xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သင်အစိုးရဆိုလျင်ဘာလုပ်မလဲ ( ၅ )

Friday, April 1, 2011

သင်အစိုးရဆိုလျင်ဘာလုပ်မလဲ ( ၅ )

စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသကဲ့သို့ ဇာတိပြနေသောစကားများကို စုစည်းဖေါ်ပြလိုက်ပါသည် ။ မြန်မာအစိုးရသစ် တစ်ရပ်ဖြစ်ပေါ်လာချိန်တွင် မြန်မာပြည်အရေးအထူး စိတ်ဝင်စားပါသည် ၊ ဒီမိုကရေစီကို လိုလားပါသည်၊ လူ့အခွင့်အရေးကို လေးစားပါသည်ဟု အသံအကျယ်ဆုံး အော်ဟစ် ကာ မင်းသားခေါင်းဆောင်းနေသူများ၏ အသံများဖြစ်ပါသည်။

ကုလသမဂ္ဂ
မြန်မာအစိုးရသစ်ဟာ အရပ်သားစစ်စစ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည် အာဏာကို ယူခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ဟာ တစခန်းရပ်သွားပြီဆိုတာ သက်သေပြရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို မတ်လ ၃၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) 
 
“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြုဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ပထမအဆင့်အဖြစ် အဲဒီ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စလုပ်ဖို့ တိုက်တွန်းပါတယ်။”
 
ဗြိတိန် 
ဝီလျံ ဟိတ်

မြန်မာအစိုးရသစ်ကို အသိအမှတ်မပြုပဲ ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့ လိုအပ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျမ်ဟိတ်က မတ်လ ၃၁ မနေ့က ပြောကြားလိုက်ပါတယ်။

ဂျာမဏီ

(Angela Merkel) 
ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အခြား နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့အတူ တရားဝင် ရပ်တည်ခွင့် ပြုဖို့နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။(ဒီနေရာမှာ ထူးခြားတာက ဂျာမဏီဝန်ကြီးချုပ်ဟာ ဒီသဘောထားမထုတ်ပြန်ခင် ဒေါ်စုကြည်ကို အရင်ဖုန်းဆက် သွယ်ခဲ့တယ် ဆိုတာပါပဲ ဒီလိုနေ့ညနေ ဖုန်းဆက် နောက်နေ့မနက် ကြေငြာချက် ထုတ်ခဲ့တာပါ)

ဥရောပသမဂ္ဂ
သိသာထင်ရှားတဲ့အပြောင်းအလဲတွေဖြစ်လာမလား ဆိုတာစောင့်ကြည့်ရမယ် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေမမြင်ရမချင်း ပိတ်ဆို့မှုတွေကိုဆက်ထားရမယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
“အစိုးရသစ် ပြောင်းလဲတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အမြင်ကတော့ အနှစ်ချုပ်ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကနေ ဆင်းသက်လာတာ။ ရွေးကောက်ပွဲကျတဲ့ အခါကျတော့လည်း ကမ္ဘာကြီးက all inclusive ဖြစ်အောင် လုပ်ပါဆိုတဲ့ ကြားထဲကနေပြီးတော့ တဖက်သတ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အဲဒီ ရွေးကောက်ပွဲက ဖြစ်ပေါ်လာတဲ့ လွှတ်တော်၊ အဲဒီ လွှတ်တော်ကနေ အခု ဖွဲ့လိုက်တဲ့ အစိုးရ။ သို့သော်လည်းပဲ သမ္မတ၊ ဒုတိယ သမ္မတ၊ လွှတ်တော် ဆိုတာတွေ ရှိလာတယ်။ ဒါကတော့ အရင်နဲ့ စာရင်ပေါ့ဗျာ၊ မတူတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတာ ကျွန်တော်တို့ ပကတိအတိုင်း မြင်ပါတယ်။ သို့သော် အဲဒီ ပြောင်းလဲလာတဲ့ဟာက တကဲ့ ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူးဆိုတာလည်း ကျွန်တော်တို့ အဲလိုပဲ ပြောရပါမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဘို့ ၊ တွေ့ဆုံဆွေးနွေးရေး..ဒါတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ ”
 
Burma Campaign UK 
လက်ရှိအစိုးရသစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်သလို တိုင်းပြည်ရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အနှစ်ချုပ် စာတမ်းတစောင် မတ်လ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမို့
ခုဦးသိန်းစိန် ဆိုတော့လဲ ဦးသိန်းစိန် ကြီးဖြစ်နေလို့
စစ်ယူနီဖေါင်းတွေနဲ့ အုပ်ချုပ်နေတော့လဲ စစ်ယူနီဖေါင်းတွေမို့လို့ 
အရပ်ဝတ်နဲ့ ဆိုတော့လည်း စစ်သားလူထွက်တွေပါနေလို့
စစ်အုပ်ချုပ်ရေးတုန်းကလည်း စစ်အုပ်ချုပ်ရေးမို့လို့
ခုအခြေခံ ဥပဒေနဲ့ဆိုတော့လဲ စစ်တပ်က ဦးဆောင်ဆွဲထားတာမို့လို့
အမိန့်နဲ့ အုပ်ချုပ်နေတုန်းက အမိန့်နဲ့မို့
ခုလွှတ်တော်နဲ့ဆိုတော့လဲ လက်ညိုးထောင် ခေါင်းညိမ့်တွေမို့
အာဏာမလွှဲတော့မလွှဲလို့ ၊ လွှဲတော့လည်း သူတို့ကို သူတို့လိုလားသူကိုမလွှဲလို့

သူတို့အလိုက ပြည့်ကို မပြည့်နိုင်ဘူး ဖြစ်နေတယ် လူ့အလို နတ်မလိုက်နိုင် ဆိုတာလို တစ်ခါလာလည်း ဒီနိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်၊ တွေ့ဆုံဆွေးနွေးရေး နောက်တခါလာလည်း  ဒီနိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်လွှတ်ပေး၊ တွေ့ဆုံဆွေးနွေးရေး ဒါတွေဘဲ အပ်ကြောင်းထပ်နေတယ် အမေရိကန်အစိုးရကတော့ သူ့ကိုဆန့်ကျင်တဲ့ တာလီဘန်တွေကို သူ့နိုင်ငံထဲမှာတောင် မဟုတ်ဘူး သူများတိုင်းပြည်ထဲအထိ လိုက်ဗုံးကြဲနေတယ် ချေမှုန်းနေတယ် တာလီဘန်နဲ့ တွေ့ဆုံဆွေးနွေးရေးတို့ ဖမ်းမိတဲ့တာလီဘန်တွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုပြီး  လွှတ်ပေးတာတို့ တစ်ခါမှ မကြားမိဘူး 
.ကဲ....သင်အစိုးရဆိုလျင်လာလုပ်မလဲ၊???????????