xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်း - ကမ္ဘောဒီးယား ထပ်မံပစ်ခတ်ကြပြန်

Saturday, April 23, 2011

ထိုင်း - ကမ္ဘောဒီးယား ထပ်မံပစ်ခတ်ကြပြန်

နယ်စပ်တွင်စစ်ရေးပြင်ဆင်နေကြသော ကမ္ဘောဒီးယားစစ်သည်အချို့ကိုတွေ့ရစဉ်


ထိုင်း - ကမ္ဘောဒီးယား နယ်စပ်တွင် ဘုရားကျောင်း ပိုင်ဆိုင်မှု အငြင်းပွား ရာမှ နှစ်ဘက်အကျအဆုံး များရှိသည်အထိ သောကြာနေ့က တိုက်ပွဲများဖြစ်ခဲ့ပြီး ဒီကနေ့ (စနေနေ့) မနက်ပိုင်းမှာလည်း နှစ်နိုင်ငံတပ်ဖွဲ့ များအကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ကြောင်း သတင်းရရှိပါတယ် ။ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး ။

ဒီလိုဖြစ်ပွားမှုတွေကြောင့် ကမ္ဘောဒီးယား နိုင်ငံ အခင်း ဖြစ်ပွားရာဒေသမှ အိမ်ထောင်စု ၁၄၂၀ မှ လူဦးရေ ၅၀၀၀ ခန့်ဟာ မိမိတို့အိုးအိမ်များကို စွန့်လွှတ်ကာ ကီလိုမီတာ ၃၀ ကျော်လောက်ဝေးတဲ့ Nhim Vanda ဒေသကို ပြောင်းရွှေ့နေထိုင် နေကြကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။



သောကြာ ၊ စနေ နှစ်ရက်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အတွင်းမှာ ကမ္ဘောဒီးယားဘက်က စစ်သား ၃ ယောက် ကျဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့ပြီး  ထိုင်းဘက်မှာလည်း စစ်သည် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ နှစ်ဘက်တာဝန်ရှိသူ အကြီးအကဲတွေက ပြော ကြားကြောင်းသိရပါတယ်။

(ဆင်ဟွာ)
   Voice Of Myanmar