xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးတပ်ဖွဲ့ဝင် ၉ ဦး အာဖဂန်တွင် အပစ်ခံရ၍ သေဆုံး

Wednesday, April 27, 2011

နေတိုးတပ်ဖွဲ့ဝင် ၉ ဦး အာဖဂန်တွင် အပစ်ခံရ၍ သေဆုံး

ပစ်ခတ်မှု ဖြစ်ပွားအပြီး အာဖဂန်စစ်သည်များ ကဘူးလေဆိပ်အနီး စောင့်ကြပ်နေပုံ 


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် (Kabul) မြို့တော်မှာ အာဖဂန် စစ်လေယာဉ်မှူးတစ်ဦးက နိုင်ငံခြား တပ်ဖွဲ့တွေကို ပစ်ခတ်လို့ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၈ ဦးနဲ့ အငှားတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ အာဖဂန်စစ်ပွဲ စတင်တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကြုံရတဲ့ ဒီလို တိုက်ခိုက်မှုတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ကြောင်းသိရှိရပါတယ် ။
 
တာလီဘန်တို့ကတော့ ဒီတိုက်ခိုက် မှုဟာ မိမိ တို့လက်ချက်ဖြစ်ကြောင်း ၊ ယူနီဖေါင်းဝတ် ထားတဲ့ စစ်သွေးကြွတစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းပြောကြားပါတယ် ။ 

အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာနကတော့ ကဘူးလ်မြို့တော်မှာရှိတဲ့ အာဖဂန် လေတပ်စခန်းမှာ ဗုဒ္ဓဟူးနေ့က စကားအချေအတင် ဖြစ်ကြပြီး ဝါရင့် လေယာဉ်မှူးတဦးက ပစ်ခတ်ပြီး ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေ သေဆုံးသွားရတာ ဖြစ်ကြောင်း  အဲဒီလေယာဉ်မှူးလည်း ပစ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း ပြောဆိုပြီး သူဟာ စစ်ဝတ်စုံ ဝတ်ထားတဲ့ စစ်သွေးကြွဖြစ်တယ် ဆိုတဲ့ တာလီဘန်တို့ရဲ့ အပြောကို တော့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေကငြင်းဆိုသွားပါတယ် ။

သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေ ဘယ်နိုင်ငံကဖြစ်တယ် ဆိုတာကို နေတိုး (NATO) ကတရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးကြောင်းလဲသိရပါတယ်။ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ အတော်များများ ရှိခဲ့ပြီး အာဖဂန်စစ်တပ် ဒါမှမဟုတ် အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်သူ တယောက်ယောက်က တိုက်ခိုက်တာတွေ ဖြစ်ပါတယ်။
 
ဒီလ အစောပိုင်းတုန်းကပဲ ဖာယပ်ဘ် (Faryab) ပြည်နယ်မှာ အာဖဂန် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦးက အမေရိကန်စစ်သား ၂ ဦးကို ပစ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီလတုန်းကတော့ ဘာ့(ဂ်)လန် (Baghlan) ပြည်နယ်မှာ အာဖဂန် စစ်ယူနီဖောင်း ဝတ်ဆင်ထားသူ တဦးက ဂျာမန်စစ်သား ၃ ဦးကို ပစ်ခတ်ခဲ့ပြီး တခြား ၆ ဦးလည်း သူ့ကြောင့် ဒဏ်ရာရသွားခဲ့ဘူးကြောင်းလည်းသိရှိရပါတယ် ။