xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆီးရီးယား အတိုက်အခံကို အမေရိကန်ထောက်ပံ့မှု၊ ၀ီကီလိခ်ဖေါ်ထုတ်ချက် ၀ါရှင်တန်ပို့စ်ဖေါ်ပြ

Monday, April 18, 2011

ဆီးရီးယား အတိုက်အခံကို အမေရိကန်ထောက်ပံ့မှု၊ ၀ီကီလိခ်ဖေါ်ထုတ်ချက် ၀ါရှင်တန်ပို့စ်ဖေါ်ပြ

 
ဆီးရီးယားနိုင်ငံမှာ လက်ရှိအစိုးရကို တော်လှန်နေတဲ့ အတိုက်အခံအင်အားစု တွေရဲ့ သတင်းမီဒီယာ လုပ်ငန်း တွေမှာ အသုံးပြုဘို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက တိတ်တဆိတ်ငွေကြေး ထောက်ပံမှုများ ပြုလုပ်နေကြောင်း ၀ီကီလိခ် ခေါ်လျှို့ဝှက်ကြေးနန်းများ ဖေါ်ထုတ်နေ တဲ့ သတင်းဝက်ဆိုဒ်မှာ ဖေါ်ပြထားကြောင်း ယမန်နေ့ထုတ် ၀ါရှင်တန်ပို့ သတင်းစာ ကြီးမှာ ဖေါ်ပြလိုက်ပါတယ်။ 

ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ်အာဆတ်ကိုဆန့်ကျင်နေသူ အတိုက်အခံတွေကို အစိုးရဆန့်ကျင်ရေး ဂြိုလ်တု ရုပ်သံထုတ်လွှင့် မှုတွေအပါအ၀င် မီဒီယာလုပ်ငန်းတွေမှာသုံးဘို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ ၁၂ သန်းလောက်အထိ ထောက်ပံ့နေတယ်လို့ ၀ီကီလိခ် လျှို့ဝှက် သံတမန် ကြေးနန်းတခုမှာ ဖေါ်ပြထားတယ်လို့ အဆိုပါသတင်းစာကြီးက ဆိုပါတယ်။

 ဒမစကတ် ကလာသော အခြားသတင်းတစ်ခုတွင် အမေရိကန် ထိန်းချုပ်ထားသည့် အီရတ်ဘက်မှ လာသော ထရပ်ကား တစ်စီးပေါ်မှာ အစိုးရဆန့်ကျင်သူများထံ ထောက်ပံ့ရန် လက်နက်အမြောက်အများကို ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ များက ဖမ်းဆီးလိုက်ပါတယ် ၊ ဖမ်းဆီးရမိတဲ့လက်နက်တွေထဲမှာ ဒုံးများ ၊ ရော့ကက်လောင်ချာများ ၊ ပြောင်းရှည်သေနတ်များ ညတိုက်ပွဲအထောက်အကူပြုလက်နက်များ အပါဝင် အကြီးစား ၊ အလတ်စား နှင့် အပေါ့စားလက်နက်များကို သိမ်းဆီးရမိတယ်လို့ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက ဆိုပါတယ် ။

အမေရိကန်အစိုးရဟာ အာဖရိက တစ်လွှားမှာ ၄င်းတို့လိုလားသူများအာဏာရရှိရေး ကြိုးပမ်းမှုများမှာ နောက်ကွယ်က တစ်မျိုး ၊ ကုလသမဂ္ဂ ခွင့်ပြုချက်များဖြင့် ရှေ့တင်တစ်မျိုးထောက်ပံ့မှု များရှိနေလို့ ရုရှား ၊ တရုတ်ကဲ့သို့သော နိုင်ငံကြီးများက ကမ္ဘာ့အရေးများမှာ အမေရိကန်နှင့် ကုလသမဂ္ဂ တို့ ၏ ခေါင်းဆောင်မှုအပေါ် အယုံအကြည်မရှိ ဖြစ်ကာ ဝေဖန်မှုများထွက်ပေါ်နေချိန်တွင် ခုလိုသတင်းမျိုး ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ် ။
Voice Of Myanmar