် လမ်းညွှန်မြေပုံသည် ထိုသုံးသပ် ချက်ကို
ပိုမို၍ခိုင်မာစေသည့်အကြောင်းရင်းဖြစ်နေသည်။
မဟာဗျူဟာမြောက်စဉ်းစားလျှင် Strategic
Alternative မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မေ့ပစ်ပါမည်ဟု ကမ်းလှမ်းမှုတစ်ခု
ပြုလုပ် ၍ အသစ်ပေါ်ထွန်းလာသည့်အခြေအနေသစ်ထဲမှာ ပြည်သူလူထု
ကောင်းကျိုးဖြစ်ထွန်းစေမည့်အလားအလာတစ်ခုကို တောင်းဆို ကြည့်ခြင်းမျိုးကို
ဆိုလိုပါသည်။ မြန်မာ့ဒီမိုကရေစီရေးတွင် ထိုကိစ္စ ကို စဉ်းစားရန် ၂၀၀၃
ခုနှစ်မှ ရေတွက်လျှင် အချိန် ခုနစ်နှစ်ရခဲ့သည် ဟု ဆိုနိုင်သည့်တိုင် ၂၀၁၀
ဘက်သို့ နီးကပ်လာသည်နှင့်အမျှ ၁၉၉၀ ရလဒ်ကို မေ့ပစ်လိုက်ခြင်းကိစ္စ၏
အပေးအယူတန်ဖိုးသည် ကျဆင်း လာသည်ကိုမြင်တွေ့နိုင်ပေသည်။
(၂) ဒုတိယထင်ရှားသော အဖြစ်အပျက်မှာ ၂၀၁၀
ရွေးကောက်ပွဲ ရလဒ်ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်၏ အတိုက်အခံ
ဒီမိုကရေစီအင်အားစုများ၏ အရွယ်အစားကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့သည့်
တိုင် မည်သူမဲအများဆုံးဖြစ်၍ မည်သည့်အင်အားစုထဲမှ သမ္မတဖြစ်
လိမ့်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း ရှိနေခဲ့ပြီးဖြစ်၍ စနစ်ပြောင်း၊
အုပ်ချုပ်သူမပြောင်း သဘောတရားကို စာရေးသူပြောခဲ့ပါသည်။
ဤမျှ သေချာနေသော ရွေးကောက်ပွဲနှင့်
ရွေးကောက်ပွဲရလဒ်ထဲမှ ပြည်သူ လူထုအတွက် လိုအပ်သည့် Check and Balance ကို
သေချာစေရန် အဓိကအတိုက်အခံပါတီကြီးက ရွေးကောက်ပွဲ၌ လွှတ်တော်ထိုင်ခုံ
အရေအတွက်၏ ၅၀ ရာခိုင်နှုန်းအောက်သာ ၀င်ရောက်ယှဉ်ပြိုင်ပါ မည်ဟု
ကြိုတင်အရှုံးပေးကမ်းလှမ်း၍ ညှိနှိုင်းပေးပါရန် စာရေးသူ ပြောခဲ့ပါသည်။ Value
Judgement ကိုသာ အားသန်သူများက စာရေး သူကို အထင်လွဲခဲ့ပါသည်။
အခုအခါ အဆိုပါကိစ္စရပ်နှစ်ရပ်
မည်သို့အခြေအနေရှိသည်ကို စာဖတ်သူများ မျက်မြင်ဖြစ်ပါသည်။ Strategic
Alternative များကို စဉ်းစားခဲ့ကြလျှင် အခြေအနေတစ်မျိုးဖြစ်လိမ့်မည်ဟု
စာရေးသူ တွေးမိတိုင်း မချင့်မရဲဖြစ်ခဲ့ရသည်။
Cradit : The Voice