ခုတလောသတင်းစာတွေ ကောက်ကိုင်လိုက်တဲ့အခါတိုင်း
ဝမ်းသာပီတိဖြစ်စရာသတင်းတွေနဲ့ ကြော်ငြာတွေကို အများဆုံးတွေ့နေရတယ်။ အနယ်နယ်
အရပ်ရပ် က ဆရာကန်တော့ပွဲသတင်းတွေ ဖြစ်ပါတယ်။ မြန်မာကျောင်းတွေသာမက
နိုင်ငံခြားသာသနာပြုတွေ လာဖွင့်တဲ့ စိန့်ကျောင်းတွေနဲ့
ကွန်ဗင့်ကျောင်းတွေမှာ နေခဲ့ကြတဲ့ ကျောင်းသူကျောင်းသားဟောင်း တွေကပါ
လုပ်ဆောင်လာကြတာ ဝမ်းသာစရာ မြင်တွေ့ရတယ်။
လူရာမဝင်ကြ
သတင်းစာတွေမှာ ဖတ်ရတာ ကို တစ်နေ့တစ်နေ့ ဆယ့်လေးငါးခု လောက်ရှိတယ်။ အထက်တန်း
ကျောင်းတွေမှာ လုပ်သလို တက္က သိုလ်တွေမှာလည်း ဘာသာ ရပ် အလိုက်၊
နှစ်အလိုက်လုပ်ကြတယ်။ ကျောင်းဆရာဆိုတာ ဘယ်ခေတ် ဘယ်အခါမှ မချမ်းသာကြသလို၊
လူရာလည်းမဝင်ကြပါဘူး။ အလုပ်တကာ့ အလုပ်ထဲ မှာ တကယ့်ကို ဓားမနောက်ပိတ်ခွေးပါ။
အငြိမ်းစား ယူပြီးတဲ့အခါကျတော့ ပိုဆိုးတော့ တာပေါ့။ ဘယ်သူကမှ အရေးတယူ
မရှိတာ့ပါဘူး။ အဲဒီလို ညှိုးညှိုးငယ် ငယ်နေရချိန်မှာ တပည့်ဟောင်းတွေက
သတိတရနဲ့ ကန်တော့တာကို ခံရခြင်းဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့
ကြည်နူးပီတိဖြစ်ကြပါတယ်။ တချို့ဆရာကြီး ဆရာမကြီး များဆိုရင်
ကန်တော့ခံရင်းနဲ့ မျက် ရည်တောင်မဆည်နိုင်ရှာကြပါဘူး။
အသက်ရှည်ဆေး
ကန်တော့ခံပစ္စည်းနဲ့ ငွေကြေးဟာ အဓိကမဟုတ်ဘူးဆိုပေမယ့် အသက်ရှစ်ဆယ်၊
ကိုးဆယ်ဆရာ အို၊ ဆရာမအိုကြီးများအဖို့တော့ မြေးတွေမြစ်တွေရှေ့မှာ ဂုဏ်
ယူဝင့် ကြွားစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက် ဆရာ
ဆရာမတွေနဲ့ တစ်နှစ်တစ်ခါပြန် လည်ဆုံတွေ့ပြီး ရှေးဟောင်းနှောင်း ဖြစ်တွေ
စမြုံ့ ပြန်ရတာလည်း ပင် စင်စားအိုကြီးများအတွက်အသက် ရှည်ဆေး တစ်မျိုးပါ။
ကန်တော့ဖို့ လာကြတဲ့ ခေါင်းဖြူဖြူ၊ ထိပ်ပြောင် ပြောင် ကျောင်းသူကျောင်းသား
တွေအဖို့လည်း ငယ်သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး မင်းတစ်လုံး ငါတစ်လုံး နဲ့
ပြောရဆိုရနောက်ပြောင်ရတာ ပျော်စရာကောင်းလှပါတယ်။
ပို့စကတ်လေးပို့ရုံပဲ
နိုင်ငံတကာမှာလည်း ‘ကမ္ဘာ့ ဆရာများနေ့’ဆိုပြီး သတ်မှတ်ထား တာရှိပါတယ်။
အဲဒီနေ့ရောက်ရင် ဆရာ ဆရာမတွေဆီ ပို့စကတ်လေး ပို့ကြ၊ ချောကလက်ဘူး လေးပို့ကြ
လုပ်ရုံလောက်ပါပဲ။ မြန်မာနိုင်ငံမှာ လိုကျကျနနစုဝေးကန်တော့ကြတာ
မျိုးတော့ဘယ်နိုင်ငံမှ မရှိပါဘူး။ ဒီ လိုဆရာကန်တော့ပွဲမျိုးက ကမ္ဘာမှာ
မြန်မာ တစ်ခုတည်းသာ ရှိတဲ့ပွဲလို့ ဂုဏ်ယူဝင့်ြ<ွကားလိုက်ချင်ပါတယ်။ ဒါဟာ
နိုင်ငံကြီးသားပီသတဲ့ အပြု အမူမဟုတ်ဘူးလားလို့၊ ဝါရှင်တန် လက
ပိုဝိုင်းတယ်လို့ ထင်သူ တွေကို မေးလိုက်ချင်တယ်။ ဒီလူတွေက
မြန်မာလူမျိုးတွေဟာ နိုင်ငံကြီးသား စိတ်ဓာတ်မရှိကြဘူးလို့ ပြောကြ
လွန်းလို့ပါ။
မြန်မာပြည်ကလူအိုတွေကံကောင်း
