xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြင်းထန်

Friday, April 22, 2011

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြင်းထန်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွင်း ဒဏ်ရာရ ထိုင်းစစ်သားတဦးကို Surin ခရိုင်၊ Phnom Dongrak ဒေသ ဆေးရုံကိုပို့ဆောင်နေစဉ် (ဧပြီလ ၂၂၊ ၂၀၁၁)
 
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဘုရားကျောင်းတခုကို ပိုင်ဆိုင်မှု အငြင်းပွားရာကနေ နယ်စပ်ပြဿနာတွေ အထိ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနေ့(သောကြာနေ့)မှာဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ နှစ်ဖက် တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး နော် နမ်ဟောင် ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အလှည့်ကျဥက္ကဌ ထံကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိပေး ကန့်ကွက်ထားတဲ့ တိုင်ကြား စာတစ်စောင် ပေးပို့ထားကြောင်းလဲ သိရပါတယ် ။

ကမ္ဘောဒီးယားဘက်က စစ်သား ၃ ယောက် ကျဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယား တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘက်မှာလည်း စစ်သည် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းတပ်မတော် အကြီးအကဲတွေက ပြော ကြားကြောင်းသိရပါတယ်။


ခုလို နှစ်နိုင်ငံကြားတိုက်ပွဲတွေ ဖြစ်ပေါ်လာမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်ကြတဲ့ နှစ်နိုင်ငံပြည်သူ များဟာ ဘေးလွတ်ရာနေရာများမှာ ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့လဲသိရပါတယ်။ 

 
ဘေးလွတ်ရာသို့တိမ်းရှောင်နေကြသော နယ်စပ်နေရွာသားများ
 
ထိုင်းနိုင်ငံ ဆူရင်း (Surin) ပြည်နယ် ဖနွမ်ဒွန်ရက်ခ် (Pa Nom Dong Rak) ဒေသက တာမူဝမ်တွမ် (Ta Muen Tom) ဘုရားကျောင်းနားမှာ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကို ဘယ်သူ့ဖက်က စတင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်ဖက်လုံးရဲ့ တပ်မတော်အကြီးအကဲတွေက တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြဆဲဖြစ် ကြောင်းသတင်းရရှိပါတယ်။

Voice Of Myanmar