xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံစုံတပ် မှားယွင်းပစ်ခတ် ၊ လစ်ဗျားသူပုန် ၁၃ ဦးသေဆုံး

Saturday, April 2, 2011

နိုင်ငံစုံတပ် မှားယွင်းပစ်ခတ် ၊ လစ်ဗျားသူပုန် ၁၃ ဦးသေဆုံး


ယမန်နေ့ညပိုင်းက နေတိုးတပ်ဖွဲ့ လေယာဉ်တစ်စီးရဲ့ မှားယွင်း ပစ်ခတ်မှုကြောင့် ကဒါဖီဆန့်ကျင်သူ ၁၃ ဦးထက်မနည်း သေဆုံးသွားကြောင်းသတင်းရရှိပါတယ်။
Brega နှင့် Ajdabiya မြို့ကြားမှာ သောကြာနေ့ညပိုင်းက လစ်ဗျားသူပုန်များ မောင်းနှင်လာတဲ့ ကား ၅စီးပါ ယာဉ်တန်းကို နေတိုးလေယာဉ်တစ်စီးက ခုလိုမှားယွင်းပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း သူပုန်များက ပြောဆိုပါတယ် နေတိုးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ လစ်ဗျားသူပုန်တွေက လေယာဉ်ပစ် စက်သေနတ်ကြီးတွေနဲ့ အရင်ပစ်ခတ်ခဲ့လို့ လေယာဉ်က ပြန်လည် ပစ်ခတ်ရတာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
Ajdabiya မြို့ဆေးရုံ ကဆရာဝန်တစ်ဦးက ပြောကြားရာမှာတော့ သေဆုံးသူများထဲမှာ ဆေးကျောင်းသား ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။


အမေရိကန်အပါအ၀င် နေတိုးတပ်တွေ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ အပြစ်မဲ့ အရပ်သား တွေ သေဆုံးမှုရှိကြောင်း လစ်ဗျားနိုင်ငံပိုင် ရုပ်သံက နေ့စဉ်ဆိုသလို ပြသနေပြီး သေဆုံးသူများ ရဲ့ ဈာပဏ အခမ်းအနား များကို အစိုးရလိုလားသူများက အနောက်အုပ်စုဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ သေနတ်များ မိုးပေါ် ထောင်ဖေါက်ပြီး ကျင်းပခဲ့ကြကြောင်း သိရပါတယ်။ထိုသို့ ဆောင်ရွက်မှုများကို လစ်ဗျားရုပ်သံက လည်း ပြသခဲ့ပါတယ်။ 

အမေရိကန်နဲ့ နေတိုးတာဝန်ရှိသူများကတော့ အရပ်သားသေဆုံးမှုလုံးဝမရှိကြောင်း ငြင်းဆိုနေဆဲဖြစ် ပါတယ် ၊အာဖဂန်နိုင်ငံမှာ တာလီဘန်နှိမ်နင်းရေး အတွက် အလားတူဗုံးကြဲခဲ့စဉ်ကလည်း အမေရိကန်တို့က အရပ်သားသေဆုံးမှု မရှိကြောင်းငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင် ၀ီကီလိခ် မှ အရပ်သားသောင်းနှင့်ချီသေဆုံးခဲ့သည့် ဗီဒီယို အထောက်ထားများ ဖွင့်ချခဲ့သဖြင့် အမေရိကန်တို့ အလိမ် ပေါ်ခဲ့ဘူးကြောင်းလဲ သိရပါတယ် ။