တစ်ခါက နိုင်ငံခြားသူ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း သူက လူအိုချင်း
အတူတူမြန်မာပြည်မှာ လူအိုဖြစ်ရတာ သိပ်ကံကောင်းတယ်လို့ ပြောပါတယ်။
လူအိုတွေကို သားတွေသမီးတွေက တာဝန်ယူ ပြုစုစောင့်ရှောက်ကြတာတွေကိုသူ
ကထောက်ပြပါတယ်။ သူကိုယ်တိုင်ကတော့ အသက်ရှစ်ဆယ်ကျော် သူ့အမေ ကို လူအိုရုံမှာ
ပို့ထားရတာ သုံးလေးနှစ်ရှိနေပါပြီ။ သူတို့ဆီမှာတော့ ဒီလိုပဲလုပ်ကြရတယ်။
လူတိုင်း အလုပ်ထွက်လုပ်နေကြရ တော့ သက်ကြီးရွယ်အိုတွေကို မ
စောင့်ရှောက်နိုင်ဘူး။ လူအိုရုံမှာနေရ တာသူတို့အတွက်လည်း ကောင်းပါတယ်လို့
သူကပြောပါတယ်။
တရားပါရဲ့လား
စားချိန်တန်စား၊ အိပ်ချိန်တန် အိပ်၊ ဆရာဝန်နဲ့ သူနာပြုဆရာမ တွေက
ကျန်းမာရေးစောင့်ရှောက်၊ ဘာမှလိုလေသေးမရှိပေါ့။ ဒါပေမဲ့
သားသမီးမြေးမြစ်တွေရဲ့ အချစ်ခံ ရတာ၊ ကိုယ်ကချစ်ရတာတွေတော့
မရှိဘူး၊မရနိုင်ဘူး။ စားရေး၊နေရေး၊ ကျန်းမာရေးမပူပင်မကြောင့်ကြရရုံနဲ့
လူ့ဘဝဟာ ပြီးပြည့်စုံသွားပြီလား။ ချမ်း သာပျော်ရွှင်နိုင်ပြီလား။ နှစ်
ပေါင်းများစွာ ရုန်းကန်လှုပ်ရှားပြီး သားသမီးတွေ လူတစ်လုံးသူ တစ်
လုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရ တဲ့ မိအိုဖအိုကြီးများ အတွက် ဘဝ ရဲ့
နောက်ဆုံးဆည်းဆာအချိန်မှာ လူအိုရုံမှာပဲ အဆုံးသတ်ရတယ်ဆို တာ တရားပါရဲ့လား။
ဖြစ်သင့်ပါရဲ့ လား။ နိုင်ငံကြီးသားစိတ်ဓာတ်ဆို တာ ဒါမျိုးလား။
အိုရင်လူအိုရုံပို့
စင်ကာပူနိုင်ငံမှာ လီကွမ်ယု ဝန်ကြီးချုပ်လုပ်နေစဉ်တုန်းက စင် ကာပူသားတွေဟာ
ရှေးရိုးစဉ်လာ မိအိုဖအိုတွေကို စောင့်ရှောက်ပြုစုရကောင်းမှန်း မသိကြတော့
ဘူး။ မိဘတွေအသက်ကြီးတာနဲ့ လူအိုရုံပဲပို့ထားချင်ကြတယ်။ ဒီလိုသားသမီးတွေကို
အရေးယူဖို့ ဥပဒေရှိသင့်တယ်လို့ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ တ ကယ် ဥပဒေ
ပြဋ္ဌာန်းဖြစ်သလားဆိုတာတော့ သတိမထားမိဘူး။ တရုတ်လူမျိုးများဟာ
ဘိုးဘွားမိဘတွေကို သိပ်ရိုသေကြ၊ ဦးစားပေးကြတဲ့ အစဉ်အလာ ရှိသူတွေ ဖြစ်
ကြတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံရယ်လို့ ဖြစ်လာတော့
ဘိုးဘွားမိဘတွေကို မစောင့်ရှောက်ချင်ကြတော့ဘူး။ နိုင်ငံကြီးသား
စိတ်ဓာတ်ဆိုတာ ဒါမျိုးလား။
ကျားကျားမီးယပ်
မြန်မာလူမျိုးတွေဟာ မချမ်း သာကြဘူး။ ဖွံ့ဖြိုးတိုးတက်အောင်
ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာလည်း မထိရ၊ မတွေ့ရသေးဘူး။
ကြိုးစား နေရဆဲ ဖြစ်တယ်။ ဒါပေမဲ့ မိအိုဖအိုကြီးတွေ ကို
လူအိုရုံပို့မထားကြပါဘူး။ ဆရာ အိုကြီးတွေကိုလည်း ပစ်ပယ်မထား ကြပါဘူး။
စိတ်ယဉ်ကျေးမှုထိပ်တန်း အဆင့်မှာရှိပါတယ်။ နိုင်ငံကြီးသား မပီသဘူးလို့
ပြောတဲ့သူတွေဟာ ကျားကျားမီးယပ်ဆိုသလို ဝါရှင်တန် ကလကမှ ပိုဝိုင်းတယ်လို့
ပြောနေကြဦးမှာပါပဲ။
လူထုစိန်ဝင်း