xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုင်ဗရီကို့စ် ကပေးတဲ့သင်ခန်းစာ

Sunday, April 3, 2011

အိုင်ဗရီကို့စ် ကပေးတဲ့သင်ခန်းစာ

ကိုယ်မွှေးတဲ့မီး ကိုယ်ပြန်ငြှိမ်းနေသူများ

အိုင်ဗရီကို့စ်နိုင်ငံရဲ့ လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေနဲ့ သူပုန်တပ်ဖွဲ့ ၂ ဖွဲ့ရဲ့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြား  အရပ်သား အများအပြားသေဆုံးမှုတွေဖြစ်ပေါ်နေတဲ့အတွက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်လာမယ့် အရေးကို မြို့တော် အဘစ်ဂျန် (Abidjan) က ပြည်သူတွေ အထူး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေ ကြောင်းသတင်းရရှိပါတယ်။
တစ်ချိန်တည်းမှာပဲ ကုလငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ထဲက ပြင်သစ်တပ်ဖွဲ့ကို အင်အားတိုးချထားလိုက်ပြီး မြို့တော်ရဲ့ အဓိက လေဆိပ်ကို ထိန်းသိမ်းထားလိုက်ကြောင်းလဲသိရပါတယ်။
လတ်တလောအချိန်မှာ လက်ရှိသမ္မတ လောရင့်စ် ဘက်ဂ်ဘို ဘယ်မှာရှိနေပြီးသူ့ရဲ့ တပ်တွေကို ဘယ်လို ကွပ်ကဲနေတယ် ဆိုတာ နိုင်ငံတကာ က အထူးစိတ်ဝင်စားလျက်ရှိကြောင်း လည်းသိရပါတယ်။ နှစ်ဘက်တိုက်ပွဲများမှာ အရပ်သားသေဆုံးမှုဟာ ၁၀၀၀ ကျော်သွားပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ် ။

လက်ရှိသမ္မတ ဘက်ဂ်ဘို အနေနဲ့ အာဏာကို လွှဲပြောင်းပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကကြေငြာချက် ထုတ်တောင်းဆိုနေကြောင်းလည်းသတင်းရရှိပါတယ်။

အိုင်ဗရီကို့စ်မှာ ဒီလိုပြည်တွင်း ပဋိပက္ခ တွေဖြစ်ပေါ်ကာ အရပ်သား အမြောက်အများ သေဆုံးမှုတွေ မှုတွေ စတင်ဖြစ်ပေါ်လာရတာနဲ့ ပတ်သက်ပြီး စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးကိုကိုအောင် က " 'ဒီလိုဖြစ်လာတာတွေရဲ့ တရားခံက ဘယ်သူလဲလို့တော့မပြောချင်ပါဘူး..ဖြစ်ပုံကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ထဲက အိုင်ဗရီကို့စ် မှာ ရွေးကောက်ပွဲလုပ်တယ် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က လက်ရှိသမ္မတ အနိုင်ရကြောင်းကြေငြာတယ် ဒါကိုနိုင်ငံတကာ အမည်ခံ အနောက်အုပ်စုက ရွေးကောက်ပွဲဟာ မတရားဘူး ဒါကြောင့် အနိုင်ရသူဟာ အတိုက်ခံ အလက်ဆန်းဝါတရာ Alassane Ouattara ပဲဖြစ်သင့်တယ် သူ့ကိုထောက်ခံတယ် အသိအမှတ်ပြုတယ်ဆိုပြီး ကြေငြာတယ် ၊ဒါနဲ့ပဲ ၀ါတရာဟာ အနောက်အုပ်စု သတင်းမီဒီယာတွေမှာ နိုင်ငံတကာအသိအမှတ်ပြု သမ္မတ ဆိုပြီးဖြစ်လာတယ် ပြီးတော့ နဂိုထဲက ကြိုတင်ရောက်နေတဲ့ ကုလငြိမ်းချမ်းရေးတပ် ဆိုတာတွေက အနောက်အုပ်စု အသိမှတ်ပြု သမ္မတ ဆိုတာကို လုံခြုံရေးပေးထားလိုက်တယ် ...ခုဆိုရင် ဒီအတိုက်အခံ သမ္မတ ရဲ့တပ်တွေက နိုင်ငံရဲ့ နေရာတော်တော်များများကို ထိန်းချုပ်ထားတာ တွေ့ရတယ် ဒီနေရာမှာစဉ်းစားရမှာက ဒီအတိုက်အခံရဲ့တပ်တွေက အစိုးရတပ်တွေကိုလွှမ်းမိုးပြီး ဒီလောက်ထိန်းချုပ်လာနိုင်တယ်ဆိုတာ တစ်စုံတစ်ရာရဲ့ အထောက်အပံ့မပါပဲ ဖြစ်ကို မဖြစ်နိုင်ပါဘူး နဂိုထဲက ဒီလောက်အင်အားကြီးတဲ့ တပ်ကြီးကို အတိုက်အခံက ပိုင်နေတယ်ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင် ပါဘူး သူတို့ကိုင်နေတဲ့ လက်နက်တွေ အသုံးအဆောင်တွေ ဒီလောက်ကြီးမားတဲ့စစ် အသုံးစရိတ်တွေ ဘယ်ကရသလဲ ဆိုတာတွေ မှာ အဖြေရှိပါတယ်  " ဟုပြောကြားသွားပါသည်။

