တရုတ်နိုင်ငံမှ အသစ် ထုတ်လုပ်သည့် ရေဒါဖြင့် ဖမ်းယူ၍ မရနိုင်သော
ကိုယ်ပျောက် တိုက်လေယဉ်သစ် J-20 stealth ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၇
ရက်နေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့တွင် စမ်းသပ်
ပျံသန်းသည်ကို မြင်တွေ့ရသည်။





အဆိုပါ J-20 ကိုယ်ပျောက် တိုက်လေယဉ် စမ်းသပ် ပျံသန်းသည့်ပွဲတွင်
သတင်းထောက်၏ မေးမြန်ချက်များကို ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးရုံးမှ
လက်ထောက် ညွှန်ကြားရေးမှုး Guan Youfei က တရုတ်နိုင်ငံ၏ စစ်တပ်သုံး
လက်နှက်ပစ္စည်းများ တိုးတက် တီထွင်မှုများသည် အခြားသော မည်သည့်
နိုင်ငံများအပေါ်မှ မရည်ရွယ်ပါကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
PatheinCity News | Source:Xinhua