xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ယနေ့ သတင်းဓါတ်ပုံများ ( ၂၂ - ၄ - ၂၀၁၁ )

Friday, April 22, 2011

ယနေ့ သတင်းဓါတ်ပုံများ ( ၂၂ - ၄ - ၂၀၁၁ )

ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာမြေကြီးနေ့ တွင် အင်ဒိုနီးရှားနိုင်ငံမှ တက်ကြွလှုပ်ရှားသူများက သစ်တောပြုန်းတီးမှုကာကွယ်ရေး ဆန္ဒပြ လှုပ်ရှားနေကြစဉ်
(Aman Rochman, AFP)


ဒလမြို့နေ မြန်မာအမျိုးသမီးငယ်တစ်ဦး ရေခတ်သွားနေပုံကို ပြည်တွင်းက  ဓါတ်ပုံသတင်းထောက် ခင်မောင်ဝင်းက ဒီနေ့ AP သတင်းဌာနကို ပေးပို့ထားတဲ့ပုံဖြစ်ပါတယ်
(ဒီလိုတိုင်းပြည်ဖျက်မဲ့သူတွေ သတင်းထောက်ဖြစ်နေသ၍ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပါဘဲ )


ဒါကတော့ လစ်ဗျားနိုင်ငံက  သူပုန်တွေထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမြို့မှာ  ကလေးငယ်တစ်ဦး လစ်ဗျားနိုင်ငံရဲ့ အလံဟောင်းကို ကိုင်ဆောင်ထားတဲ့ ပုံပါ ၊  ဒီအလံကို အခုအခါ သူပုန်တွေကအသုံးပြုနေတာဖြစ်ပါတယ်
(Marwan Naamani, AFP)