ဒီတပ်ဖွဲ့တွေကို အတိုက်အခံတွေက အရင်တည်းက ပိုင်နေတယ်တဲ့လား???
 
 အင်အားဖြည့်ထပ်ရောက်လာတဲ့ အတိုက်ခံတပ်တွေ ၊ ဒီလက်နက်တွေဘယ်သူတွေများပံ့ပိုးထားပါလိမ့်

၎င်းက ဆက်လက်ပြောကြားရာတွင် "ကျွန်တော်တို့နိုင်ငံ မှာ ရွေးကောက်ပွဲတုန်းက နိုင်ငံတကာ စောင့်ကြည့်ရေးတွေ နိုင်ငံတကာသတင်းထောက်တွေ အ၀င်မခံဘူးဆိုတာ အဖြေက ဒါပါပဲ အတိုက်အခံတွေ နိုင်ငံတကာကို မျှော်တယ် ဆိုတာကလဲ ဒါတွေကို မျှော်တာပါပဲ ကျွန်တော်တို့ဆီက လူကြီးတွေ အမုန်းခံပြီး တိုင်းပြည်ကို ကာကွယ်သွားတာပါ...အကယ်၍သာ အဲဒီရွေးကောက်ပွဲတုန်းက ဒီလိုနိုင်ငံတကာ စောင့်ကြည့်ရေးတွေ ကုလက ငြိမ်းချမ်းရေးထိန်း တပ်တွေ ရှိနေမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံက ဘာကြီးဖြစ်နေနေ NLD ရွေးကောက်ပွဲ ၀င်မှာပါ..အကယ်၍သာ သူရွေးကောက်ပွဲဝင်တာကို နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့တွေက ရွေးကောက်ပွဲ မတရားဘူး ဆိုပြီး ခု အိုင်ဗရီကို့စ်မှာလုပ်သလို ဘယ်သူနိုင်နိုင် NLD ကို အနိုင် ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ အိုင်ဗရီကို့က ပြည်သူတွေလိုဖြစ်နေမှာ အသေအခြာပါပဲ
အိုင်ဗရီကို့စ်မှာ သေတဲ့စာရင်းကိုကြည့်ရင် နှစ်ဘက်လက်နက်ကိုင်တွေ က သေတာနဲပါတယ် ကြားထဲက ပြည်သူတွေပဲ သေကြရတာပါ ဒါ အိုင်ဗရီကို့စ်က ပေးတဲ့ မြန်မာပြည်သူတွေအတွက် သင်ခန်းစာပါပဲ " ဟု ပြောကြားသွားခဲ့ပါသည်။