xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာအစိုးရသစ် ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်၊ ၅နှစ်အတွင်း GSM မိုဘိုင်းလိုင်း သန်း ၃၀ထိတိုးချဲ့မည်

Friday, April 22, 2011

မြန်မာအစိုးရသစ် ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်၊ ၅နှစ်အတွင်း GSM မိုဘိုင်းလိုင်း သန်း ၃၀ထိတိုးချဲ့မည်

ပြင်ဦးလွင်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး ၏ ရတနာပုံတယ်လီပို့


မြန်မာပြည်သူများ တယ်လီဖုန်းဆက်သွယ်ရေးခက်ခဲမှု ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အခက်ခဲများကျော်လွှား နိုင်ရန်နှင့် နိုင်ငံ၏ သတင်းအချက်အလက် နည်းပညာ တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော အထူးစီမံကိန်းများ အကောင်ထည် ဖေါ်ရေးအဖွဲ့ အစည်းဝေးတွင် ဆက်သွယ်ရေးဝန်ကြီးက နိုင်ငံတော်သမ္မတသို့ ရှင်းလင်းတင်ပြခဲ့ကြောင်းယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြထားပါသည် ။

ဆက်သွယ်ရေးဝန်ကြီးက ရှင်းလင်းတင်ပြရာတွင် အခုအခါ နိုင်ငံတော်၏ Telephone density မှာ ၅% ခန်.သာရှိကြောင်း သို့ဖြစ်ပါ၍ Telephone density အမြန်တိုးတက်လာစေရေး အတွက် GSM မိုဘိုင်းလိုင်းများ အမြန် တိုးချဲ့ တပ်ဆင်နိုင်ရေး ၀န်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စီမံကိန်း ပထမနှစ်တွင် လိုင်း ၄သန်း ၊ ဒုတိယနှစ်တွင် လိုင်း ၅ သန်း ၊ တတိယနှစ်တွင် လိုင်း ၆သန်း ၊ စတုတ္ထနှစ်တွင် လိုင်း ၇ သန်း ၊ ပဉ္စမနှစ်တွင် လိုင်း ၈ သန်း စုစုပေါင်း လိုင်း သန်း ၃၀ တပ်ဆင်နိုင်ရေး နည်းပညာအဖွဲ့များဖွဲ့စည်းကာ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း စီမံကိန်းကာလ ပြီးစီးပါက Telephone density မှာ ၅၀.၆% ထိရှိလာမှာဖြစ်ကြောင်း တင်ပြသွားပါတယ်  ။


ဒါ့အပြင် ဆက်သွယ်ရေးနှင့် ပြန်ကြားရေးကဏ္ဍ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်နှင့် အာကာသဆိုင်ရာ နည်းပညာ တိုးတက်ပျံ့ပွားလာစေရန် နိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုလ်တု တစ်လုံး လွှတ်နိုင်ရန် စီစဉ် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar