xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျာနယ်ကိုယ်စားပြုကော်မတီ ( CPC) အကွဲအပြဲ

Tuesday, January 18, 2011

ဂျာနယ်ကိုယ်စားပြုကော်မတီ ( CPC) အကွဲအပြဲ

 ဦးကိုကို ( ကိုကို-စက်မှုတက္ကသိုလ် )

CPC ဆိုတာကတော့ Committee for Professional Conduct ဖြစ်ပြီး မြန်မာဘာသာအားဖြင့် ဂျာနယ် ကိုယ်စားပြု ကော်မတီလို့ ခေါ်ပါတယ် ဒီအဖွဲ့ကို ၂၀၁၁ ခုဇန်န၀ါရီလ (၁၃) ရက်နေ့မှာစတင်ဖွဲ့စည်းပြီး CPC ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအဝင် စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များအဖြစ် ဦးဝင်းငြိမ်း (အလင်းတန်း ဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်း ဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို (ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေး ဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်း ဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေး ဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစား ဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစား ဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာ သတင်း ဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့နှင့် အတူ Freelance သတင်းသမား ၂ ဦး ဖြစ်သည့် ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုး တို့ ပါ ကြောင်းသိရှိရပါသည် ။
ပြည်တွင်းဂျာနယ် ၁၆၆ စောင်ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၅ ဦးကို ဂျာနယ် ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ပြီး သတင်း၊ ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး စသဖြင့် ကဏ္ဍအလိုက် ခွဲခြားရွေးချယ်ခဲ့ကြောင်း လည်းသိရှိ ရပါတယ် ။
ဒီလိုဖွဲ့စည်းပြီးနောက်တစ်နေ့ ဖြစ်တဲ့ ဇန်န၀ါရီလ (၁၄) ရက်နေ့မှာပဲ အင်အားကြီး သတင်းမီဒီယာအုပ်စု ဖြစ်တဲ့ Eleven မီဒီယာ အုပ်စုဟာ CPC သို့ အချက် (၆) ချက်တင်ပြတောင်းဆိုပြီး ကော်မတီဝင်တွေဟာ ဒီ စံ နှုန်းတွေနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး အဖွဲ့ကနေနှုတ်ထွက်သွားးပါတယ် ။ Eleven ကတောင်းဆို တဲ့ အချက် (၆) ချက်ကတော့ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ် ။ အဖွဲ့ဝင်တိုင်းဟာ..

  • စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
  • ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူ ဖြစ်ရမည်။
  • မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
  • ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူ ဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
  • ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
  • အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ။....ဆိုတဲ့အချက်တွေဖြစ်ပါတယ်
" ပြည်သူတွေကို ညီညွတ်ရေး၊ဒီမိုကရေစီအရေး ၊ တရားမျှတရေး ၊ငြိမ်းချမ်းရေးအစရှိတဲ့ အရာတွေကိုနည်းပေးလမ်းပြလုပ်ကြရမယ့် စာပေလောကသားတွေကိုယ်တိုင် က ဒီလိုအကွဲအပြဲတွေ ဖြစ်နေရင် မညီမညွတ်ဖြစ်နေရင် သူတို့ရေးတဲ့စာပေတွေအပေါ်မှာ ပြည်သူက ဘယ်အယုံအကြည်ရှိပါတော့မလဲ" ဟု အမည်မဖေါ်လိုသူ ၀ါရင့်သတင်းစာ ဆရာကြီးတစ်ဦးမှ ပြောကြား ပါ သည် ။ " ပြီးတော့ ကမ္ဘာကျော် CNN လိုသတင်းဌာနမျိုးတွေတောင် သက်ဆိုင်ရာအစိုးရတွေ မိုက်ခရိုဆော့ တို့လို စီးပွားရေး အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့မှုတွေရှိနေတာပဲ ဒါကို  ဟိုအဖွဲ့နဲ့ မပတ်သက်ရဘူး ဒီအဖွဲ့နဲ့ မပတ်သက်ရဘူးဆိုတာဒီခေတ်မှာ လာပြောနေလို့မရတော့ဘူး နောက်ပြီး ဒီ Eleven Media Group ရဲ့မူလပထမဖြစ်တဲ့ Eleven အားကစားစာစောင်နဲ့ Eleven နိုင်ငံတကာသတင်း ဂျာနယ်တွေဟာ အရင်အမှတ် ၂ လေတပ်ထောက်လှမ်းရေး ရဲ့ထုတ်ဝေခွင့်နဲ့ထုတ်ခဲ့တာပဲလေ"ဟု အဆိုပါ ၀ါရင့် သတင်းစာဆရာကြီး က ဆက်လက်၍ ထောက်ပြ ပြောဆိုသွားပါသည် ။

အဆိုပါ Eleven Media Group သည် လျှပ်တပျက် ၊ The Voice အစရှိသော သတင်းဂျာနယ် များနှင့် သာ မက စီးပွားရေး ကြော်ငြာ အေဂျင်စီ များနှင့်လဲ ပြသနာအမျိုးမျိုး ဖြစ်ဘူးသူများဖြစ်ကြောင်း ၄င်းတို့ နှုတ်ထွက် သွားသည်မှာ ပို၍ ပင်ကောင်းကြောင်း ပြောဆိုမှုများ လည်း ရှိနေသည်ဟု သိရပါသည် ။