xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အာဖရိကယူနီယံ၏ ငြိမ်းချမ်းရေးအဆိုပြုချက် လစ်ဗျားသူပုန် သဘောမတူ

Tuesday, April 12, 2011

အာဖရိကယူနီယံ၏ ငြိမ်းချမ်းရေးအဆိုပြုချက် လစ်ဗျားသူပုန် သဘောမတူ

 သူပုန်ခေါင်းဆောင် မတ်စ်တာဖာ အဗဒူ ဂျာလီ(အလယ်)

တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇီးမား ( Mr.Jacob Zuma ) နှင့် အခြား ထိပ်တန်းခေါင်းဆောင် ၃ဦး ပါဝင်သော အာဖရိကယူနီယံ ခေါင်းဆောင်များသည် လစ်ဗျားသူပုန်များနှင့် ဆွေးနွေးရန် အတွက် လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့သို့ရောက်ရှိနေပြီး ၄င်းတို့၏ ငြိမ်းချမ်းရေးအဆိုပြုချက်များကို သူပုန်အဖွဲ့က လက်မခံ ပယ်ချလိုက်ကြောင်း သတင်းရရှိပါတယ် ။
သူပုန်ခေါင်းဆောင်လဲဖြစ် လစ်ဗျားအစိုးရရဲ့ တရားရေးဝန်ကြီးဟောင်း လဲဖြစ်သူ မတ်စ်တာဖာ အဗဒူ ဂျာလီ (Mustafa Abdel Jalil) က မနေ့က ဘန်ဂါဇီမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာ များကို ခုလိုပြောကြားလိုက်တာဖြစ်ပါတယ် ။"အာဖရိက ယူနီယံရဲ့ အဆိုပြုချက်ဟာ နိုင်ငံရေးပြန်လည်တည်ဆောက် ဘို့သက်သက်သာဖြစ်ပြီး ကဒါဖီ အာဏာစွန့်လွှတ်ရေး မပါတဲ့အတွက် ကျွန်တော်တို့ သဘောမတူနိုင်ပါဘူး နောက်ပြီး AU ရဲ့ အဆိုပြုချက်ဟာ လစ်ဗျားပြည်သူတွေရဲ့ဆန္ဒ ကိုထင်ဟတ်စေတဲ့ အဆိုပြုချက်လည်း မဟုတ်ပါဘူး  " လို့ ပြောကြားသွားပါတယ်။
အာဖရိက ယူနီယံရဲ့ ဒီအဆိုပြုချက်ကို လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီးကဒါဖီ အစိုးရက လက်ခံထား ပြီး သူပုန်တွေရဲ့ ခုလို ကဒါဖီ အာဏာစွန့်လွှတ်ရေး  သူတို့အာဏာရရှိရေး ပြောဆိုမှုတွေဟာ ဘယ်လိုမှ လက်ခံနိုင် စရာမရှိတာတွေဖြစ်တယ်လို့ ဗိုလ်မှုးကြီး ကဒါဖီရဲ့ သားဖြစ်သူက ဒီကနေ့မှာ တုန့်ပြန်ပြောဆိုခဲ့ပါတယ် ။ 
Voice Of Myanmar 
BENGHAZI, Libya, April 11 (Xinhua)
အာဖရိကယူနီယံရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်၏ အဓိကအချက်များကို ပြန်လည်ဖတ်ရှုလိုပါလျှင်