xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဥပဒေ၊နည်းဥပဒေစာအုပ် (၁၇) မျိုးဖြန့်ချိ

Friday, January 14, 2011

ဥပဒေ၊နည်းဥပဒေစာအုပ် (၁၇) မျိုးဖြန့်ချိ

ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရေး အတွက် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလျက် ရှိသည့် ဥပဒေ၊ နည်းဥပဒေ စာအုပ် (၁၇) မျိုးအား လေ့လာ ဖတ်ရှုလိုသူ အထူးများပြား နေသည့်အတွက် ဇန်နဝါရီ ၁၄ ရက်မှစ၍ ရန်ကုန်မြို့ ကုန်သည်လမ်း စာပေ ဗိမာန် စာအုပ် အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စာအုပ် အရောင်းဆိုင်နှင့် ပန်းဆိုးတန်းလမ်း (အောက်) ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတို့၌ လိုအပ်သလောက် ဖြန့်ချိ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း၊ အထူး အစီအစဉ် အနေဖြင့် ရုံးပိတ်ရက် များတွင်ပါ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးများ၌လည်း ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး၊ ပထမ အကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) တနင်္လာနေ့၌ စတင် ကျင်းပတော့မည် ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရေး အတွက် အောက်ပါ ဥပဒေ၊ နည်းဥပဒေ စာအုပ် (၁၇) မျိုးအား ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလိုက်ကြောင်း သိရှိရသည်-
(က) နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ၊ နည်းဥပဒေ
(ခ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ
(ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ
(ဃ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ
(င) ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ ဥပဒေ
(စ) နေပြည်တော် ကောင်စီဥပဒေ
(ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ
(ဇ) ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေ
(ဈ) နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ
(ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေ
(ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဍ) အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဎ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ
(တ) ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ
(ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ
အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ် အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စာအုပ် အရောင်းဆိုင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။