xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အဲဒါတွေကြောင့် စိတ်ညစ်တာ

Friday, April 1, 2011

အဲဒါတွေကြောင့် စိတ်ညစ်တာ

နစ်နေမန်းခေါ် မြန်မာပြည်မကောင်းကြောင်း အစိုးရမကောင်းကြောင်းပြောသည့် ရေးသည့် အလုပ်ဖြင့် အသက်မွေး ၀မ်းကြောင်းပြုရရှာသူကလေးက  တံဆိပ်ခေါင်း အတုလေးကိုသုံးကာ သမိုင်းတစ်ခုလုံးကို လိမ်ပြီး တပ်မတော်နေ့ အမည် စတင်ပြောင်းလဲသူအား ဦးနေ၀င်းဖြစ်လာစေရန် ဥာဏ်သေး ဥာဏ်မွှားဖြင့် ဆောင်ရွက်လာမှုများ ရှိလာသည် ကိုတွေ့ရှိရပါသည်။
 

ထပ်မံပြောကြားလိုသည်မှာ ၁၉၈၈ မတိုင်မီကာလများအထိ ပုံနှိပ်မီဒီယာများတွင် မတ်လ ၂၇ ရက်နေ့ကို အချို့က တော်လှန်ရေးနေ့ဟုသာသုံးစွဲကြသည် ၊ အချို့ကတပ်မတော်နေ့ဟုသုံးစွဲကြလေသည်၊ အချို့က တော်လှန်ရေးနေ့(တပ်မတော်နေ့) ဟုသုံးကြပြန်လေသည် ၊ အချို့ကမူ တပ်မတော်နေ့ (တော်လှန်ရေးနေ့) ဟု သုံးစွဲခဲ့ကြကြောင်းကို ထိုအချိန်က လူဖြစ်ဘူးသူတိုင်း၊စာတတ်ကြသူတိုင်းမှတ်မိသိရှိ ကြလေသည်။ ဆိုလိုသည်မှာ ဦးနေ၀င်း အုပ်ချုပ်စဉ်ကာလ အပိုင်းအခြား တွင်ပုံနှိပ်ထားသော တော်လှန်ရေးနေ့ ဟူသော အသုံးတစ်ခုကိုကြည့်၍ မတ်လ ၂၇ ရက်နေ့သည် ဦးနေ၀င်းလက်ထက်တွင်တော်လှန်ရေးနေ့အဖြစ် ရှိနေသေးသည် ၄င်းနောက်ပိုင်းမှ ပြောင်းသည်ဟူ၍ တရားသေ မှတ်ယူ၍မရပါ။ မည်သည့်နေ့တွင်ပြောင်းခဲ့သည်ဆိုသော သမိုင်းအထောက်ထားသည်သာလျင် ပဓာန ကျသည်ဟု တင်ပြလိုပါသည်။


သို့ဖြစ်ပါ၍ စာရေးသူ အဏ္ဏ၀ါစစ်သည် ပိတောက်မြေသို့ ထပ်မံပေးပို့လာသော ၁၉၅၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ်  ပြည်ထောင်စုသား သတင်းစာပါ တပ်မတော်နေ့ အခမ်းအနား သတင်းကို ဖေါ်ပြလိုက်ပါသည်။ထိုသတင်းစာပါ မိန့်ခွန်းတွင် တော်လှန်ရေးနေ့မှ တပ်မတော်နေ့ အဖြစ်သို့ ပြောင်းလဲလာပုံ ကောက်နှုတ်ချက်ပါရှိသည်ကို ဖတ်ရှုနိုင်ပါသည်။
 


မောင်နစ်နေမန်းလေးအနေဖြင့် ထပ်မံ စောဒက တက်လာပါမူ ထိုခေတ် သမိုင်းအထောက်အထား များစွာရှိနေပါသေးသည် ။ သို့ရာတွင် ဤမလောက်လေးမလောက်စား သတ္တ၀ါတို့ အကြောင်းကိုမူ ကျွန်ုပ် ၏ဆိုဒ်မှ ထပ်မံဖေါ်ပြတော့မည်မဟုတ်ပါကြောင်း ။


ဒေါက်တာဆိတ်ဖွား