xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွား

Monday, April 25, 2011

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွား

ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များအားတိုက်ပွဲဖြစ်ပွားရာ နယ်စပ်တွင်တွေ့ရပုံ

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်ဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုများ တနင်္လာနေ့မနက်မစောပိုင်းတွင် ဆက်လက်ဖြစ်ပွားပြန်ရာ နှစ်နိုင်ငံတပ်ဖွဲ့များကြား ၄ ရက် ဆက်တိုက် ဖြစ်ပွားခြင်းဖြစ်ပြီး Ta Moan နှင့် Ta Krabei ဘုရားကျောင်းများတည်ရှိရာ Oddar Meanchey ဒေသတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

" ဒီမနက်စော ၆နာရီ ၁၅ လောက်ကနေစပြီး ဘုရားကျောင်း ၂ ကျောင်းနားမှာ နှစ်ဘက် ပစ်ခတ်မှုတွေဖြစ် နေတာပါ " ဟု ကမ္ဘောဒီးယား အမြောက်တပ်ဖွဲ့ ဒုတိယ အကြီးအကဲ Suos Sothea က တိုက်ပွဲဖြစ်ပွားရာ နေရာမှ တယ်လီဖုန်းဖြင့် ပြောကြားကြောင်း ဆင်ဟွာ သတင်းဌာန ကဖေါ်ပြလိုက်ပါသည်။ထိုင်းတပ်ဖွဲ့တွေဟာ မိမိတို့ဘက်ကို လက်နက်ငယ်တွေရော လက်နက်ကြီးတွေ နဲ့ပါပစ် ခတ်နေတာ ဖြစ် ကြောင်း မိမိတို့အနေဖြင့် နိုင်ငံပိုင်နက် ကာကွယ်ရေးအတွက် ပြန်လည်ပစ်ခတ်မှု များ ရှိခဲ့ကြောင်းလည်း သူကဆက်ပြောပါတယ် ။

တိုက်ပွဲဖြစ်ပွားရာနေရာများသို့ အင်အားဖြည့်တင်းရန်သွားရောက်နေသော ကမ္ဘောဒီးယား စစ်သည်အချို့

လွန်ခဲ့တဲ့ ၃ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံ ပစ်ခတ်မှုများအတွင်း ကမ္ဘောဒီးယားဘက်မှ ၆ ဦးကျဆုံး ၊ ၁၆ ဦးဒဏ်ရာရရှိခဲ့ပြီး ထိုင်းတပ်ဖွဲ့များဘက်မှ ၅ ဦးကျဆုံး ၁၇ ဦး ဒဏ်ရာရရှိကာ သောင်းနှင့်ချီသောဒေသခံများ  အိုးအိမ်များစွန့်ပစ်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေ ထိုင်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

PHNOM PENH, April 25 (Xinhua)