xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကုလသမဂ္ဂ က အိုင်ဗရီကို့စ်မှာ ငြိမ်းချမ်းရေးထိန်းနေတယ်တဲ့လား ???

Tuesday, April 5, 2011

ကုလသမဂ္ဂ က အိုင်ဗရီကို့စ်မှာ ငြိမ်းချမ်းရေးထိန်းနေတယ်တဲ့လား ???

 
အိုင်ဗရီကို့စ် နိုင်ငံတွင်း လက်ရှိသမ္မတနဲ့ အတိုက်ခံကြားတိုက်ပွဲတွေဟာ တနင်္လာနေ့မှာ အတော်လေး ပြင်းထန်လာပါတယ်။ လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အခြေစိုက် နေရာတွေကို ကုလသမဂ္ဂ တပ်တွေက အတိုက်ခံတပ်တွေနဲ့အတူ တိုက်ခိုက်နေသလို သမ္မတ ဘက်ဂ်ဘိုတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာအချို့ကို သိမ်းယူနိုင်ဖို့ ကြိုးစားနေပါတယ်။
အဘိုက်ဂျန် (Abidjan) မြို့တွင်းက သမ္မတအိမ်တော်၊ သမ္မတ ဘက်ဂ်ဘို နေထိုင်ရာနေရာနဲ့ ဘက်ဂ်ဘို တပ်စခန်း နှစ်ခုကို ကုလသမဂ္ဂတပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပန်ကြားချက်နဲ့ ဒီတိုက်ခိုက်မှုမှာ သူတို့တပ်အင်အားတွေ ပါဝင်လာရခြင်း ဖြစ်တယ်လို့ ပြင်သစ်က  ပြောပါတယ်။
အရပ်သားတွေနဲ့ ကို ကာကွယ်ဖို့အတွက် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြေညာချက် ထုတ်ခဲ့ပါတယ်။

ရှေ့နေငှားမှ ထောင်လုံးလုံး ကျ ဖြစ်နေရရှာသော အိုင်ဗရီကို့စ် ပြည်သူများ 


ဒါ့အပြင် သမ္မတ ဘက်ဂ်ဘို တပ်တွေဟာ အဘိုက်ဂျန် ဒေသခံတွေကို သတ်ဖြတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂဘက်က စွပ်စွဲခဲ့ပါသေးတယ်ပါတယ်။ လတ်တလာအားဖြင့် မစ္စတာဘက်ဂ်ဘို ဘယ်မှာရှိနေတယ်၊ သူ ဘာတွေလုပ်နေတယ်ဆိုတာ ဘာကိုမှ တုံ့ပြန်ပြောတာ မရှိသေးပါဘူး။
လက်ရှိအိုင်ဗရီကို့စ်  ပြောခွင့်ရသူ အလန်တူးဆော့ဖ် ကတော့ " အိုင်ဗရီကို့စ် ကို ဘယ်သူအုပ်ချုပ်မယ်ဆိုတာ အမေရိကန်နဲ့ ပြင်သစ် နိုင်ငံတွေက ဆုံးဖြတ်စရာ အကြောင်းမရှိပါဘူး ..နောက် အိုင်ဗရီကို့ရဲ့ အချက်ချာ ကျတဲ့ လေဆိပ်ကို ပြင်သစ်တပ်တွေသိမ်းထားတယ်ဆိုတာကလဲ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်ခြာ အာဏာပိုင်မှုကို စော်ကားလိုက်တာပါပဲ ဒါတွေလုပ်ဘို့ ကုလသမဂ္ဂက ခွင့်ပြုမထားပါဘူး ..ဒါတွေဟာ အင်အားကြီးနိုင်ငံတွေက ငြိမ်းချမ်းရေး အသံကောင်းလွှင့်ပြီး တခြားနိုင်ငံတွေကို ပြောင်ပြောင် တင်းတင်း ကျူးကျော် နေတာပါပဲ " ဟု ပြင်သစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မနေ့က ပြောဆိုခဲ့ပါတယ်။
အိုင်ဗရီကို့မှာ ကုလတပ်တွေရဲ့ ခုလို လုပ်ရပ်တွေနဲ့ လစ်ဗျားမှာ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ကဒါဖီ အစိုးရ ဖြုတ်ချဘို့  ဆောင်ရွက်နေတာတွေကိုကြည့်ပြီး ကုလသဂ္ဂ ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုတာအပေါ် သံသယဖြစ်ပေါ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။