xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ (၂၇-၁-၂၀၁၁)ရက်နေ့ နေပြည်တော်သို့ သတင်းပို့ကြရမည်

Wednesday, January 12, 2011

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ (၂၇-၁-၂၀၁၁)ရက်နေ့ နေပြည်တော်သို့ သတင်းပို့ကြရမည်

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင်ကျင်းပရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးများ တက်ရောက်ရန် ဖိတ်စာများကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပြီး ဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးများအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်သို့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် (ကြာသပတေးနေ့)အရောက် သတင်းပို့ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။
(၂၀၁၁ခုနှစ် ဇန်န၀ါရီ ၁၂ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၂၀ မှ ကူးယူဖော်ပြပါသည်။)