xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အိုင်ဗရီကို့စ်တွင် ကုလသမဂ္ဂတပ် ဘက်လိုက်ဟု ရုရှားသမ္မတ ပြစ်တင် ပြောကြား

Friday, April 15, 2011

အိုင်ဗရီကို့စ်တွင် ကုလသမဂ္ဂတပ် ဘက်လိုက်ဟု ရုရှားသမ္မတ ပြစ်တင် ပြောကြား

 ရုရှားသမ္မတ
 
အိုင်ဗရီကို့စ်တွင် ဖြစ်ပွားသောပဋိပက္ခ များအတွင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်များက ဘက်လိုက်မှုရှိတယ်လို့ ရုရှားသမ္မတ ကပြစ်တင် ပြောဆိုလိုက်ပါတယ် ။ " အိုင်ဗရီကို့စ်မှာရောက်နေတဲ့ ကုလသမဂ္ဂတပ်တွေဟာ လုပ်ပိုင်ခွင့် ကို ကျော်လွန်ပြီး ဘက်တစ်ဘက်ကို အကူအညီပေးတာဟာ အင်မတန်အန္တရယ်ကြီးတဲ့လုပ်ရပ်ဖြစ်တယ် " လို့ ရုရှားသမ္မတ ဒမီဒရီ မီဒီဒက်ဖ် ကပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံကို BRICS အစည်းအဝေးတက်ရောက်ဘို့ ရောက်နေတဲ့ ရုရှားသမ္မတ ဟာ သီးခြားတွေ့ဆုံမှုတစ်ခု မှာ ခုလိုပြောကြားလိုက်တာဖြစ်ပါတယ် ။ ဒီလိုလုပ်ရပ်တွေ အတွက် ကုလသမဂ္ဂ ခေါင်းဆောင်မှု အပေါ်မှာ အလေးအနက် မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့လည်း သူကဆိုပါတယ် ။


ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် သမ္မတဟောင်း  လောရင့်ဂက်ဘို ကိုသစ္စာခံတဲ့ တပ်တွေကို တိုက်ဘို့ အဲဒီမှာရှိနေတဲ့ ကုလတပ်တွေကို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ဒီလိုအမိန့်ပေးရတာဟာ အိုင်ဗရီကို့စ်မှာရှိနေတဲ့ အရပ်သားတွေအတွက် လုပ်ဆောင်တာလို့ ကာကွယ် ပြောဆိုသွားပါတယ် ။အိုင်ဗရီကို့စ်မှာရှိနေတဲ့ ကုလသမဂ္ဂတပ်တွေဟာ သမ္မတအိမ်တော်ကို ၀င်စီးပြီး သမ္မတကို ဖမ်းဆီးသည်အထိ အတိုက်အခံတွေဘက်က ပါဝင် ကူညီခဲ့တာဖြစ်ပါတယ်။
Voice Of Myanmar