xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန် က အီရတ်ကိုကျူးကျော်မှု ၈ နှစ်ပြည့် ၊ ကျူးကျော်သူတို့ ထွက်သွားဟု ပြည်သူများတောင်းဆို

Sunday, April 10, 2011

အမေရိကန် က အီရတ်ကိုကျူးကျော်မှု ၈ နှစ်ပြည့် ၊ ကျူးကျော်သူတို့ ထွက်သွားဟု ပြည်သူများတောင်းဆို

 အမေရိကန်ကျူးကျော်မှု ၈နှစ်မြောက် ဆန္ဒပြပွဲများကျင်းပနေစဉ်

အီရတ်နိုင်ငံအား အမေရိကန်နှင့် အပေါင်းပါတပ်များ က ၂၀၀၃ ခုဧပြီလ ၉ ရက်နေ့တွင် ကျူးကျော်တိုက်ခိုက် ခဲ့ရာ ယခုနှစ် ဧပြီလ ၉ ရက်နေ့တွင်  ၈ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ကျူးကျော်သူတို့ ယနေ့တိုင် အီရတ်နိုင်ငံ တွင်းမှ ပြန်လည်ထွက်ခွာ သွားခြင်းမရှိဘဲ အကြောင်းအမျိုးမျိုး ပြကာ သိမ်းပိုက်ထားဆဲဖြစ်ကြောင်းသိရပါတယ် ။ လက်ရှိ အီရတ်နိုင်ငံတွင် လက်နက် အပြည့်စုံတပ်ဆင်ထားသော အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀၀ ခန့်ရှိသည် ။
 
အီရတ်နိုင်ငံအား အမေရိကန်နှင့် အပေါင်းပါတပ် များက ထိုစဉ်က သမ္မတ ဆက်ဒမ်ဟူစိန် အစိုးရတွင် နျူကလီးယား လက်နက်များရှိသည်ဟု၎င်း အဖျက်စွမ်းအားကြီးမားသည့် လက်နက်များပိုင်ဆိုင်သည်ဟု ၄င်းစွပ်စွဲပြောဆိုကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် အီရတ်ပြည်သူတို့၏ လုံခြုံရေး ကိုအကြောင်းပြကာ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ကျူးကျော် ၀င်ရောက်နိုင်စေရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကခွင့်ပြုခဲ့သည် သာမက ၈နှစ်ကြာ ဆက်လက် သိမ်းပိုက်ထားမှုကိုပါခွင့်ပြုခဲ့သည် ။

ထိုသို့သိမ်းပိုက်ပြီး နောက်ပိုင်း တွင် အီရတ် ၌ ၄င်းတို့စွပ်စွဲခဲ့သလို မည်သည့်လက်နက်မျှရှိ မနေကြောင်းပေါ်ပေါက်ခဲ့ပြီး  ထိုသို့ ၀င်ရောက်တိုက်ခိုက်ခြင်းမှာ မှားယွင်းသော လုပ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း သမ္မတဟောင်းဂျော့ရှ်ဘု ကနောက်ပိုင်းတွင် တရားဝင် ၀န်ခံခဲ့သည် ။


ပြီးခဲ့သည့် စနေနေ့က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အရှေ့ပိုင်းတွင် အမေရိကန်နှင့် အပေါင်းပါများကျူး ကျော်မှု ၈ နှစ်မြောက် အထိမ်းမှတ်အခမ်းအနား ကျင်းပပြုလုပ် ခဲ့ပြီး ထောင်ပါင်းများစွာ သော အီရတ်ပြည်သူများပါဝင်ခဲ့ကြပြီး "ကျူးကျော်သူများ ထွက်သွား ထွက်သွား ၊ အမေရိကန်အလိုမရှိ " "Go, go, occupier. No, no, America," ဟုကြွေးကြော်ကာ ချီတက်ဆန္ဒ ပြခဲ့ကြသည် ။

ထိုဆန္ဒပြ အခမ်းအနားတွင် အီရတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ မော်တာဒါ အယ်လ်ဆာဒါးက မိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် ကျူးကျော်သူတို့အနေဖြင့် အီရတ်မြေမှ ပြန်လည်ထွက်ခွာခြင်း မပြုပါက ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သတိပေး ပြောကြားလိုက် ပြီး ခုလိုဆန္ဒပြပွဲတွေကိုနိုင်ငံတစ်ဝှမ်းမှာ တိုးချဲ့ပြုလုပ်သွားမှာဖြစ်ကြောင်း အီရတ်နိုင်ငံက ဆက်လက်လိုအပ်နေမယ်ဆိုရင် အမေရိကန်တပ်တွေကို ဆက်လက်ထားရှိမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ရောဘတ်ဂိတ်ရဲ့ ပြောကြားချက်ဟာ အရှက်မရှိတဲ့ ပြောဆိုချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်တင်မြှေက်ထားတဲ့ လက်ရှိအီရတ် ရုပ်သေးအစိုးရရဲ့ ၀န်ကြီးချုပ် အယ်လ် မာလီကီကတော့ နိုင်ငံတကာတပ်တွေကို ဆန့်ကျင်သူမှန်သမျှ သူတို့ရဲ ရန်သူတွေပါဘဲ လို့ ဘဂ္ဂဒက် ကိုရောက်နေတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးနဲ့ တွေ့ဆုံရာမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ် ။

အမရေိကန်တို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် ၂၀၀၃ ခု ဧပြီလ ၉ ရက်မှ ၂၀၁၁ ခု ဧပြီလ ၅ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ ၀င်များအပါအ၀င် အီရတ်ပြည်သူ ၇၀၅၄၂၈ ဦး သေဆုံးခဲ့ပြီး ၁၂၇၇၆၀၈ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း နှစ်ဘက်ထုတ်ပြန်သော စာရင်းများအရ သိရပါတယ် ။

နိုင်ငံရေး အကဲခတ်များကမူ အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ လိုအပ်မှာဖြစ်ပြီး အချိန်အတော်ကြာ ပြန်လည်တည်ဆောက်ရမှာဖြစ်ကြောင်း နှင့် အီရတ်ပြည်သူများ၏ အနာဂါတ်မှာစိုးရိမ် ဖွယ်ရာများဖြင့် ပြည့်နှက်နေဆဲ ဖြစ်တယ်လို့  သုံးသပ် ပြောဆိုလျက် ရှိကြောင်း တင်ပြ ရေးသားအပ်ပါသည်။
Voice Of Myanmar