xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန် နဲ့ လုပ်ပိုင်ခွင့်များ

Monday, January 17, 2011

လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန် နဲ့ လုပ်ပိုင်ခွင့်များ

လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန်
လွှတ်တော် ဥပဒေပုဒ်မ ၉ မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ တာဝန်ကို အခုလို သတ်မှတ် ပေးထားပါတယ်-
၁။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း။
၂။ နိုင်ငံတော်နှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
၃။ လွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ပြည်ထောင်စု၏ အကျိုး စီးပွားကို အဓိက ထားခြင်း။
၎။ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ရရှိ ခံစားနိုင်ရေးကို ရှေးရှု ဆောင်ရွက်ခြင်း။
၅။လွှတ်တော်က ပေးအပ်သော အခြားတာဝန်မျာကို ထမ်းဆောင်ခြင်း။

လွှတ်တော် ကိုယ်စားလှယ်များရဲ့ လုပ်ပိုင်ခွင့်
ပုဒ်မ ၁၀မှာ ဖော်ပြထားတာကို အတိုချုပ် ဖော်ပြရမယ် ဆိုရင်
၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေများ နှင့်အညီ ဥပဒေကြမ်းများ တင်သွင်းခြင်း။
၂။ ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် အဆိုများ တင်သွင်းခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်း။
၃။ လွှတ်တော်တွင် ဆွေးနွေးသော ကိစ္စများ၊ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများနဲ့ အဖွဲ့အစည်းဝင် များရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း၊ ဆွေးနွေးခြင်း။
၎။ အခြေခံဥပဒေ၊ လွှတ်တော် ဥပဒေတွေနဲ့ မဆန့်ကျင်စေဘဲ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နဲ့ ဆန္ဒမဲပေးခွင့် ရှိခြင်း။
၅။ ဥက္ကဌ၊ ဒုဥက္ကဌ အဖြစ် ရွေးချယ်ခံခွင့်၊ ဒါမှမဟုတ် အဲဒီ ရာထူးကနေ နှုတ်ထွက်ခွင့် ရှိခြင်း။
၆။လွှတ်တော် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်၊ အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုခြင်း။
၇။လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ခွင့် ရှိခြင်း။